သတ္တုတွင်းလုပ်ငန်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး suggest to merge
Merged
စာကြောင်း ၁ -
{{copyedit}}
{{merge|သတ္တုတူးဖော်ခြင်း}}
[[Image:Simplified world mining map 2.png|thumb|500px|right| ကမ္ဘာပေါ်ရှိ သတ္တုတွင်း တူးဖော်ရာ နေရာဒေသများကို ပြသသည့် မြေပုံ (အကျယ်ချဲ့ရန် ကလစ်နှိပ်ပါ)]]
[[Image:Chuquicamata-002.jpg|thumb|250px|right| ကမ္ဘာပေါ်ရှိ မျက်နှာပြင် အကျယ်ဆုံးနှင့် ဒုတိယမြောက် အနက်ဆုံး ချီလီနိုင်ငံရှိ ချူကွီကာမတာ ကြေးနီသတ္တုတွင်း]]
စာကြောင်း ၈၂ -
လုပ်ခဲ့သည်ဟုဆိုရပေမည်။ ထိုအခါသတ္တုတွင်းတူးလုပ်ငန်းမှာ အောက်တန်းကျသည်ဟု ထင်မှတ်ကာငွေ ဝယ်ကျွန်များဖြင့်သာ တူးဖော် လုပ်ကိုင်ခဲ့ကြသည်။ ယခုခေတ်တွင်မူကား သတ္တု၏အသုံးဝင်ပုံများပြားလာ သည့်အလျောက် သတ္တုတွင်းလုပ်ငန်းသည်လည်း ကြီးကျယ်လာပြီးလျှင်
စံနစ်တကျဖြစ်လာရလေသည်။ လူတို့သည် မြေထဲမှသတ္တုများကိုအသုံးပြုကြသည်မှာ အစမျှသာရှိသေး၍ နောင်အခါ၌ယခုထက်ပင် တိုးတက် သုံးစွဲလာကြမည်ဟုယုံကြည် ရသည်။ ထိုကြောင့်သတ္တုတွင်းနှင့်စပ်လျဉ်း၍ ကျွမ်းကျင်တတ်မြောက်သူများ နှင့်သတ္တုတွင်းတူးခြင်းဆိုင်ရာ
အင်ဂျင်နီယာအတတ်ပညာကို သင်ကြားတတ်မြောက်ထားသူများ မှာ နောင်အခါ၌ အလွန်ကြီးပွားတိုးတက်ရန် လမ်းရှိပေသည်။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)</ref>
 
မြေအောက်မှာရှိတဲ့ သတ္တုရိုင်းသိုက်ပမာဏကို လက်တွေ့တူးပြီးမှသာ တိတိကျကျသိနိုင်ပါတယ်။ မတူးခင် တိတိကျကျ မသိနိုင်ပါဘူး။ ဒါကြောင့် သတ္တုရိုင်းသိုက်ပမာဏ ခန့်မှန်းတွက်ချက်ခြင်းလို့ပဲ ခေါ်ပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ Ore reserve estimation ပေါ့။
 
