အမေရိကန်ပြည်ထောင်စု: တည်းဖြတ်မှု မူကွဲများ

Replacing Declaration_independence.jpg with File:Declaration_of_Independence_(1819),_by_John_Trumbull.jpg (by CommonsDelinker because: File renamed:).
အရေးမကြီးNo edit summary
စာကြောင်း ၁ -
{{Infobox နိုင်ငံcountry
| နိုင်ငံအမည်အပြည့် = အမေရိကန်ပြည်ထောင်စု
| အမည်_ရင်း = United States of America
စာကြောင်း ၄၀ -
| GDP_PPP_per_capita = $၄၈,၃၈၆
| GDP_PPP_per_capita_အဆင့် = ၈
| HDI = ၀.၉၁၀ (အလွန်မြင့်)
| HDI_အဆင့် = ၄
| ဗဟိုဘဏ် = [[ဖယ်ဒရယ်အရန်ဗဟိုစနစ်]]
စာကြောင်း ၁၁၈ -
 
[[File:MayflowerHarbor.jpg|thumb|right| မေဖလားဝါး သင်္ဘောသည် ဘုရားဖူးတို့အား နယူးဝေါလ်သို့ ၁၆၂၀ခုနှစ်တွင် ပို့ဆောင်ပေးခဲ့သည်ကို ဝီလီယမ် ဟာဆယ်လ်က ၁၈၈၂ ခုနှစ်တွင် "ပလိုင်းမောက် ဆိပ်ကမ်းရှိ မေဖလားဝါး ဟူသော အမည်ဖြင့် ရေးဆွဲထားသော ပန်းချီကား]]
၁၄၉၂ တွင် စပိန် ဘုရင်၏ လက်အောက်ခံ ဂျီနိုအာမြို့သား စူးစမ်းရှာဖွေသူ ခရစ်စတိုဖာ ကိုလံဘတ် သည် ကာရစ်ဘီယံ ကျွန်းအချို့သို့ ရောက်ရှိခဲ့ပြီး နဂိုမူလ နေထိုင်သူတို့နှင့် ပထမဆုံး အဆက်အဆံ ပြုခဲ့သည်။ ၁၅၁၃ ဧပြီလ ၂ ရက်တွင် အောင်နိုင်သူ ဂျွန် ပေါင့်စ် ဒီ လီယွန် (Juan Ponce de León) လာဖလော်ရီဒါ ဟု သူ အမည်ပေးခဲ့သော နေရာသို့ ရောက်ရှိခဲ့ခြင်းသည် အမေရိကန် ကုန်းမကြီးပေါ်သို့ ဥရောပသားတို့ ပထမဆုံး ရောက်ရှိခြင်း အဖြစ် မှတ်တမ်းတင်ထားသည်။ ထို့နောက် စပိန်လူမျိုးတို့ သည် အမေရိကန်နိုင်ငံ အနောက်တောင်ပိုင်းဒေသတွင် အခြေချ နေထိုင်ခဲ့ကြပြီး ထောင်ပေါင်များစွာတို့မှာ မက္ကဆီကိုမှ တဆင့် ပြောင်းရွှေ့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ ပြင်သစ် သားမွေးကုန်သည်တို့သည် ကန်ကြီးများ၏ အနီးတွင် နယူးဖရန့် နယ်မြေ အဖြစ် သတ်မှတ်ကြသည်။ နောက်ပိုင်းတွင် ပြင်သစ်တို့သည် မက္ကဆီကို ပင်လယ်ကွေ့ အထိတိုင်အောင် အမေရိကန်မြောက်ပိုင်း၏ အတွင်းပိုင်း ဒေသ အတော်များများကို သူတို့ပိုင် နယ်မြေအဖြစ် သတ်မှတ်ခဲ့ကြသည်။ အင်္ဂလိပ်တို့၏ ပထမဦးဆုံး အောင်မြင်စွာ အခြေချ နေထိုင်ချင်းမှာ ၁၆၀၇ ခုနှစ် ဂျိမ်းစ်တောင်းတွင် ဗာဂျီးနီးယား ကိုလိုနီ ထူထောင်ခြင်းနှင့် ၁၆၂၀ ခုနှစ်တွင် ဘုရားဖူးတို့၏ ပလိုင်းမောက် ကိုလိုနီ (Pilgrims' Plymouth Colony) ကို ထူထောင်ခြင်းတို့ပင် ဖြစ်သည်။ ၁၆၂၈ ခုနှစ်တွင် မက်ဆာချူးဆက် ပင်လယ်အော် ကိုလိုနီကို အငှားချခဲ့ခြင်းကြောင့် ရွှေ့ပြောင်းနေထိုင်သူ အများအပြား ရောက်ရှိခဲ့သည်။ ၁၆၃၄ ခုနှစ်တွင် နယူးအင်္ဂလန်တွင် ပြူရီတန် ၁၀,၀၀၀ ကျော်တို့ အခြေချ နေထိုင်ခဲ့ကြသည်။ ၁၆၁၀ခုနှစ်များ နှောင်းပိုင်းနှင့် အမေရိကန်တော်လှန်ရေးတို့ အကြားတွင် ရာဇဝတ်သား ၅၀,၀၀၀ ခန့်ကို ဗြိတိသျှတို့၏ အမေရိကန် ကိုလိုနီနယ်မြေများသို့ သင်္ဘောဖြင့် တင်ပို့ခဲ့ကြသည်။ <ref>{{cite web|workauthor=Butler, James Davie|url=http://www.dinsdoc.com/butler-1.htm|title=British Convicts Shipped to American Colonies|publisher=Smithsonian Institution, National Museum of Natural History|work=American Historical Review 2|month=October|year=1896|accessdate=2007-06-21}}</ref> ၁၆၁၄ခုနှစ် အစတွင် ဒတ်ခ်ျတို့သည် ဟတ်ဒ်ဆန်မြစ်၏ အောက်ပိုင်းတလျှောက်တွင် အခြေချနေထိုင်ခဲ့ကြပြီး နယူးအမ်စတာဒမ် နှင့် မက်ဟက်တန်ကျွန်းတို့လည်း အပါအဝင်ဖြစ်သည်။
 
၁၆၇၄ ခုနှစ်တွင် ဒတ်ခ်ျတို့သည် သူတို့၏ အမေရိကန်နယ်မြေများကို အင်္ဂလန်သို့ လွှဲပြောင်းပေးခဲ့ကြပြီးနောက် နယူးနယ်သာလန် ဒေသကို နယူးယောက်ဟု ပြောင်းလဲအမည်ပေးခဲ့ကြသည်။ အသစ်ရွှေ့ပြောင်းလာကြသူ အထူးသဖြင့် အမေရိကန် တောင်ပိုင်းသို့ ပြောင်းရွှေ့လာသူ အတော်များများမှာ အတွေ့အကြုံမရှိသေးသော ငယ်ရွယ်သည့် အလုပ်သမားများဖြစ်ကြပြီး သူတို့သည် ၁၆၃၀ မှ ၁၆၈၀ အတွင်း ဗာဂျီးနီးယားပြည်နယ်သို့ ရွှေ့ပြောင်းလာသူများ၏ ၃ ပုံ ၂ ပုံမျှ ဖြစ်သည်။ <ref>Russell, David Lee (2005). ''The American Revolution in the Southern Colonies''. Jefferson, N.C., and London: McFarland, p. 12. ISBN 0-7864-0783-2.