မင်းတုန်းမင်း: တည်းဖြတ်မှု မူကွဲများ

Reverted 1 edit by 203.149.184.146 (talk). (TW)
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
စာကြောင်း ၆၄ -
မင်းတုန်းမင်းကြီးမူကား မြို့တော်အတွင်း ဝင်နှင့်သဖြင့် သီသီကလေး လွတ်လေသည်။ တစ်ဖန် အိမ်ရှေ့ ဘုရားလွန်လေသော် အိမ်ရှေ့မင်း သားတော် ပန်းထိမ်းမင်းသား ရွှေဘိုသို့ထွက်၍ ပုန်ကန်သည်ကို ဖမ်းဆီးကွပ်မျက်ရသည်။ ထို အချိန်မှစ၍ မင်းတရားကြီးသည် သားတော်များကို အိမ်ရှေ့ မပေး၊ အခြွေအရံ အမှုထမ်းတို့ကို ရုပ်သိမ်းထားသည်မှာ နတ်ရွာစံသည်အထိ ဖြစ်သည်။ ထိုကြောင့်လည်း မင်းတရားကြီး နတ်ရွာစံသောအခါ ထီးမွေ နန်းမွေကိစ္စ ရှုပ်ထွေးခဲ့ရလေသည်။ ၁၂၄ဝ ပြည့်နှစ် ဝါခေါင်လတွင် မင်းတရားကြီး ကျန်းမာတော် မမူ၍ တိုင်းရေးပြည်ရေးတို့ကို ဆွေးနွေးဆောင်ရွက်ခြင်းမပြုနိုင် သော အခြေအနေရောက်လေသော် ဆင်ဖြူမရှင်မိဖုရားကြီးနှင့် အလိုပါ မှူးတော်မတ်တော်တို့တိုင်ပင်၍ သားတော် သီပေါ မြို့စား[[သီပေါမင်း]]အား တော်သလင်းလပြည့်ကျော် ၉ ရက်နေ့တွင် အိမ်ရှေ့ နှင်းလေသည်။
 
မင်းတရားကြီး၏ရောဂါတော်သည် တိုးသည်ထက်တိုးလာကာ သက္ကရာဇ် ၁၂၄ဝ ပြည့်နှစ် သီတင်းကျွတ်လဆန်း ၆ ရက် အင်္ဂါနေ့၌ သက်တော် ၆၄ နှစ်၊ နန်းစံ ၂၆ နှစ်တွင် နတ်ရွာစံလွန်တော်မူသည်။ မင်းတုန်းမင်း ကြီးတွင် [[စကြာဒေဝီ|ရတနာဒေဝီ မိဖုရားခေါင်ကြီးအပြင်မိဖုရားခေါင်ကြီ]]းအပြင် အိမ်နိမ့်စံစဉ်က ကောက်ယူတော်မူသော [[ခင်သဲ (မြောက်နန်းမိဖုရား)|မြောက်နန်းမိဖုရား မယ်သဲ၊မယ်သဲ]]၊ ဘကြီး တော်နှင့် မိဖုရားခေါင်ကြီးမယ်နုမှမြင်သော အလယ်နန်းမိဖုရား ဆင်ဖြူမရှင်တို့အပါအဝင် ထင်ရှားသော [[မင်းတုံးမင်း ၏ မိဘုရားများ နှင့် သားတော် သမီးတော်များ စာရင်း|မိဖုရား ၄၅ ပါး ရှိ၍ သားတော် ၅၅ ပါး၊ သမီးတော် ၅၃ ပါး ပေါင်း ၁ဝ၈ ပါး]] ရှိ သည်။
 
[[File:King Mindon's Tomb, Mandalay.jpg|300px|thumb|left|မင်းတုန်းမင်းကြီး ၏ အုတ်ဂူတော်]]