ဘာကြောင့်မတူးခင် တိတိကျကျမသိနိုင်သလဲ ဆိုတာ ထင်သာမြင်သာအောင် ဥပမာဆောင်ပြရရင် ဆိုကြပါစို့။ သတ္တုရိုင်းသိုက်တစ်ခုရဲ့အရွယ်က အလျား (Strike length) မီတာ (၃ဝဝ)၊ အထူ (width)၂ မီ တာ၊ သတ္တုကြောအတိုင်း မြေအောက်စိုက်ဆင်းသွားတဲ့အနက် (dip length) က မီတာ ၂ဝဝ ရှိပါတယ်။ ဒီတော့ သတ္တုရိုင်းသိုက်တစ်ခုလုံးရဲ့ထုထည်က (၃ဝဝ x၂x၂ဝဝ=၁၂ဝ,ဝဝဝ) ကုဗမီတာရှိပါတယ်။ ဒီသတ္တုရိုင်းသိုက်ရဲ့တန်ချိန်နဲ့ ပျမ်းမှျသတ္တုပါဝင်နှုန်းသိရဖို့ သတ္တုကြောရဲ့အစောင်းမျက်နှာပြင်ပေါ်မှာ မီတာ ၃ဝ ဂရပ်ကွက်ချပြီး လွန်တွင်းတူးစမ်းသပ်ပါမယ်။ BQ Size လွန်တွင်းပေါင်း ၆ဝ တူးပါမယ်။ လွန်တွင်းက ရလာမဲ့ လွန်အူဆန်တောင့်ရဲ့အချင်းက ၃၆ ဒသမ ၅ မီလီမီတာပဲရှိပါတယ်။ ဒါကြောင့် စုစုပေါင်းရလာမဲ့ သတ္တုကြောကိုဖြတ်မိတဲ့ လွန်အူဆန်နမူနာရဲ့ထုထည်က ဝ ဒသမ ၁၅ ကုဗမီတာပဲရပါမယ်။ သတ္တုရိုင်းသိုက် တစ်ခုလုံးရဲ့ထုထည်နဲ့ယှဉ်ကြည့်ရင် နမူနာရဲ့ပမာဏ အလွန်ကိုနည်းတာတွေ့ရပါမယ်။ ဒါကြောင့် မြေအောက် မှာရှိတဲ့ သတ္တုရိုင်းသိုက်ပမာဏကို လက်တွေ့တူးပြီးမှပဲ တိတိကျကျသိနိုင်တယ်လို့ ပြောတာပါ။ မတူးခင် တိတိကျကျမသိနိုင်ပါဘူး။ ဒါကြောင့် သတ္တုရိုင်းပမာဏ ခန့်မှန်းတွက်ချက်ခြင်းလို့ပဲ ခေါ်ပါတယ်။
 
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း သတ္တုတွင်း စီးပွားရေးလုပ်ငန်းမှာ ဇာတ်လိုက်ဖြစ်တဲ့ သတ္တုရိုင်း သိုက်ပမာဏကိုမတူးခင်မှာ တိတိကျကျ ရာနှုန်းပြည့် မှန်ရမယ်လို့ ဘယ်ပညာရှင်ကမှ အာမ မခံနိုင်ပါဘူး။ တွေ့ရှိထားတဲ့ သတ္တုရိုင်းသိုက်ရဲ့မျက်မြင်ဘူမိဗေဒ အချက်အလက်များ၊ ဘူမိဗေဒယူဆချက်များ၊ မှန်းဆ ချက်များပေါ် အခြေခံပြီး သတ္တုရိုင်းသိုက်ပမာဏကို တွက်ချက်ခန့်မှန်းရတာ ဖြစ်ပါတယ်။
 
==သတ္တုရိုင်းသိုက်ပမာဏယူနစ်များ==
 
သတ္တုရိုင်းသိုက်ရဲ့ပမာဏကိုဖော်ပြရာတွင် အဓိက အားဖြင့် သတ္တုရိုင်းပမာဏနှင် သတ္တုရိုင်းသိုက်တစ်ခု လုံး၏ ပျမ်းမှျသတ္တုပါဝင်နှုန်းကိုဖော်ပြရပါတယ်။ သတ္တုရိုင်းသိုက်အမျိုးအစားပေါ်မူတည်ပြီး ဖော်ပြတဲ့ ယူနစ်ကွဲပြားမှုရှိပါတယ်။ ပင်ရင်းသိုက်လို့ခေါ်တဲ့ (Primary deposit)နဲ့ ပလေစာသိုက် (Placer deposit)အတွက် သတ္တုရိုင်းသိုက်ပမာဏကို ဖော်ပြတဲ့ ယူနစ်ချင်း တစ်နည်းဖော်ပြပုံဖော်ပြနည်းမတူပါဘူး။ ပင်ရင်းသိုက်မှာလည်း ရွှေငွေစတဲ့အဖိုးတန်သတ္တုသိုက် ရဲ့ သတ္တုရိုင်းသိုက်ပမာဏကို ဖော်ပြပုံနှင့် ကြေးနီ၊ ခဲ၊ သွပ်၊ သံ၊ ခနောက်စိမ်း စတဲ့ သတ္တုများ၊ ထုံး ကျောက်၊ ကျောက်မီးသွေး စတဲ့ စက်မှုတွင်းထွက် ကုန်ကြမ်းများရဲ့ သတ္တုရိုင်းသိုက်ပမာဏဖော်ပြပုံချင်း မတူကြပါ။
 
