ကျစွာ (စစ်ကိုင်း): တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၄၄ -
ကျစွာဘုရင် ထီးနန်းရယူပြီးနောက် နန္ဒပကြံအား ဝန်ကြီးချုပ်နှင့် စစ်သေနာပတိအဖြစ် ပြန်လည်ခန့်အပ်ခဲ့သည်။ ၁၆ နှစ်အရွယ်သာရှိသေးသူ ကျစွာဘုရင်သည် နန္ဒပကြံအား တိုင်းပြည်ကို စီမံခွင့် ပြုပေးခဲ့သည်။ ကျစွာဘုရင်လက်ထက်တွင် တိုင်းပြည်သည် ငြိမ်းချမ်းခဲ့သည်။ [[ဥဇနာ (ပင်းယ)|ပင်းယ ဥဇနာ]]၏ သမီးတော် [[စောပအို]] ကို လက်ထပ်ခြင်းဖြင့် စစ်ကိုင်း၏ မြစ်တစ်ဖက်ကမ်း [[ပင်းယခေတ်|ပင်းယ]]နှင့် ငြိမ်းချမ်းရေး ရယူနိုင်ခဲ့သည်။<ref name=tt-127>သန်းထွန်း၊ ၁၉၅၉၊ စာ ၁၂၇</ref> (၁၃၄၀ နှင့် ၁၃၄၄ ခုနှစ်အကြား [[ငါးစီးရှင် ကျော်စွာ]]မှ ပင်းယဥဇနာအား တိုက်ထုတ်ခဲ့ချိန်အထိ နှစ်ပြည်ထောင် ငြိမ်းချမ်းရေး တည်မြဲခဲ့သည်။) မြောက်ပိုင်းရှိ ရှမ်းပဒေသရာဇ်ပြည်နယ်များသည်လည်း [[ယွမ်မင်းဆက်|မွန်ဂို]]များနှင့် တိုက်ပွဲဝင်နေရသည့်အတွက် ၁၃၅၀ နှောင်းပိုင်းတွင်မှ အလယ်ပိုင်း မြန်မာပြည်ထောင်များကို ဝင်ရောက်လာခဲ့ကြသည်။<ref name=tt-1964-278>သန်းထွန်း၊ ၁၉၆၄၊ စာ ၂၇၈</ref>
 
ကျစွာဘုရင်၏ နန်းသက်သည် ၉ နှစ်ကျော်ကြာခဲ့သည်။ တူးဖော်ရရှိသော ကျောက်စာများသည် ကျစွာဘုရင်လက်ထက် ထူးခြားကြောင်းရာများ ရေးထွင်းထားသည်ကို မတွေ့ရှိရပေ။ မင်းတုန်းနှင့် စစ်ကိုင်းအကြားတွင် ကျစွာဘုရင်နှင့် မိဖုရားနှစ်ပါး မြေနှင့် ဘုန်းကြီးကျောင်းလှူဒါန်းခဲ့ရာ သမန္တဘုရားတွင် ကျောက်စာတစ်ခုကို ၁၃၄၃/၄၄ တွင် ကျစွာဘုရင်မှ ရေးထိုးခဲ့သည်။<ref name=hy-1-391/> ကျောက်စာတွင် မင်းတုန်းတွင် ပုန်းခိုနေရပုံနှင့် ရွှေတောင်တက် လာရောက်တိုက်ခိုက်ပုံများကို ရေးထိုးထားသည်။<ref name=tt-127/> အခြား ခေတ်ပြိုင်ကျောက်စာတစ်ခုတွင် ကျစွာဘုရင်သည် သူ၏ တူတော် [[သတိုးမင်းဖျား|ရာဟုလာ]]မင်းသား (နောင်တွင် သတိုးမင်းဖျားဘုရင်) အား ၁၃၄၇ ခုနှစ် ဇန်နဝါရီ ၂၄ တွင် လက်ဆောင်ပန္နာများ ပေးအပ်ခဲ့ကြောင်း ရေးထိုးထားသည်။<ref name=yt-1-175-9>မဟာရာဇဝင်သစ်၊ အတွဲ ၁၊ ၂၀၁၂၊ စာ ၁၇၅၊ အောက်ခြေမှတ်စု ၉</ref> ကျစွာဘုရင်သည် ၁၃၄၉ ခုနှစ် မတ်လ (ခန့်မှန်း) တွင် ကွယ်လွန်ခဲ့သည်။<ref group=note>ခေတ်ပြိုင်ကျောက်စာများတွင် ကျစွာဘုရင် ကွယ်လွန်ချိန်နှင့် [[နော်ရထာ မင်းရဲ]] နန်းတက်ချိန်အကြား ရက်သတ္တပတ်အနည်းငယ် ကွာဟနေခြင်းကို ညွှန်းပြနေသည်။ ကျောက်စာတစ်ခု (သန်းထွန်း၊ ၁၉၅၉၊ စာ ၁၂၇) တွင် ကျစွာဘုရင်သည် မြန်မာသက္ကရာဇ် ၇၁၀ (၂၉ မတ် ၁၃၄၈ မှ ၂၈ မတ် ၁၃၄၉ ထိ) တွင် ကွယ်လွန်သည်ဟု ဆိုသည်။ နော်ရထာမင်းရဲ ကိုယ်တိုင် စိုက်ထူခဲ့သော ကျောက်စာ (မဟာရာဇဝင်သစ်၊ အတွဲ ၁၊ ၂၀၁၂၊ စာ ၁၇၅၊ အောက်ခြေမှတ်စု ၂) တွင် နော်ရထာမင်းရဲသည် မြန်မာသက္ကရာဇ် ၇၁၁ (၂၉ မတ် ၁၃၄၉ မှ ၂၈ မတ် ၁၃၅၉၁၃၅၀ ထိ) တွင် ထီးနန်းတက်သည်ဟု ဆိုထားသဖြင့် မြန်မာသက္ကရာဇ် ၇၁၁ တန်ဆောင်မုန်းလဆုတ် ၁၃ ရက် (၈ နိုဝင်ဘာ ၁၃၄၉) ထိ သက်ရှိထင်ရှား ရှိနေကြောင်း သိရသည်။ [[စိုးမင်းကိုယ်တော်ကြီး]]၏ ကျောက်စာ (မဟာရာဇဝင်သစ်၊ အတွဲ ၁၊ ၂၀၁၂၊ စာ ၁၇၅−၁၇၆) တွင် ကျစွာဘုရင်ကို ဆက်ခံသူ နော်ရထာ မင်းရဲသည် မြန်မာသက္ကရာဇ် ၇၁၁ တွင် ၇ လကြာ ထီးနန်းရခဲ့ပြီး အာဏာရလာသည်မှာ မြန်မာသက္ကရာဇ် ၇၁၁၊ တန်ခူးလဆုတ် ၁၄ ရက် (၁၇ ဧပြီ ၁၃၄၉) ထက် မစောနိုင်ကြောင်း ညွှန်းပြနေသည်။ သို့သော် (သန်းထွန်း၊ ၁၉၅၉၊ စာ ၁၂၇) တွင် ကိုးကားထားသည့် ကျောက်စာသည် တိကျပြီး ကျစွာဘုရင် ကွယ်လွန်ရက်သည် မြန်မာသက္ကရာဇ် ၇၁၀ ၏ နောက်ဆုံးရက် ၂၈ မတ် ၁၃၄၉ ထက် နောက်မကျပေ။</ref>
 
==မိသားစု==