အင်္ဂလိပ်ဘာသာစကား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Reverted 1 edit by Oak Phyo (talk) to last revision by NayiMuu. (TW)
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၁၂ -
အင်္ဂလိပ်စကားနှင့် အနီးစပ်ဆုံး ဆင်တူသည့် ဖရီရှန်ဘာသာစကားသည် ယနေ့ခေတ်တိုင်အောင် ဂျာမနီ၊ နယ်သာလန်နှင့် ဒိန်းမတ်တို့ရှိ ၅သိန်းခန့်သော လူမျိုးများပြောဆိုအသုံးပြုနေကြသေးသည်။ အင်္ဂလိပ်စကားနှင့် ဖရီရှန်ဘာသာစကားသည် ဆင်တူသော်လည်း ဘာသာစကား နှစ်ခုမှာ တစ်ခုနှင့်တစ်ခုနားလည်ရန် ခက်ခဲသည်။
 
နောက်ပိုင်း၌ အခြားလူမျိုးအများအပြားသည် အင်္ဂလန်သို့ ရောက်ရှိလာခဲ့ကြ၍ ၎င်းတို့၏ ကိုယ်ပိုင် သဘာသာစကားများကိုဘာသာစကားများကို အသုံးပြုခဲ့ကြသည်။ ၎င်းဘာသာစကားများကို အင်္ဂလိပ်ဘာသာတွင် ပေါင်းထည့်ထားပြီး ယနေ့ခေတ် အင်္ဂလိပ်ဘာသာစကားဖြစ်ပေါ်လာစေသည်။
ဥပမာအနေဖြင့် အေဒီ ၈၀⁠၀ခန့်က ဒတ်ခ်ျနှင့် နောရီစ် [[ပင်လယ်ဓားပြ]]များကို ဗီကင်းဂ်(Vikings) ဟုခေါ်ကြသည်။ အင်္ဂလိပ်ဘာသာတွင် ၎င်းတို့ဘာသာစကားများစွာကို ရရှိထားကြသည်။ သူတို့၏ စကားမှာ ဂျာမနစ်ဘာသာဖြစ်ပြီး ရှေးဟောင်း အင်္ဂလိပ်စကားနှင့်တူသည်။
 
အောင်နိုင်သူ ဝီလီယံသည် အင်္ဂလန်ကို ၁၀၆⁠၆အေဒီတွင် သိမ်းပိုက်ခဲ့ပြီး ဘုရင်ဖြစ်လာခဲ့သည်။ ဝီလီယံသည် နော်မန်ဘာသာစကားပြောဆိုသူဖြစ်ပြီး ၎င်း၏နောမန်ဘာသာဖြင့်၎င်း၏နော်မန်ဘာသာဖြင့် ရေသားထားသော စာအုပ်များကို အင်္ဂလန်သို့ သယ်ဆောင်လာခဲ့သည်။ နောမန်လူမျိုးများ၏နော်မန်လူမျိုးများ၏ စကားသည် ပြင်သစ်လူမျိုးတို့၏ စကားနှင့် အနီးစပ်ဆုံး ဆက်နွယ်လေသည်။ ဝီလီယံ၏ နော်မန်ကျူးကျော်မှုကြောင့် အင်္ဂလန်တွင် ပြင်သစ်-အင်္ဂလိုဆက်ဇွန် ရောနှောဓလေ့ပေါ်ထွန်းလာရပြီး အင်္ဂလိပ်ဘာသာစကား ဟူ၍ ဘာသာစကားအသစ်ပေါ်ထွန်းလာပြီး ကျယ်ပြန့်စွာ သုံးစွဲလာခဲ့သည်။နောက်ရာစုနှစ် ၃ခုကျော်၊ ၄ခုအတွင်းတွင် အင်္ဂလိပ်လူမျိုးတို့၏ သဒ္ဒါသုံးစွဲပုံမှာလည်း ပြောင်းလဲလာသည်။
 
အင်္ဂလိပ်စာသည် နော်မန်ဘာသာမှ စကားလုံးပေါင်းမြောက်များစွာကို ငှားယူအသုံးပြုထားပြီး ထိုဘာသာစကားကို မစ်ဒယ်အင်္ဂလိပ်ဘာသာဟုခေါ်ကြသည်။ ဂျော့ဖါရီ ကာ့ဆာသည် လူသိများသည့် မစ်ဒယ်အင်္ဂလိပ်အရေးအသားအသုံးပြုသော စာရေးဆရာတစ်ရောက်ဖြစ်သည်။စာရေးဆရာတစ်ယောက်ဖြစ်သည်။ အသံထွက်များ ပြောင်းလဲလာပြီးနောက်ပိုင်း၌ မစ်ဒယ်အင်္ဂလိပ်သည် ခေတ်သစ်အင်္ဂလိပ်စာသို့ပြောင်းလဲလာခဲ့သည်။ [[ရှိတ်စပီးယား]]၏ စာပေများတွင် အလွန်ဟောင်းနွမ်းနေသည့် အရေးအသားကို တွေ့ရမည်ဖြစ်သည်။ သို့သော် ၎င်း၏ စာပေအရေးအသားသည် ခေတ်သစ်စာပေအရေးအသား ၏ ရှေ့ပြေးဟူ၍ ဂုဏ်ပြု သမုတ် ခဲ့ကြသည်။
 
