အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှု: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး cleanup
စာကြောင်း ၂၈ -
ကင်မင်ချူးက မြောက်ကိုရီးယား နှင့် ဆက်နွယ်နေမှုကို ဝန်ခံခဲ့ပြီး အစိုးရသက်သေ အဖြစ် ထွက်ဆိုခဲ့သဖြင့် သေဒဏ်မှ လွတ်ကင်းခွင့် ရခဲ့ပြီး ထောင်တစ်သက် ချမှတ်ခြင်း ခံခဲ့ရသည်။ ဇင်ဘိုမှာ ကြိုးပေး အသတ်ခံခဲ့ရသည်။ မြောက်ကိုရီးယားက ကင်မင်ချူးသည် သူတို့နှင့် ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။ ကင်မင်ချူးအား အင်းစိန်ထောင်တွင် အကျဉ်းချထားခဲ့သည်။
 
ကင်မင်ချူးသည် မြန်မာနိုင်ငံတွင် သက်တမ်း အရှည်ဆုံး ထောင်ဒဏ် ကျခံနေရသော အကျဉ်းသား တစ်ဦးဖြစ်သည်။ ထောင်တွင်းရှိ အခြား အကျဉ်းသားများ၏ အဆိုအရ သူသည် မြန်မာစကားကို ကျွမ်းကျင်စွာ ပြောဆိုတတ်သည်ဟု သိရသည်။ မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားတို့ သံတမန် အဆက်အသွယ် ပြန်လည် ဖွင့်လှစ်ခဲ့ခြင်းကြောင့် ကင်မင်ချူး၏ ကံကြမ္မာကို မည်သူတစ်ဦး တစ်ယောက်မှ မပြောဆိုနိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် မြောက်ကိုရီးယားမှ သူသည် မြောက်ကိုရီးယားနိုင်ငံသား တစ်ဦးဖြစ်ကြောင်း ငြင်းဆိုထားသဖြင့် သူ့အား နိုင်ငံမရှိသူဟု သတ်မှတ်ရမည် ဖြစ်သည်။ ကင်မင်ချူးသည် မြောက်ကိုရီးယားသို့ မပြန်လိုပေ။ အကြောင်းမှာ သူ့အား သစ္စာဖောက် အဖြစ် သတ်မှတ်ထားသောကြောင့် ဖြစ်သည်။ တောင်ကိုရီးယား အနေနှင့် လုပ်ကြံသတ်ဖြတ်မှု အတွက် သူ့အား တရားစွဲမည် ဖြစ်သောကြောင့် သူ့အနေနှင့် တောင်ကိုရီးယားသို့လည်း မသွားလိုပေ။ ၂၀၀၆ ခုနှစ်တွင် တောင်ကိုရီးယား ဂရင်း နေရှင်နယ် ပါတီမှ ယခင် ထောက်လှမ်းရေး ဝန်ထမ်းဟောင်း တစ်ဦးဖြစ်သော ချန်ဟွမ်ကွမ်း (Chung Hyung-Keun) က ကင်မင်ချူးအား တောင်ကိုရီးယားသို့ ပြန်လည်ခေါ်ဆောင် နိုင်ရေး အတွက် ဥပဒေကြမ်း တစ်စောင် တင်သွင်းခဲ့သည်။ ကင်မင်ချူးသည် ပြစ်ဒဏ်လျှော့ပေါ့ခံရပြီး ၂၀၀၆ တွင် တောင်ကိုရီးယားနိုင်ငံသို့ ခိုလှုံခွင့်ရခဲ့ကာ{{cn}} ၂၀၀၈ ခုနှစ် မေလ ၁၈ ရက်တွင် အသည်းကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။
 
===သံအဆက်ဖြတ်===
စာကြောင်း ၃၇ -
အာဇာနည်ဗိမာန် ဗုံးပေါက်ကွဲမှုသည် မြန်မာ့သမိုင်းကို အပြောင်းအလဲအချို့ဖြစ်စေခဲ့သည်။ လက်ရှိ မြင်နေရသော အမိုးမပါသည့် အာဇာနည်ဗိမာန်ဒီဇိုင်းသည် ဇင်ဘိုတို့ အမိုးထဲ ဗုံးထည့်ခဲ့၍ဖြစ်သည်။ ဗိသုကာပညာရှင်များ၏ အတွေးအခေါ်ကို ဗုံးပေါက်ကွဲမှု၏ ခြောက်လှန့်မှုကြောင့် အာဏာပိုင်များက အပြည့်အဝမဖော်ဆောင်ခဲ့ပေ။ အဆိုပါဖြစ်ရပ်ကြောင့် တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးအောင်ကိုးနေရာကို ဦးခင်ညွန့်နှင့် အစားထိုးခံရသည်။
<ref>7 day news, 20.july.2016</ref>
 
 
==ကိုးကား==