ပလေစာသိုက်အတွက် သတ္တုရိုင်းသိုက်ပမာဏ ကိုဖော်ပြတဲ့အခါ တန်ချိန်အစား ထုထည်ဖြင့်ဖော်ပြပြီး သတ္တုပါဝင်နှုန်းကို တစ်ယူနစ်ကုဗမှာပါဝင်တဲ့ သတ္တုအလေးချိန်ဖြင့်ဖော်ပြပါတယ်။ ဥပမာ ရွှေနှင့် ငွေအတွက် ဂရမ်/ကုဗမီတာ (gram/cubic meter = g/m3)သို့မဟုတ် ထရွိုင်အောင်စ/ကုဗကိုက် (tron ounce/cubi yard = tr.oz/yd3)။
 
၁ ထရွိုင်အောင်စ/ကုဗကိုက် = ၃၁ ဒသမ ၁ဝ၃ ဂရမ်/ဝ ဒသမ ၇၆၅ ကုဗမီတာ = ၄ဝ ဒသမ ၆၈၂ ဂရမ်/ကုဗမီတာ
ပင်ရင်းသိုက်၏ ရွှေ၊ ငွေ စတဲ့ အဖိုးတန်သတ္တု ပါဝင်မှုကိုဖော်ပြရာ၌ အခြားသတ္တုပါဝင်မှုကို ဖော် ပြသလို ရာခိုင်နှုန်းဖြင့်မဖော်ပြဘဲ ဂရမ်/မက်ထရစ် တန် (gram/ton = g/t) သို့မဟုတ် ထရွိုင်အောင်စ/ တန် (troy ounce/ton = tr.oz/t)ဖြင့် ဖော်ပြပါသည်။ ပင်ရင်းသိုက်ရဲ့ ခဲ၊ သွပ်၊ ကြေးနီ၊ နီကယ်၊ ခရိုမိုက် စတဲ့ သတ္တုပါဝင်နှုန်းကိုတော့ ရာခိုင်နှုန်းနဲ့ ဖော်ပြလေ့ရှိပါတယ်။
 
တစ်ခါ တန်ချိန်ပမာဏကိုပြောတဲ့အခါ တန်တို (Short ton) လား၊ တန်ရှည် (Long ton) လား၊ မက် ထရစ်တန် (Matric ton) လားကို ကွဲကွဲပြားပြားဖော်ပြပြောဆိုဖို့လိုပါတယ်။ တန်ချိန်သန်းချီပြီး တွက်တဲ့ ချက်တဲ့အခါ တန်တို၊ တန်ရှည်နဲ့ မက်ထရစ်တန် ခွဲခွဲ ခြားခြားမသိရင် အရှုံးအမြတ်တွက်ရာမှာ မှားသွားနိုင်ပါတယ်။
 
ဥပမာ - တန်ချိန်တစ်သန်းကို စဉ်းစားကြည့်ရ အောင်ပါ။ တန်တို တန်ချိန်တစ်သန်းဆိုရင် ပေါင် သန်း ၂ဝဝဝ ရှိပါတယ်။ တန်ရှည်ဆိုရင် ပေါင် သန်း ၂၂၄ဝ ရှိပါတယ်။ ဒီနှစ်ခုရဲ့ကွာခြားချက်က ပေါင် သန်း ၂၄ဝ ရှိပါတယ်။ မက်ထရစ်တန်
တစ်သန်းဆိုရင် ပေါင် သန်း ၂၂ဝ၄ ဒသမ ၆ ရှိပါတယ်။
 
