နတ်သျှင်နောင်: တည်းဖြတ်မှု မူကွဲများ

rm deleted photo
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၂၅ -
စသည်ဖြင့် ‘သျှင်’ နှင့် ‘ရှင်’ ခွဲထားကို အထင်အရှားဖော်ပြရေးသားထားသည်။ ထိုဆရာများ၏ အာဘောဂ ကိုထောက်၍ ‎ကျွန်ုပ်တည်းဖြတ်သော စာအုပ်ကိုလည်း ‘နတ်သျှင်နောင်’ ဟူသောအမည်တွင် သ ကို ယပင့်ဟထိုး၍ ရေးလိုက်သည်။ ‎နတ်သျှင်နောင် ဟူသော အမည်တွင် `နတ်သျှင်´ ဟူသော ပေါရာဏစကားမှာ ‘မင်း၊ ဘုရင်’ ဟူသော အနက်အဓိပ္ပာယ် ‎ရသည်။ နတ်သျှင်နောင်ဟူသော အမည်မှာလည်း ဘုရင်မင်းမြတ်၏ နောင်တော် ဟူ၍ အဓိပ္ပာယ် ရပေသည်။
 
နတ်သျှင်နောင်သည် တောင်ငူရွှေနန်းကို သိမ်းမြန်းစိုးစံတော်မူသည့်အခါတွင် ညီတော် မင်းရဲကျော်စွာကို အိမ်ရှေ့ပေးခဲ့ ‎သည်။ နောင်သော် အိမ်ရှေ့မင်း [[မင်းရဲကျော်စွာ]] နန်းတက်ရာတွင် နောင်တော်ဖြစ်သည်ကို အစွဲပြု၍ [[တောင်ငူ]]မင်းအား ‎နတ်သျှင်နောင် ဟူသောအမည်ဖြင့် ခေါ်ဝေါ်သည်ဟု ယူဆဘွယ်ဖြစ်ပေသည်။ [[ကုန်းဘောင်ခေတ်]]တွင် မင်းဧကရာဇ် ‎တို့သည် ဤနည်းနှင်နှင် သဘောပေါက်သော ဘွဲ့အမည်များကို ခံယူကြကုန်သည်။ တောင်ငူခေတ်က `နတ်သျှင်´ ဟူသော ‎အမည်သည် အလွန်သိမ်မွေ့ယဉ်ကျေး၍ အတော်ပင် ခေတ်စားဟန်တူသည်။ ထိုကြောင့် နတ်သျှင်နှမတော်၊ နတ်သျှင် ‎မယ်တော် စသော ဘွဲ့အမည်များကိုလည်း အချို့ မင်းသ္မီးတို့ ခံယူကြကုန်သည်။ <ref>မြန်မာစာညွန့်ပေါင်းကျမ်း ဒုတိယတွဲ ‎နတ်သျှင်နောင် ရတုများ၏ အောက်ခြေတွင် ပါရှိသော ဦးကျော်ထွန်း၏ မှတ်ချက်</ref>
 
== ကိုးကား ==