အင်္ဂလိပ်စာသည် အခြားဘာသာစကားများကို ဆက်လက်ရယူပေါင်းထည့်ခဲ့သည်။ ပြင်သစ်ဘာသာမှ ၃၀%၊ ၄၀% ခန့်သော စာလုံးပေါင်းများ၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ စပိန်၊ ပေါ်တူဂီ စသောဘာသာစကားများကိုလည်း တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော နည်းဖြင့် ပေါင်းစပ်ထည့်သွင်းခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သိပ္ပံပညာရှင်များ၊ လေ့လာရေးပြုလုပ်သူများသည် အကြောင်းအရာတစ်ခုအား လေ့လာရာတွင် အခြားသူများနှင့် ဆက်သွယ်ပြောဆိုရန်လိုအပ်လာသည်။ ထို့ကြောင့် အခြားသူများနှင့် ဆက်သွယ်ပြောဆိုပြီး သိပ္ပံနည်းကျ လေ့လာမှုများပြုလုပ်ရန်အတွက် အခေါ်အဝေါ်များကို ရွေးချယ်အသုံးပြု ခေါ်ဝေါ်ကြရန်ဖြစ်သည်။
 
သမိုင်းကြောင်းအရ [[ဗြိတိသျှအင်ပါယာ]]၏ ကိုလိုနီချဲ့ထွင်မှုသည်လည်း အင်္ဂလိပ်ဘာသာစကားကို နေရာအနှံ့သို့ ပျံ့နှံ့သွားစေသော အကြောင်းရင်းတစ်ရပ်အဖြစ် ပါဝင်သည်။ ယခုအခါ အင်္ဂလိပ်ဘာသာစကားသည် အရေးပါသော ဘာသာစကားတစ်ခု အဖြစ်သို့ ရောက်ရှိခဲ့သည်။ ဥပမာအနေဖြင့် အိန္ဒိယနိုင်ငံ၊ ဩစတေးလီးယနိုင်ငံ၊ ကနေဒါနိုင်ငံ၊ ဟောင်ကောင်၊ ပါကစ္စတန်နိုင်ငံ၊ တောင်အာဖရိကတိုက်တို့တွင် အင်္ဂလိပ်ဘာသာသည် အခြားဘာသာများထက် ပိုမို အသုံးပြုခြင်းခံရသည်။ ၎င်းနိုင်ငံများသည် တချိန်က ဗြိတိသျှတို့၏ လက်အောက်ခံနိုင်ငံများ ဖြစ်ခဲ့ကြသည်။ ထို့အပြင် ဗြိတိသျှ ကျွန်းစုပေါ်ရှိ အင်္ဂလန်နိုင်ငံနှင့် [[အမေရိကန်ပြည်ထောင်စု]]တို့သည် ယခင်ကပင် စီးပွားရေး၊ နိုင်ငံရေးတို့တွင် အရှိန်အဝါရှိကြသည့်အလျောက် ထိုသူများနှင့်ဆက်ဆံရန်အတွက် အခြားလူမျိုးတို့သည် အင်္ဂလိပ်ဘာသာကို သင်ယူပြောဆိုဆက်ဆံ၍ နည်းပညာ အကူအများ၊အကူအညီများ၊ စီးပွားရေး အကူအညီများ၊ စိုက်ပျိုးရေး အကူအညီများ စသည့်တို့ကို ရယူရန်အတွက် အသုံးပြုခဲ့ကြသည်။ ထို့အပြင် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း အားလုံး လိုလို၌ပင် အင်္ဂလိပ်ဘာသာအား မိခင် ဘာသာ ပြီးလျှင် အခြား လေ့လာအပ်သော ဒုတိယဘာသာ အဖြစ် ပေါင်းထည့်သင်ကြားစေသည်။
 
အကျော်ကြားဆုံးသော ပုံပြင်၊ပြဇာတ်၊ သမိုင်းအကြောင်းအရာများသည် အင်္ဂလိပ်စာတွင် အများအပြားတွေ့ရသည်။ ရှိတ်စပီးယား၏ ကမ္ဘာကျော် ကဗျာများနှင့် ပြဇာတ်များသည် လူကြိုက်များသော စာပေဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့်ပင် ရေသားထားသည်။ ထို့အပြင် ရုပ်ရှင်၊ သီချင်းများသည် အင်္ဂလိပ်ဘာသာဖြင့်ပင် အသုံးပြုသေးသည်။