သတ္တုရိုင်းသိုက်ပမာဏနှင့်ပတ်သက်၍ သိထားသင့်သောအချက်တစ်ချက်ရှိပါတယ်။ အရေးလည်းပါ ပါတယ်။ တချို့သက်ဆိုင်ရာပညာရှင်များပင်လှျင် တစ်ခါတစ်ခါ သတိလက်လွတ်ဖြစ်ပြီး အမှားမှားအယွင်းယွင်း နားလည်မှုလွဲတတ်ပါတယ်။ ဒါက ဘာလဲဆိုတော့ တွေ့ထားတဲ့သတ္တုရိုင်းသိုက်တစ်ခုလုံးပဲဖြစ်ဖြစ်၊ လက်တွေ့တူးယူနိုင်တဲ့ သတ္တုရိုင်းသိုက် အစိတ်အပိုင်းတစ်ခုလုံးပဲဖြစ်ဖြစ်၊ အားလုံးရဲ့ပျမ်းမှျသတ္တုပါဝင်နှုန်း (Average grade) ကို သတ္တုရိုင်းသိုက်ရဲ့ ဘယ်နေရာပဲတူးတူး အဲဒီသတ္တုပါဝင်နှုန်းပဲရှိရမယ် လို့ လွဲမှားစွာ ယူဆနေခြင်းပဲဖြစ်ပါသည်။ ဥပမာ လက်တွေ့တူးယူနိုင်တဲ့ သတ္တုရိုင်းသိုက်ရဲ့ သတ္တုရိုင်း သိုက်ပမာဏကို ပျမ်းမှျရွှေ ၃ ဂရမ်/မက်ထရစ်တန် ပါဝင်တဲ့ သတ္တုရိုင်းတန်ချိန် သန်း ၂ဝ ဆိုတဲ့ အဓိပ္ပာယ်က ဘယ်နေရာတူးတူး ရွှေပါဝင်နှုန်းဟာ ၃ ဂရမ် ရှိရမယ်လို့ အဓိပ္ပာယ်မသက်ရောက်ပါဘူး။ လက်တွေ့ တူးတဲ့အခါ ရွှေပါဝင်နှုန်း ၃ ဂရမ်/မက်ထရစ်တန် အောက်ပါတဲ့အပိုင်းရှိသလို ပိုပါတဲ့အပိုင်းလည်းရှိပါတယ်။ သို့သော် လက်တွေ့တူးယူနိုင်တဲ့သတ္တုရိုင်းသိုက် ရဲ့ သတ္တုရိုင်းသိုက်ပမာဏကိုတွက်စဉ်က အသုံးပြုခဲ့တဲ့ စီးပွားရေးအရ အရင်းပြန်ရနိုင်သည့် အနည်းဆုံးရွှေပါဝင်နှုန်း (Cut-off Grade) ထက်တော့ နည်းမပါနိုင်ပါဘူး။ (Cut-off Grade) သည် အမြဲတမ်း ပျမ်းမှျ သတ္တုပါဝင်နှုန်းထက် နည်းပါသည်။ ဒါကြောင့် ဥပမာ ပေးထားတဲ့သတ္တုရိုင်းသိုက်ကိုတူးရင် သတ္တုပါဝင်နှုန်း အနိမ့်ဆုံးဟာ (Cut-off Grade) ဖြစ်ပြီး အများဆုံး ပါဝင်မှုကတော့ ၃ ဂရမ်ကျော်ပါတယ်။ ၅ ဂရမ် ၆ ဂရမ်ပါတဲ့ နေရာတွေလည်း တွေ့ရနိုင်ပါတယ်။
 
