မော်လမြိုင်မြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎အခြေခံပညာ
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
စာကြောင်း ၁၄၈ -
 
=== ကိုလိုနီခေတ် မော်လမြိုင်မြို့ (၁၈၂၄ မှ ၁၉၄၈) ===
ခရစ်နှစ် ၁၈၂၄-ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သော [[ပထမအင်္ဂလိပ်မြန်မာစစ်|ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ]] အပြီး ခရစ် ၁၈၂၆ ခုနှစ်တွင် ဗြိတိသျှလက်အောင်သို့ [[ရန္တပိုစာချုပ်]]အရ မြန်မာနိုင်ငံပေးလိုက်ရသော အခါ မော်လမြိုင်မြို့သည် အောက်မြန်မာပြည်၏ '''ပထမဆုံး မြို့တော်''' ဖြစ်လာခဲ့သည်။ ထိုစဉ် မြန်မာဘုရင် [[ဘကြီးတော်(စစ်ကိုင်းမင်း)|ဘကြီးတော်ဘုရား]]၏ အထင်မှားခြင်းကို ခံရသောအတွက်ကြောင့် ဒလမြို့စား (မင်းကျော်သီဟဘွဲ့ခံ) စစ်ကဲ [[​မောင်​ထော်​လေး၊မောင်ထော်လေး၊ စစ်ကဲ|မောင်​ထော်​လေး]] သည် အန္တရာယ်ရှောင်တိမ်းသည့်သဘောဖြင့် လှေကြီး လှေငယ်ပေါင်း ၂ဝ⁠ဝ ကျော်တွင်
မွန်လူကြီး လူငယ်ပေါင်း တသောင်းကျော် ၂ သောင်းခန့်ကို တင်၍ ရေကြောင်းကူးလာရာ မော်လမြိုင်မြို့ဟောင်းသို့ ဆိုက်ရောက်လျှင် တအိမ်မျှမရှိ၊ တောခုတ်ရှင်းလင်း၍ အိမ်ရာအသီးသီး ဆောက်လုပ်နေထိုင်ကြသည်။ ထိုမှ တစတစ လူမျိုးခြားတို့နှင့် ဆက်ဆံလာခဲ့ရာမှ စည်ကားခဲ့လေသည်။
 
စာကြောင်း ၁၆၆ -
မော်လမြိုင်မြို့သည် (မြူနီစီပယ်နယ်နမိတ်နှင့် ရေဝန်ဆိပ်ကမ်းအပါအသင်) ၂၁ စတုရန်းမိုင် ကျယ်ဝန်း၏။ မြူနီစီပယ်အဖွဲ့ကို ခရစ် ၁၈၇၄ ခုနှစ်ကစ၍ တည်ထောင်ကာ မြို့၏ စည်ပင်သာယာမှုကို စီမံအုပ်ချုပ်သည်။ မြို့၏ အရှေ့တောင်တန်းတလျှောက်တွင် [[ကျိုက်သံလန်စေတီ|ကျိုက်သလ္လံစေတီတော်]]၊ မဟာမြတ်မုနိဘုရား၊ ဇိနမာရ်အောင်စေတီတော်တို့ရှိကြသည်။ မြို့လယ်တွင်ကား ကျိုက်သုတ်စေတီရှိသည်။ ယင်းတောင်တန်းတလျှောက်နှင့် မြို့တွင်းမြို့ပတွင် ဘုန်းကြီးကျောင်း အများအပြား ရှိသည့်အပြင် ပရိယတ္တိစာသင်တိုက်ကြီးများလည်း ရှိသည်။ မော်လမြိုင်မြို့ တောင်ဖက် ၄ မိုင်အကွာရှိ တောင်ဝိုင်းတောင်နှင့် ရွှေနတ်တောင်ကြားတွင် မြို့သို့ရေပေးသော ကင်မွန်းချုံ ရေလှောင်ကန်ကြီးကို မြူနီစီပယ်အဖွဲ့မှ ငွေပေါင်း ၉ သိန်း ခွဲ အကုန်ခံ၍ ပြုလုပ်ခဲ့ရာ ၁၉၁ဝ ပြည့်နှစ်တွင် ပြီးစီးခဲ့လေသည်။ ထိုအချိန်မှစ၍ မြို့သို့ ရေကောင်းရေသန့်များ ပေးသွင်းနိုင်ခဲ့သောကြောင့် နှစ်စဉ်နွေဥတုတွင် ဖြစ်တတ်သော ဝမ်းရောဂါဘေးမှ ကင်းလွတ်ကြရလေသည်။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)</ref>
[[File:Mawlamyine Prison.jpg|thumb|မော်လမြိုင်ထောင်]]
ဗြိတိသျှအစိုးရပိုင်အထက်တန်းကျောင်း ၂ကျောင်းရှိသည့်ပြင် [[အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း မော်လမြိုင်|ရှင်မဟာဗုဒ္ဓဃောသ အမျိုးသားအထက်တန်းကျောင်း]]၊ ဗုဒ္ဓဘာသာ အမျိုးသမီး အထက်တန်းကျောင်းနှင့် နိုင်ငံခြားသာသနာပြု အထက်တန်းကျောင်းများ အတော်များ⁠များရှိသည်။ မူလတန်းနှင့် အလယ်တန်းကျောင်းများလည်းရှိ၏။ တိုင်းမင်းကြီးရုံး၊ ခရိုင်ဝန်ရုံး၊ မြူနီစီပယ်ရုံးကြီး၊ နာရီစင်၊ အကျဉ်းထောင်၊ အမေရိကန်သာသနာပြုဆေးရုံ''(Ellen Mitchell Hospital)''၊ ဗြိတိသျှအစိုးရပိုင်ဆေးရုံကြီး၊ ဗဟိုစာတိုက်ကြီးနှင့် စာတိုက်ငယ်များ၊ မော်တင်လိန်းဆရာဖြစ် သင်တန်းကျောင်း၊ မျက်မမြင်ကျောင်း၊ Wellesley Bailey တည်ထောင်သော အခမဲ့ကုဋ္ဌနူနာဆေးရုံ တို့ရှိခဲ့ကြသည်။ [[ဒုတိယ ကမ္ဘာစစ်]] မတိုင်မီက မြန်မာ့လွတ်လပ်ရေးဖခင်ကြီး [[အောင်ဆန်း|ဗိုလ်ချုပ်အောင်ဆန်း]]၏ဇနီး [[ခင်ကြည်၊ ဒေါ်|ဒေါ်ခင်ကြည်]]သည် [[စကော့တလန်နိုင်ငံ|စကော့]]လူမျိုး အမျိုးသမီးများအုပ်ချုပ်သော မော်တင်လိန်းဆရာဖြစ် သင်တန်းကျောင်း(ABM ကျောင်း)၌ ပညာသင်ခဲ့သည်။<ref>[https://web.archive.org/web/20120502091420/http://mainichi.jp/english/english/features/news/20120427p2a00m0na020000c.html Letter from Burma: Flowers in her hair- 毎日jp(毎日新聞)<!-- Bot generated title -->]</ref>
 
=== လက်ရှိ မော်လမြိုင်မြို့ (၁၉၄၈ မှ ယခု) ===