ကမ္ဘာ့အမွေအနှစ်နေရာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
+criteria
စာကြောင်း ၆ -

၂၀၁၇ ခုနှစ် ဇူလိုင်လအထိ [[နိုင်ငံအလိုက် ကမ္ဘာ့အမွေအနှစ်နေရာများ ဇယား|၁၀၇၃ နေရာ]]ကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ထားပြီးဖြစ်ကာ ၁၆၇ နိုင်ငံရှိ ယဉ်ကျေးမှုဆိုင်ရာ ၈၃၂ နေရာ၊ သဘာဝနေရာ ၂၀၆ ခုနှင့် အရောအနှောနေရာ ၃၅ ခု ပါဝင်သည်။<ref name="list">[http://whc.unesco.org/en/list//en/news/1049/en/list World Heritage List], UNESCO World Heritage Sites official sites.</ref><ref name="New sites">[http://whc.unesco.org/en/news/1049 Sites in Germany and Italy bring to 19 the number of sites inscribed on the World Heritage List this year], UNESCO World Heritage Sites official sites.</ref> နိုင်ငံအလိုက် နေရာများအရ အီတလီနိုင်ငံသည် [[အီတလီနိုင်ငံရှိ ကမ္ဘာ့အမွေအနှစ်နေရာများ စာရင်း|ကမ္ဘာ့အမွေအနှစ်နေရာပေါင်း ၅၃]] ဖြင့် ထိပ်ဆုံးတွင်ရှိကာ၊ ယင်းနောက်တွင် [[တရုတ်နိုင်ငံရှိ ကမ္ဘာ့အမွေအနှစ်နေရာများ စာရင်း|တရုတ်နိုင်ငံ]] (၅၂)၊ [[စပိန်နိုင်ငံရှိ ကမ္ဘာ့အမွေအနှစ်နေရာများ စာရင်း|စပိန်နိုင်ငံ]] (၄၆)၊ [[ပြင်သစ်နိုင်ငံရှိ ကမ္ဘာ့အမွေအနှစ်နေရာများ စာရင်း|ပြင်သစ်နိုင်ငံ]] (၄၃)၊ [[ဂျာမနီနိုင်ငံရှိ ကမ္ဘာ့အမွေအနှစ်နေရာများ စာရင်း|ဂျာမနီနိုင်ငံ]] (၄၂)၊ [[အိန္ဒိယနိုင်ငံရှိ ကမ္ဘာ့အမွေအနှစ်နေရာများ စာရင်း|အိန္ဒိယနိုင်ငံ]] (၃၆)၊ [[မက္ကဆီကိုနိုင်ငံရှိ ကမ္ဘာ့အမွေအနှစ်နေရာများ စာရင်း|မက္ကဆီကိုနိုင်ငံ]] (၃၄) နှင့် [[ယူနိုက်တက်ကင်းဒမ်း]]နှင့် [[ဗြိတိသျှ ပင်လယ်ရပ်ခြား နယ်မြေများ]]မှ (၃၁)ခု အသီးသီးဖြစ်သည်။

==ရွေးချယ်မှု စံညွှန်း==
၂၀၀၄ ခုနှစ်အထိ ယဉ်ကျေးမှုအမွေအနှစ်များအတွက် စံညွှန်း ခြောက်ခုနှင့် သဘာဝအမွေအနှစ်များအတွက် စံညွှန်း လေးခု ရှိခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ယင်းတို့ကို ပြင်ဆင်ပြောင်းလဲခဲ့ကာ လက်ရှိတွင် တပေါင်းတည်း စံနှုန်း ဆယ်ခုအဖြစ် သတ်မှတ်ထားသည်။ အဆိုပြုသော နေရာများသည် "ကမ္ဘာ့တန်ဖိုးထားချက်များ" (outstanding universal value) ဖြစ်ရမည်ဖြစ်ပြီး စံညွှန်း ဆယ်ခုအနက် တစ်ခုနှင့် ကိုက်ညီရမည် ဖြစ်သည်။<ref>{{cite web|url=http://whc.unesco.org/en/criteria/|title=Criteria for Selection|publisher=World Heritage|accessdate=14 October 2006|deadurl=no|archiveurl=https://web.archive.org/web/20160612152223/http://whc.unesco.org/en/criteria/|archivedate=12 June 2016|df=dmy-all}}</ref> ယင်းစံညွှန်းများကို စတင်ဖန်တီးစဉ်မှစ၍ ပြင်ဆင်ခြင်း/ဖြည့်စွက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

===ယဉ်ကျေးမှု စံညွှန်း===
[[File:Taj Mahal 2012.jpg|thumb|Site#252: ယဉ်ကျေးမှုအမွေအနှစ်နေရာတစ်ခု ဖြစ်သော [[တာ့ဂျ်မဟာရ်]]]]

"ဖန်တီးနိုင်သော လူသားတို့၏ အပြောင်မြောက်ဆုံး လက်ရာကို ကိုယ်စားပြုမှုကို ဖော်ပြနိုင်ရမည်ဖြစ်ပြီး ယဉ်ကျေးမှုတစ်ခုအတွင်း မြင့်မားသည့် အသိဉာဏ်ရှိ၍ အနုပညာလက်ရာမြောက်မှု၊ အတတ်ပညာပိုင်း (သို့မဟုတ်) နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုတို့ဖြင့် သက်သေပြနိုင်ရမည်။"