==သတ္တုရိုင်းသိုက်ပမာဏအမျိုးအစား==
 
အခြေခံအားဖြင့် သတ္တုရိုင်းသိုက်ပမာဏနှစ်မျိုး နှစ်စားရှိပါတယ်။ သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ သတ္တုရိုင်းပမာဏ (In-situ Reserve) နဲ့ လက်တွေ့ တူးဖော်ထုတ်ယူနိုင်တဲ့ပမာဏ (Minable Reserve) တို့ဖြစ်ပါတယ်။ In-situ Reserve ဆိုတာက
သတ္တုရှာဖွေရေးလုပ်ငန်းအရ တွေ့ရှိထားတဲ့မျက်မြင်ဘူမိဗေဒအချက်အလက်များ၊ နမူနာရလဒ်များနှင့် ဘူမိဗေဒယူဆချက်များပေါ် အခြေခံပြီး ခန့်မှန်းတွက်ချက်ထားတဲ့ မြေအောက်မှာတွေ့ထားသော၊ သတ္တုရိုင်းသိုက်၏ ပမာဏဖြစ်ပါတယ်။ ဒီသတ္တုရိုင်းသိုက်ပမာဏကို ခန့် မှန်းတွက်ချက်ရာမှာ လက်တွေ့တူးယူနိုင်တယ်၊ မယူနိုင်ဘူးဆိုတဲ့အချက်ကို ထည့်သွင်းစဉ်းစားခြင်းမပြုသလို လက်တွေ့တူးရင်လည်း ရှုံးမယ်/မြတ်မယ်ဆိုတဲ့အချက်ကို ထည့်သွင်းစဉ်းစားခြင်းမပြုပါဘူး။ တချို့ကလည်း Geological လို့ ခေါ်ပါတယ်။
 
ဒုတိယတစ်မျိုးဖြစ်တဲ့ Minable Reserve ကတော့ In-situ Reserve ကိုအခြေခံပြီး တွေ့ထားတဲ့ သတ္တုရိုင်းသိုက်ကို Modifying Factors များ ထည့်သွင်းစဉ်းစားပြီး လက်တွေ့တူးဖော်ထုတ်လုပ်မယ်ဆို ရင် စီးပွားရေးအရ တွက်ခြေကိုက် မကိုက် သေချာ စိစစ်ပြီး ရရှိလာတဲ့သတ္တုရိုင်းသိုက်ပမာဏအမျိုးအစားဖြစ်ပါတယ်။ Modyfying Factors တွင် သတ္တုတူးဖော်နည်း (Mining)၊ သတ္တုကြိုချက်နည်း (Metal-lurgy)၊ စီးပွားရေးရှုထောင့် (Economic)၊ ဈေးကွက် (Marketing)၊ ဥပဒေများ (Legal)၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးပတ်ဝန်းကျင်အပေါ် ရောင်ပြန်ဟပ်မှု (Social Environmental)၊ အစိုးရအဖွဲ့အစည်း (Government) စသည့်အချက်များပါဝင်ပါတယ်။
 
==မြန်မာနိုင်ငံတွင် သတ္တုရိုင်းသိုက်ပမာဏအဆင့်သတ်မှတ်ပုံ==
 
မြန်မာနိုင်ငံတွင် သတ္တုရိုင်းသိုက်ပမာဏကို အောက်ပါအတိုင်း အဆင့်အတန်း လေးမျိုးခွဲခြား၍ သတ်မှတ်ထားပါသည်။
1. P4 ……….. (Potential Ore Reserve)
2. P3 ……….. (Possible Ore Reserve)
3. P2 ……….. (Probable Ore Reserve)
4. P1 ……….. (Positive Ore Reserve)
P1 အဆင့်သည် အသေချာဆုံးဖြစ်ပြီး P4 အဆင့်သည် မသေချာဆုံးအဆင့်ဖြစ်ပါသည်။
 
==P4 (Potential)အဆင့် သတ္တုရိုင်းသိုက်ပမာဏ==
 
ဘူမိဗေဒလေ့လာစုံစမ်းချက်နှင့်ယူဆချက်များကို လုံးဝအခြေခံခြင်းဖြင့် တွက်ချက်ရရှိသော သတ္တုရိုင်းသိုက်ပမာဏကို (P4) အဆင့် သတ္တုရိုင်းသိုက်ပမာဏဟု သတ်မှတ်နိုင်သည်။ ဤအဆင့်၌ အကျုံးဝင်သော သတ္တုရိုင်းများမှာ 'အလားအလာ'ရှိသော သတ္တုရိုင်းများသာဖြစ်၍ ခန့်မှန်းခြေတန်ချိန်သာဖော်ပြခြင်းပြုနိုင်သည်။ အရည်အသွေးကို ဖော်ပြခြင်းမပြုနိုင်ပါ။ (P4) အဆင့်သည် ရှာဖွေတိုင်းထွာရေး ဆက်လက်လုပ်ရန်အတွက် အခြေခံဖြစ်သည်။
 
