ကမ္ဘာ့စာပို့လုပ်ငန်းသမဂ္ဂ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၁၆ -
}}
 
ကမ္ဘာ့စာပို့လုပ်ငန်းသမဂ္ဂ (ယူပီယူ)။(UPU-Universal Postal Union) ခေါ် ကမ္ဘာ့စာတိုက်သမဂ္ဂ
 
စာပို့လုပ်ငန်းသည် ကမ္ဘာတဝန်းရှိ လူသားတိုင်းနှင့် သက်ဆိုင်သော လုပ်ငန်းဖြစ်ပြီး၊ နိုင်ငံတကာ ဆက်သွယ်ရေး ကိစ္စများတွင် စာပို့လုပ်ငန်းသည် မရှိ မဖြစ်သော အရာ ဖြစ်သည်။ စာပို့လုပ်ငန်း၏ သမိုင်းကြောင်းသည် အလွန် ရှည်ပြီး၊ ရောမလူမျိုးများသည် အင်ပိုင်ယာအတွင်းရှိ စာမျးကို လက်ဆင့်ကမ်း ပေးပို့ရန် စခန်းများ၊ ဖွင့်လှစ်ထားခဲ့ကြသည်။ အလယ်ခေတ်တွင် ခရစ်ယာန် ဘာသာရေးဂိုဏ်းသည် ဘုန်းကြီးကျောင်းများမှ တဆင့် လက်ဆင့်ကမ်း စာပို့စနစ်ကို အသုံးပြုရာ ထိရောက်ခဲ့သည်။ မင်းညီမင်းသားများနှင့် ဓနဥစ္စာကြွယ်ဝသော ကုန်သည်ကြီးများသည် ကိုယ်ပိုင် ခြေမြန်တော်များ ထားရှိ စာပေးပို့သည်။
 
လူနည်းစုအတွက် တသီးတသန့် တည်ရှိခဲ့သော စာပို့ လုပ်ငန်းသည် ၁၆ ရာစုတွင် အများပြည်သူတို့နှင့် ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့သော လုပ်ငန်း ဖြစ်လာသည်။ အင်္ဂလိန်သည် ၁၆၃၅ တွင် ပထမဆုံး စာပို့တိုက် အက်ဥပဒေကို ထုတ်ပြန်ကာ၊ ပြည်သူများကို စာတိုက်လုပ်ငန်း ဆောင်ရွက်ရန် ခွင့်ပြုသည်။
 
== စာပို့တံဆိပ်ခေါင်း ==
ခရစ်သက္ကရာဇ် ၁၈၀၀ ပြည့်နှစ်နောက်ပိုင်းတွင် နိုင်ငံတိုင်းလိုလို၌ပင် ပြည်တွင်းစာပို့ ဌာနများ ရှိလာသည်။ စာပို့ခကို စာလက္ခံသူက ပေးရပြီး ခရီးအနီးအဝေးအလိုက် စာပို့ခ ကွဲပြားခြားနားသည်။ ထိုစဉ်က စာပို့ခ အလွန် ကြီးမြင့်ရာ လူအချို့သည် မိမိထံ ရောက်လာသော စာကို ရွေးယူရန် ငြင်းပယ်ကြသည်။
 
စာပို့သူက ငွေပေးရသည့် စနစ် (ဝါ) တံဆိပ်ခေါင်းကပ်၍ ထည့်ရသည့် စနစ်ကို ၁၈၄၀ ပြည့်နှစ်၌ အင်္ဂလိပ်လူမျိုး ရိုလန် ဟီး (Rowland Hill)ဆိုသူက တီထွင်၍ ပထမဆုံးသော စာပို့ တံဆိပ်ခေါင်းမှာ အနက်ရောင် ဖြစ်ပြီး၊ တပဲနိ တန်သည်။ ထို့သို့ဖြင့် ပြည်တွင်း စာပို့လုပ်ငန်း၌ တူညီသော စာပို့ခ နှုန်းထားများ သတ်မှတ်နိုင်သည်။ စာပို့ တံဆိပ်ခေါင်းများကို ၁၈၄၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ လည်းကောင်း၊ ၁၈၄၉ တွင် ပြင်သစ်၊ ဘယ်လ်ဂျီယံနှင့် ဘာဗေးရီးယား နိုင်ငံတို့၌ လည်းကောင်း၊ ၁၈၅၀ ပြည့်နှစ်တွင် စပိန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့၌ လည်းကောင်း ဆက်လက်ထုတ်ဝေသည်။
 
== နှုန်းထားကွဲပြားမှု ==
 
== နှစ်နိုင်ငံစာပို့လုပ်ငန်း ==
 
== ပါရီညီလာခံ ==
 
== ဘန်းစာချုပ် ==
 
== ရည်မှန်းချက် ==
 
== အဖွဲ့ဝင်နိုင်ငံများ ==
 
== ပင်မအဖွဲ့အစည်းများ ==
 
== ကျွမ်းကျင်မှုအကူအညီများ ==
 
== ရန်ပုံငွေထည့်ဝင်ခြင်း ==
 
== နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း ==
 
== ဆောင်ရွက်ချက် ==
 
== ကိုးကား ==
 
{{Commonscat|Universal Postal Union}}