"အချိန်ကာလတစ်ခုအတွင်း ဗိသုကာဆိုင်ရာ၊ နည်းပညာဆိုင်ရာ အထိမ်းအမှတ် အနုပညာလက်ရာဆိုင်ရာတို့အား လူသားတို့ ဖန်တီးထားမှုနှင့်အတူ မြို့ပြတည်ထောင်ထားမှု၊ မြေပြင်ရှုခင်း အကွက်ချစီမံထားမှုတို့ကို ဖော်ပြနိုင်ရမည်။"

"ယခုတိုင်တည်ရှိနေသော (သို့မဟုတ်) ပျောက်ကွယ်သွားသော မြို့ပြယဉ်ကျေးမှုတစ်ခု (သို့မဟုတ်) ရိုးရာယဉ်ကျေးမှု ဓလေ့တစ်ခုတို့သည် ပြိုင်ဘက်ကင်း၍သော်လည်းကောင်း၊ ထူးခြားထင်ရှား၍သော်လည်းကောင်း သက်သေပြနိုင်ရမည်။"

"လူ့ဘောင်သမိုင်းတွင် ပြောင်းလဲမှု အဆင့်ဆင့်ကို ဖော်ပြေပေးသည့် ထူးခြားထင်ရှားသော အဆောက်အဦ၊ ဗိသုကာနှင့် နည်းပညာတို့ ပေါင်းစည်းထားသည့် အဆောက်အဦတို့နှင့် မြေယာရှုခင်းပုံဖော်ထားမှုတို့ ရှိရမည်။"

"အထူးသဖြင့် နဂိုမူရင်းအခြေအနေအတိုင်း ပြန်လည်ပြင်ဆင်၍ မရနိုင်တော့သည့် လူ့ယဉ်ကျေးမှု (သို့မဟုတ်) လူသားနှင့် သဘာဝ ပတ်ဝန်းကျင် အပြန်အလှန်အကျိုးပြု ယှဉ်တွဲနေထိုင်မှုကို ပြဆိုနိုင်သော သာဓကများကို ဖော်ပြနိုင်ရမည်။"

"တိတိကျကျ သို့မဟုတ် သေချာမှုရှိသည့် အထောက်အထားများပြနိုင်ပြီး ထူးခြားထင်ရှားသော ရိုးရာဓလေ့များ၊ အတွေးအခေါ်များ၊ ယုံကြည်မှုများ၊ အနုပညာလက်ရာများနှင့် စာပေဆိုင်ရာ လက်ရာများ ဖော်ပြနိုင်ရမည်"
<ref>{{cite web|title=UNESCO World Heritage, The Criteria for Selection|url=http://whc.unesco.org/en/criteria/|deadurl=no|archiveurl=https://web.archive.org/web/20160612152223/http://whc.unesco.org/en/criteria/|archivedate=12 June 2016|df=dmy-all}}</ref>

===သဘာဝ စံညွှန်း===
[[File:Zerbras drinking.jpg|250px|thumb|Site#156: သဘာဝ အမွေအနှစ်နေရာတစ်ခု ဖြစ်သော [[ဆာရန်ဂတီ အမျိုးသားဥယျာဉ်]]]]
[[File:Machu Picchu (2406619740).jpg|250px|thumb|Site#274: ယဉ်ကျေးမှုနှင့် သဘာဝ ပေါင်းစပ်နေသော အမွေအနှစ်နေရာတစ်ခု ဖြစ်သော [[မာချူးပီချူး|မာချူးပီချူး သမိုင်းဝင် ဘေးမဲ့တော]]]]

"အနုပညာရသ ခံစားမှုပါဝင်ပြီး အရေးပါ၍ ထူးခြားစွာ သဘာဝအလှတရားရှိသည့် နေရာဒေသများဖြင့် သက်သေပြနိုင်ရမည်။"

"ဇီဝကမ္မဖြစ်စဉ် သို့မဟုတ် ထူးခြားထင်ရှားသည့် ဘူမိဖြစ်စဉ် သို့မဟုတ် မြေမျက်နှာသွင်ပြင်တို့ ပေါ်ထွန်းမှုတို့ ပါဝင်သည့် ကမ္ဘာမြေသမိုင်းနှင့် သက်ဆိုင်သည့် အရာများကို ဖော်ပြနိုင်ရမည်။"

"အပင်နှင့် သတ္တဝါအုပ်စုတို့နှင့် ပင်လယ်ဂေဟစနစ်၊ ကမ်းရိုးတန်းဂေဟစနစ်၊ ရေချိုဂေဟစနစ်၊ ကုန်းတွင်းပိုင်းဂေဟစနစ်တို့ ဆင့်ကဲပြောင်းလဲတိုးတက်မှုဖြစ်စဉ်တို့ ပါဝင်သည့် ကုန်းမြေနယ်နိမိတ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဖော်ပြနိုင်ရမည်။"

"ထိန်းသိမ်းရေးရှုထောင့်မှ လည်းကောင်း၊ သိပ္ပံနည်းပညာရှုထောင့်မှ လည်းကောင်း ကမ္ဘာ့လူသားများနှင့် သက်ဆိုင်သည့် အထင်ကရ တန်ဖိုးရှိနေသည့် အခြိမ်းခြောက်ခံနေရသော မျိုးစိတ်များ ပါဝင်သည့် ဇီဝမျိုးကွဲများ၏ မူရင်းအနေအထားအတိုင်း ထိန်းသိမ်းပြုပြင်စောင့်ရှောက်ခြင်းအတွက် အရေးပါဆုံးနှင့် အထင်ရှားဆုံးသော သဘာဝမှီတင်းနေထိုင်မှုတို့ကို ဖော်ပြနိုင်ရမည်။"

== အချက်အလက်များ ==