ဤအဆင့်တွင် မြေပေါ်ဘူမိဗေဒတိုင်းတာလေ့ လာစမ်းသပ်မှုများနှင့် ဘူမိရူပဗေဒနှင့် ဘူမိဓာတုဗေဒရှာဖွေရေးလုပ်ငန်းများ ပြုလုပ်ရပါမည်။ ယင်းအပြင် မြေမျက်နှာပြင်မှ Chip သို့မဟုတ် Pick နမူနာများ ရယူပြီးစီးရပါမည်။
 
==P3 (Possible)အဆင့် သတ္တုရိုင်းသိုက်ပမာဏ==
 
အထက်ပါ ၃ ရပ်အနက် ၁ ရပ်ကိုသာ တိုင်းတာမှုပြုလုပ်နိုင်ခြင်း၊ သတ္တုအချို့နမူနာကိုသာ ကောက်ယူနိုင်ခြင်းကြောင့် သတ္တုရိုင်းသိုက်ပမာဏတွက်ချက်ရန် ဘူမိဗေဒလေ့လာချက်နှင့် ယူဆချက်များကို မှီငြမ်းအခြေခံလှျင် ထိုသတ္တုရိုင်းသိုက်ပမာဏ ကို P2 အဆင့် သတ္တုရိုင်းသိုက်ပမာဏဟု သတ်မှတ်နိုင်သည်။ သို့သော် သတ္တုအရည်အသွေးကို မဖော်ပြနိုင်သဖြင့် သတ္တုနမူနာများ၏ ဓာတ်ခွဲအဖြေများ (Assay Values)ကိုသာ ဖော်ပြနိုင်သည်။
 
P4 အဆင့်၌ တွေ့ရှိရချက်များပေါ်မူတည်၍ ရှာဖွေတိုင်းတာမှုလုပ်ငန်းကို စတင်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ယင်းလုပ်ငန်းအရပ်ရပ်မှရရှိသော အချက်အလက်များပေါ်မူတည်၍ အလျား၊ အကျယ်အပြန့် အနံနှင့် အနက်တို့မှ တစ်ခုခုကိုသာ တိကျစွာ တိုင်းတာဆောင်ရွက်ပြီးစီးမည်ဖြစ်ပါသည်။
 
==P2 (Probable)အဆင့် သတ္တုရိုင်းသိုက်ပမာဏ==
 
အထက်ပါ ၃ ရပ်အနက် ၂ ရပ်ကိုသာ တိကျသောတိုင်းတာမှုပြုလုပ်ခြင်းနှင့် အသေးစိတ်နမူနာယူခြင်းလုပ်ငန်း တစ်စိတ်တစ်ပိုင်းသာပြုလုပ်ခြင်းဖြင့် ရရှိလာသောအချက်အလက်အချို့အပြင် ဘူမိဗေဒလေ့လာချက်နှင့် ယူဆချက်များကိုသာ အခြေခံ၍ တွက်ချက်ရရှိသော သတ္တုရိုင်းတန်ချိန်နှင့် ပျမ်းမှျသတ္တုအရည်အသွေးဖော်ပြသော သတ္တုရိုင်းတန်ချိန်ပမာဏကို
P2 အဆင့်သတ္တုရိုင်းသိုက်ပမာဏဟု သတ်မှတ်နိုင်သည်။
 
P3 အဆင့်၌ တွေ့ရှိချက်များအပေါ်မူတည်၍ အစမ်းတွင်းများနှင့် နမူနာယူခြင်းအကွာအဝေးသည် P3 အဆင့်ထက်ပို၍
တိကျရန် နီးကပ်စွာယူရပါမည်။ ဤသို့ဆောင်ရွက်မှုပေါ်မူတည်၍ အလျား သို့မဟုတ် အကျယ်အပြန့်၊ အနံနှင့် အနက်တို့မှ ၂ ခုကို တိကျစွာဆောင်ရွက်ပြီးစီးရပါမည်။
 