</ref> ၁၈ ရာစု အတွင်းသို့ ရောက်သောအခါတွင် အာဖရိကမှ ရောက်ရှိလာသော ကျွန်များမှာ အလုပ်ကြမ်းများအတွက် အဓိက အရင်းအမြစ် ဖြစ်လာကြသည်။ ၁၇၂၉ ခုနှစ် ကာရိုလိုင်းနား နှစ်ပိုင်းကွဲခြင်းနှင့် ၁၇၃၂ ခုနှစ် ဂျော်ဂျီယာ ပြည်နယ်ကို ကိုလိုနီအဖြစ် ပြုလုပ်ခြင်းတို့ကြောင့် အမေရိကန် ပြည်ထောင်စု ဖြစ်လာမည့် ဗြိတိသျှ၏ ကိုလိုနီ ၁၃ ခုကို ထူထောင်ခဲ့ပြီး ဖြစ်သည်။ ပြည်နယ်တိုင်းတွင် ဒေသဆိုင်ရာ အစိုးရ ရှိပြီး ရွေးကောက်ပွဲတွင် မည်သူမဆို ပါဝင်ယှဉ်ပြိုင် မဲပေးနိုင်ကြသည်။ ရှေးခေတ်က အင်္ဂလိပ်လူမျိုးတို့၏ ရပိုင်ခွင့် အခွင့်အရေး စသည့် လမ်းစဉ်တို့ကို လိုက်နာမှု တိုးပွား လာကြခြင်း နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး နှင့် ပတ်သက်သည့် စိတ်ဓာတ်များကြောင့် ရီပတ်ဘလစ်ကင် သဘောတရားကို ထောက်ခံလာကြခြင်းတို့ပင် ဖြစ်သည်။ ပြည်နယ်တိုင်းတွင် အာဖရိက ကျွန်များ ရောင်းဝယ်ဖောက်ကားမှု ကို တရားဝင်ဖြစ်အောင် ပြုခဲ့ကြသည်။ မွေးဖွားနှုန်း များပြားလာခြင်း၊ သေဆုံးမှုနှုန်း နည်းပါးလာခြင်းနှင့် ပြောင်းရွှေ့ဝင်ရောက်သူတို့ ပုံမှန် ရှိနေခြင်းတို့ကြောင့် ကိုလိုနီများရှိ လူဦးရေမှာ အလျင်အမြန်ပင် တိုးပွားလာခဲ့သည်။ ခရစ်ယာန် ရီဗိုက်တယ်လစ်ဇ် တို့၏ ၁၇၃၀ ခုနှစ်များ နှင့် ၁၇၄၀ ခုနှစ်များ အကြား လှုပ်ရှားမှု တို့နှင့် ပထမဆုံး မဟာ နိုးကြားမှု (Great Awakening) အပြီးတွင် ဘာသာရေးနှင့် ဘာသာရေး လွတ်လပ်မှု တို့ကို စိတ်ဝင်စားမှု တိုးပွားလာခဲ့ကြသည်။ ပြင်သစ် နှင့် အင်ဒီးယန်း တို့၏ စစ်ပွဲအပြီးတွင် ဗြိတိသျှတပ်တို့သည် ကနေဒါကို ပြင်သစ်တို့ထံမှ သိမ်းယူခဲ့သော်လည်း ဖရန်ကိုဖုန်း လူမျိုးတို့သည် တောင်ဘက် ကိုလိုနီများနှင့် မတူပဲ နိုင်ငံရေးအရ တသီးတခြား ဖြစ်နေခဲ့ကြသည်။ ပြောင်းရွှေ့ခံရသော နဂိုမူလ အမေရိကန်များ (အများသိကြသည်မှာ "အမေရိကန် အင်ဒီးယန်းများ") မပါဘဲ ကိုလိုနီ ၁၃ ခုတို့၏ လူဦးရေမှာ ၁၇၇၀တွင် ၂.၆ သန်းအထိ ရှိလာခဲ့သည်။ ထိုလူဦးရေထဲမှာ ၃ ပုံ ၁ပုံမှာ ဗြိတိန်မှ ဖြစ်ပြီး အမေရိကန် ငါးယောက်လျှင် တစ်ယောက်မှာ လူမည်းကျွန်များ ဖြစ်ကြသည်။<ref>Blackburn, Robin (1998). ''The Making of New World Slavery: From the Baroque to the Modern, 1492–1800''. London and New York: Verso, p. 460. ISBN 1-85984-195-3.</ref> ဗြိတိသျှ တို့၏ အခွန်ကောက်ခံမှုမှ ကင်းလွတ်ခွင့် ရသော်လည်း အမေရိကန် ကိုလိုနီတို့သည် ဂရိတ်ဗြိတိန်၏ ပါလီမန်တွင် ကိုယ်စားပြုခွင့် မရပေ။