ရွှေဆံတော်စေတီ (ပုဂံ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၂၆ -
 
== ဆံတော်ရရှိလာပုံ ==
ဥဿဥဿာ ပဲခူးပြည်သို့ ဂျွမ်း([[ခမာလူမျိုး|ခမာ]]) စစ်သည်များ တိုက်ခိုက်လာသည့်အခါ ဥဿပဲခူးမင်းသည် အနော်ရထာမင်းကြီးထံ စစ်ကူတောင်းခဲ့သည်။ ဂျွမ်းစစ်သည်တို့ကို အောင်မြင်သောအခါ ဥဿမင်းကဥဿာမင်းက ရှေးမင်းအဆက်ဆက် ကိုးကွယ်ခဲ့သော ဆံတော်ဓာတ်တစ်ဆူကို အနော်ရထာမင်းထံ ဆံသလိုက်သည်ဟု သမိုင်းအစဉ်အလာ အဆိုရှိသည်။
<br />
မြတ်စွာဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် လင်းလွန်ပင်ရင်း၌ သီးတင်းသုံးနေစဉ်သီတင်းသုံးနေစဉ် ကုန်သည် တဖုဿနှင့် ဘလ္လိကညီနောက်တို့က ပျားမုန့်ဆွမ်းကို ကပ်လှူကာ ဆံတော်ဓာတ် ရှစ်ဆူကို မြန်မာပြည်သို့ ပင့်ဆောင်လာခဲ့သည်။ ယခုဆံတော်ဓာတ်သည် ယင်းအနက်မှ တစ်ဆူ ဖြစ်သည်။ သရေခေတ္တရာပြည် ရသေ့မြို့၌ ဆံတော်လေးဆူကို ဌာပနာခဲ့သည်။ သရေခေတ္တရာပြည် ပျက်သော် ရာမညတိုင်း မွန်မင်းတို့သည် သရေခေတ္တရာစေတီမှ ဆံတော်ဌာပနာများကို ပင့်ယူ၍ အချို့ကို ဘုရားမှာ ဌာပနာသည်။ တစ်ဆူကိုမူ ရတနာပန်းတောင်းတွင် ထည့်၍ ထို့မှ အနော်ရထာမင်းထံ ရောက်လာခဲ့ခြင်း ဖြစ်သည်။
 
== ဗိသုကာ လက်ရာများ ==
အနော်ရထာမင်းတည်ထားသော ကောင်းမှုတို့အနက် ရွှေဆံတော်စေတီသည် ရှေးအကျဆုံး စေတီလက်ရာ ဖြစ်သည်။ ထိုနောက် စေတီတည်ဆောက်ပုံသည် တဖြည်းဖြည်း ဖွံဖြိုးလာရာ ရွှေစည်းခုံ စေတီတော်တည်သည့်အချိန်တွင် စေတီအင်္ဂါ ပြည်စုံလာလေသည်။ ရွှေဆံတော်စေတီတော်ကို စတုရန်းလေးထောင်ပုံ ပစ္စယာ ငါးဆင့်တက်၍ တည်ဆောက်သည်။ စေတီမျက်နှာ အလယ်၌ နတ်လှေကားများ တပ်ဆင်ထားသည်။ ပစ္စယာများမှာ စောက်သည်။ စေတီပုံမှာ အထက်မြင့်တက်ဟန်ရှိ၍ ထုထည်ကိုယ်နှင့်စာသော် စေတီအထက်ပိုင်းမှာ ခပ်ဝပ်ဝပ်ဖြစ်နေသည်။ ပစ္စယာငါးဆင့် အထက်၌ ရှစ်ထောင့်ကြဝန်းခံ၍ ခေါင်းလောင်းပုံ၊ ရင်ဖွဲ့ခါးပတ်၊ သပိတ်မှောက်၊ ဖောင်းရစ်စသည်တို့ဖြင့် ဝန်းဝိုင်းရှူးတက်ကာ အထွဋ်၌ ထီးတင်ထားသည်။ <br />