==P3 (Proved)အဆင့် သတ္တုသိုက်ပမာဏ==
 
သတ္တုသိုက်၏ အလျား၊ အနံနှင့် အနက် စသော သုံးရပ်ကို တိကျသောတိုင်းတာမှုပြုလုပ်ခြင်းနှင့် အသေးစိတ်နမူနာယူခြင်းဖြင့် ရရှိလာသောအချက်အလက်အပြည့်အစုံကိုသာ အခြေခံ၍ တွက်ချက်ရရှိသော သတ္တုရိုင်းတန်ချိန်နှင့် ပျမ်းမှျသတ္တုအရည်အသွေးဖော်ပြသော သတ္တုရိုင်းသိုက်ပမာဏကို P1 အဆင့် သတ္တုရိုင်းပမာဏဟု သတ်မှတ်နိုင်သည်။
 
ဤအဆင့်တွင် P2 အဆင့်မှ တွေ့ရှိချက်များပေါ်မူတည်၍ အစမ်းတွင်းများနှင့် နမူနာယူခြင်းအကွာအဝေးသည် ပိုမို၍အသေးစိတ်ပြီး တိကျမှုရမည် ဖြစ်ပါသည်။ ဤသို့ဆောင်ရွက်ချက်ပေါ်မူတည်၍ အလျား သို့မဟုတ် အကျယ်အပြန့်၊ အနံနှင့် အနက်အားလုံးတို့ကို တိကျစွာတိုင်းတာတွက်ချက်ပြီးစီးရပါမည်။ ဤအဆင့်၌ တွက်ချက်ရရှိသော သတ္တုရိုင်းသိုက်ပမာဏသည် ဘူမိဗေဒနှင့် ရှာဖွေတိုင်းတာမှုအချက်အလက်များအရ ၉၅ ရာခိုင်နှုန်း တိကျမှုရှိသည်ဟု သတ်မှတ်နိုင်သည်။
အထက်တွင်ဖော်ပြခဲ့သော P1 , P2 , P3 , P4 ခွဲခြားမှုကို ထင်သာမြင်သာရှိရှိ သဘောပေါက်စေရန် အောက်တွင် ပုံနှင့်ဖော်ပြလိုက်ပါသည်။
 
==သတ္တုရိုင်းသိုက်ပမာဏအစီရင်ခံစာ==
နိုင်ငံတကာသတ္တုတွင်းစီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် သတ္တုရိုင်းသိုက် ပမာဏအစီရင်ခံစာသည် လွန်စွာအရေးပါပါတယ်။ သေချာစိစစ်ရပါတယ်။ ဘာ ကြောင့်လဲဆိုတော့ သတ္တုတွင်းစီးပွားရေးလုပ်ငန်းရဲ့ အရှုံး/အမြတ်ဟာ သတ္တုရိုင်း သိုက်ပမာဏအပေါ် အဓိကအခြေခံနေလို့ဖြစ်ပါတယ်။
 
