ရှောလူး: တည်းဖြတ်မှု မူကွဲများ

ce
အရေးမကြီးNo edit summary
စာကြောင်း ၂၁ -
[[File:Dr -Shaw-Loo-2.png|thumb|250px|ဒေါက်တာ ရှောလူး]]
[[File:Dr -Shaw-Loo-3.png|thumb|150px|အမေရိကန်ရောက် ဒေါက်တာရှောလူး]]
'''ဒေါက်တာ ရှောလူး''' (Dr. Shaw Lu) သည် [[မြန်မာနိုင်ငံ]]တွင် မြန်မာနိုင်ငံသားများထဲမှ အနောက်တိုင်း ဆေးပညာကို အစပြုခဲ့သူ [[မွန်လူမျိုး]]တစ်ဦး ဖြစ်သည်။
 
ဒေါက်တာရှောလူးသည် အနောက်တိုင်း ဆေးပညာကို မြန်မာနိုင်ငံသားများထဲမှ ပထမဆုံး စတင်သင်ယူသူကား မဟုတ်ပေ။ ပထမဆုံး စတင်သင်ယူသူမှာ မြန်မာနိုင်ငံသား တစ်ဦးဖြစ်သူ အမ္မရို့စ် ဒီရိုဇားရီးယိုး(Ambrose de Rosario)ဆိုသူ ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် ခရစ်ယာန် သာသနာပြု လုပ်ငန်းများကို လာရောက်ဆောင်ရွက်သော အီတာလျံ ဘုန်းတော်ကြီး ဖာသာစင်ဂါမားနိုးသည် (၁၈၀၆)ခုနှစ်တွင် အီတလီပြည်သို့ ပြန်သွားသည်။ သူနှင့်အတူ ဒီရိုဇားရီးယိုးသည် လိုက်ပါသွားကာ အီတလီ၌ ဆေးပညာရပ်များကို သင်ယူလေသည်။ သို့ရာတွင် မည်သို့ဖြစ်သည်ကို မသိရဘဲ ဒေါက်တာ ဒီရိုးဇားရီးယိုးသည် အမိမြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ မလာခဲ့ပေ။ အနောက်တိုင်း ဆေးပညာကို ပထမဆုံး သင်ကြားသူ မဟုတ်သော်လည်း ဆေးပညာတတ်မြောက်၍ အမိမြန်မာနိုင်ငံသို့ ပထမဆုံး ပြန်လာအမှုထမ်းသူမှာ ဒေါက်တာ ရှောလူးပင် ဖြစ်သည်။