နော်ဝေနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၁ -
{{Infobox နိုင်ငံcountry
| နိုင်ငံအမည်အပြည့် = ကင်းဒမ်းအော့ဖ်နော်ဝေ
| အမည်_ရင်း = ''Kongeriket Norge''<br />''Kongeriket Noreg''
စာကြောင်း ၅၅ -
}}
 
'''နော်ဝေနိုင်ငံ''' (တရားဝင် အခေါ် ကင်းဒမ်းအော့ဖ် နော်ဝေ) သည် မြောက်ဥရောပတွင် ရှိသော နော်ဒစ်တိုင်းပြည်တစ်ခုဖြစ်ပြီး စကင်ဒီနေဗီးယား ကျွန်းဆွယ်၏ အနောက်ဘက်ပိုင်း နှင့် ဂျန်မေယန် (Jan Mayen) ဟုခေါ်သော အာတိတ် ကျွန်းစုများထဲမှ Svalbard နှင့် Bouvet ကျွန်းများ တွင် တည်ရှိသည်။ နော်ဝေနိုင်ငံသည် ဧရိယာ စတုရန်းမိုင်ပေါင်း ၁၄၈, ၇၄၇ မိုင် (စတုရန်းကီလိုမီတာ ၃၈၅ ,၂၅၂ ကီလိုမီတာ ရှိပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလ တစ်ရက် စာရင်း အရ လူဦးရေ ၅ ,၁၀၉ ,၀၅၉ ဦးရှိသည်။ နော်ဝေနိုင်ငံသည် ဥရောပတွင် ဒုတိယမြောက် လူဦးရေ သိပ်သည်းမှု အနည်းဆုံး နိုင်ငံဖြစ်သည်။ အရှေ့ဘက်တွင် ဆွီဒင်နိုင်ငံနှင့် ထိစပ်လျှက်ရှိသော နယ်စပ် အရှည် ၁၀၀၆ မိုင် (၁၆၁၉ ကီလိုမီတာ ရှိပြီး) စကင်ဒီနေးဗီးယား နှင့် ဥရောပအတွင်းတွင် အပြတ်အတောက် မရှိဘဲ ထိစပ်လျှက် ရှိသော အရှည်ဆုံး နယ်စပ်ဖြစ်သည်။ အရှေ့မြောက်ဘက်တွင်[[ဖင်လန်နိုင်ငံ]] ၊[[ရုရှားနိုင်ငံ]]တို့နှင့် ထိစပ်လျှက် ရှိပြီး တောင်ဘက်တွင် Skagerrak ရေလက်ကြား ရှိသည်။ ထိုရေလက်ကြား၏ တစ်ဖက်ခြမ်းတွင် [[ဒိန်းမတ်နိုင်ငံ]] တည်ရှိသည်။
 
နော်ဝေနိုင်ငံ၏ မြို့တော်မှာ [[အော့စလိုမြို့]] ဖြစ်သည်။