ဒါကြောင့် နိုင်ငံတကာသတ္တုတွင်းစီးပွားရေးလုပ်ငန်းမှာတော့ သတ္တုရိုင်း သိုက်ပမာဏကို စီးပွားရေးရှုထောင့်အရပဲ အဆင့်အတန်းခွဲခြားကြပါသည်။ နိုင်ငံအလိုက် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ခွဲခြားပုံချင်းမတူပါ။ သိပ်သိသိသာသာကြီးကွဲ တာမျိုးတော့လည်း မဟုတ်ပါ။ ဩစတြေးလျ (Australia)၊ ကနေဒါ (Canada)၊ တောင်အာဖရိက (South Africa)၊ ဥရောပ (Europe)၊ အမေရိက (United States of America)၊ ချီလီ (Chile)၊ ရုရှား (Russia) စတဲ့နိုင်ငံတွေမှာ သူ့စနစ်နဲ့ သူရှိကြပါတယ်။ ဒီအထဲမှာ အထင်ရှားဆုံးနဲ့ အသုံးအများဆုံးကတော့ ဩစတြေးလျနိုင်ငံ (JORC = Joint Ore Reserves Committee) က ရေးဆွဲခဲ့တဲ့ သတ္တုရှာဖွေရေးလုပ်ငန်းရလဒ်များ (Exploration Results)၊ သတ္တုရိုင်းသိုက်ပမာဏ (Mineral
Resource နှင့် Ore Reserve)များနှင့်ပတ်သက်သည့် အစီရင်ခံစာများရေးသားရာတွင် လိုက်နာသင့်သည့် လမ်းညွှန်ချက်များပဲဖြစ်ပါတယ်။ Australiasian Code for Reporting of Exploration Results, Mineral Resources and Ore Reserves လို့ ခေါ်ပါတယ်။ အလွယ်တကူ 'ဂျော့ကုတ်' (JORC Code)လို့ ခေါ်ဝေါ်သုံးစွဲလေ့ရှိပါတယ်။ ဒီကုတ်ရဲ့ရည်ရွယ်ချက်က စတော့ရှယ် ယာဈေးကွက်မှာ ကုမ္ပဏီ၏ရှယ်ယာကိုဝယ်မည့်သူများအနေဖြင့် သတ္တုရိုင်းသိုက်ပမာဏနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း ပွင့်လင်းမြင်သာမှုရှိစေရန် ဘယ်အချက်တွေပါရမယ်၊ ဘယ်လိုအရည်အချင်းနဲ့ပြည့်ဝသူက ရေးရမယ် စတဲ့လမ်းညွှန်ချက်တွေကို ဖော်ပြထားတာဖြစ်ပါတယ်။ JORC Code ကို The Australian Institude of Mining and Metallurgy (The AusImm), The Australian Institude of Geoscientists (AIG), Australian Securities Exchange (ASX) နှင့် New Zeland Stock Exchange (NZX) စတဲ့ စီးပွားရေးအဖွဲ့အစည်းများကလည်း လက်ခံအတည်ပြုသုံးစွဲကြပြီး Minerals Council of Australia နှင့် Financial Services Institute of Australia တို့က အသိအမှတ်ပြုထောက်ခံပါတယ်။
 
၁၉၈၉ ခုနှစ်တွင် (ASX)ကလည်းကောင်း၊ ၁၉၉၂ ခုနှစ်တွင် (NZX) ကလည်းကောင်း JORC ကုတ်ကို ယင်းတို့၏ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းခဲ့ပါသည်။ ယင်းတို့နှင့်ဆက်ဆံသော သတ္တုရှာဖွေရေးကုမ္ပဏီများနှင့် သတ္တုတူးဖော်ရေးကုမ္ပဏီများသည် ယင်းတို့၏အစီရင်ခံစာများတွင် ယခင်ဥပဒေပါ အခြားအချက်အလက်များအပြင် JORC ကုတ်ပါ လမ်းညွှန်ချက်များအတိုင်းလည်း ဖော်ပြလာရပါသည်။
 
နိုင်ငံအသီးသီး၏ သတ္တုရိုင်းသိုက်ပမာဏ အစီရင်ခံစာလမ်းညွှန်ချက်များကို အောက်ပါစီးပွားရေးအဖွဲ့အစည်းများက အသိအမှတ်ပြုထားပါသည်။ အဓိပ္ပာယ်မှာ ယင်းနိုင်ငံများ၏ သတ္တုရိုင်းသိုက်ပမာဏ အစီရင်ခံစာလမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရေးသားသော အစီရင်ခံစာများအပေါ် အယုံအကြည်ရှိသဖြင့် လုပ်ငန်းအတွက် လိုအပ်သောငွေကြေးကို ချေးယူလိုလှျင်လည်းကောင်း၊ စတော့ရှယ်ယာဈေးကွက်တွင် ရှယ်ယာထုတ်ရောင်းလှျင်လည်းကောင်း ထောက်ခံအတည်ပြု သည့်သဘောဖြစ်ပါသည်။ ရှယ်ယာဝယ်မည့်သူများကလည်း ယင်းအစီရင်ခံစာအပေါ် ယုံကြည်သလို ဘဏ်များကလည်း ယုံယုံကြည်ကြည်ဖြင့် ငွေထုတ်ချေးပါသည်။
 
 
 
 
 
== ကိုးကား ==
{{Reflist}}
<references/>
 
[[Category:ဘူမိဗေဒ]]