ဘုံတလာ ရေတံခွန်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
copyedit
စာကြောင်း ၁ -
{{unreferenced}}
'''ဘုံတလာ ရေတံခွန်'''သည် [[ချင်းပြည်နယ်]]၏ကျက်သရေဆောင်အရှည်ဆုံးရေတံခွန်ဖြစ်ပြီး [[မတူပီမြို့]]၏ (၁၆)မိုင်အကွာတွင် တည်ရှိသည်။ ဘုံတလာ ရေတံခွန်သည် အဆင့်ကိုးဆင့်ရှိပြီး အမြင့်ပေ ၁၅၀ဝ ရှိသည်။ အဆင့်ကိုးဆင့်ရှိသော်လည်း အဆင့်ငါးထိသာ သွားရောက်နိုင်ပြီး ကျန်အဆင့်များမှာ သွားရောက်ရန် မလွယ်ကူသေးပေ။
 
== အမည်ရင်းမြစ် ==
မတူပီရဲ့ သဘာ၀အလှရတနာ ဘုံတလာရေတံခွန်
ဘုံတလာ ဟူသောနာမည်သည် မတူလူမျိုးများ၏ အခေါ်အဝေါ်ဖြစ်ပြီး အထက်မှအောက်သို့ စီစီရီရီ စီးဆင်းလာခြင်းဟု အဓိပ္ပာယ်ရသည်။ [[မတူပီဘာသာစကား|မတူစကား]] (Bung Tla)ကို မြန်မာစာလို ဘာသာပြန်ရေးရာတွင် ဘုံတလာဟု သုံးနှုန်းရေးသားခြင်းဖြစ်သည်။
================================
 
== လမ်းခရီး ==
မြန်မာနိုင်ငံ အနောက်ဘက်ပိုင်းရှိ ချင်းပြည်နယ်၌ နာမည်ကြီးသည့် သဘာ၀အလှတရားများထဲတွင် ဘုံတလာရေတံခွန်လည်း ပါဝင်သည်။ ဘုံတလာရေတံခွန်သည် ချင်းပြည်နယ် မတူပီခရိုင် ထီစောင်းကျေးရွာ နယ်မြေထဲတွင် တည်ရှိသည်။ ဘုံတလာ ဟူသောနာမည်သည် မတူလူမျိုးများ၏ အခေါ်အဝေါ်ဖြစ်သည်။ အထက်မှအောက်သို့ စီစီရီရီ စီးဆင်းလာခြင်းဟု အဓိပ္ပာယ်ရသည်။ မတူစကား(Bung Tla)ကို မြန်မာစာလို ဘာသာပြန်ရေးရာတွင် ဘုံတလာဟု သုံးနှုန်းရေးသားခြင်းဖြစ်သည်။ ယခုအချိန်တွင် ဘုံတလာရေတံခွန်ဟု နာမည်ကြီး လူသိများလာခဲ့သည်။
ဘုံတလာရေတံခွန်သည် မတူပီမြို့၏ မြောက်ဘက်အရပ်တွင် တည်ရှိသည်။ ဘုံတလာရေတံခွန်သို့ ယခင်က ကားလမ်းမပေါက်ခဲ့ဘဲ မတူပီမြို့မှ နေ့ဝက် ခြေကျင်ခရီးဖြင့် သွားရောက်ခဲ့ကြရသည်။ ၂၀၁၃ ခုနှစ်တွင် ဘုံတလာရေတံခွန်သို့ လည်ပတ်သူများ အဆင်ပြေချောမွေ့စေရန် နိုင်ငံတော်အစိုးရ၏ ရန်ပုံငွေဖြင့် ကားလမ်းများ တိုးချဲ့ခဲ့ပြီး ထီစောင်းရွာအနီးအထိ ကတ္တရာလမ်း ခင်းပေးခဲ့သည်။ မော်တော်ကား၊ ဆိုင်ကယ်များ ဖြင့် ၁၂ မိုင်အထိ အရောက်သွားနိုင်ပြီး ကျန်ရှိသည့် သုံးမိုင်ခန့်မှာ ခြေလျင်ခရီးဖြစ်သည်။
 
==ကိုးကား==
ဘုံတလာရေတံခွန်သည် သဘာ၀အလှ မပျက်တည်ရှိနေပြီး ယနေ့တိုင် ဒေသခံ ပြည်သူများက ပြုပြင်မွမ်းမံခြင်းနှင့် ထိန်းသိမ်း ကာကွယ်ခြင်းလည်း မရှိသေးပေ။ သဘာ၀ အလှအတိုင်းသာထားရှိကြသည်။ အဆင့်ခုနစ် ဆင့်ရှိပြီး တစ်ဆင့်လျှင် ပေ ၆၀ ခန့် မြင့်သည်။ ဒုတိယအဆင့်တွင် လက်ယာဘက်မှ စီးဆင်း လာသည့် ရိန်ဆီးချောင်းရေတို့ နှင့် ပေါင်းစည်း ကာ ဆက်လက်စီးဆင်းကြသည်။ နိုင်ငံတကာ သတင်းနှင့်ပြည်တွင်းသတင်းများတွင် ဖော်ပြမှု များပြားလာခြင်းကြောင့် ခရီးသွားများ၏ စိတ်ဝင်စားမှုခံရပြီး ချင်းပြည်နယ်၏ လမ်းပန်း ဆက်သွယ်ရေးများ ကောင်းမွန်လာသည်နှင့် အမျှ နိုင်ငံခြားခရီးသွားများနှင့် ပြည်တွင်း ခရီးသွားများသည် လာရောက်လည်ပတ်နှုန်း များပြားလာသည်။
 
ဗမာစကားကို လည်လည်ပတ်ပတ်မပြော တတ်သည့် မတူပီသားတစ်ယောက်က အတန်း တက်ဖော် အညာသားတစ်ယောက်အား မတူပီ မြို့ ဘုံတလာရေတံခွန်သို့ အလည်လာရောက်ရန် ဖိတ်ခေါ်ရာ၌ ''ချင်းပြည်နယ် မတူပီမြို့မှာရှိတဲ့ ဘုံတလာရေတံခွန်ကို လာလည်လေ။ အင်မတန် ပျော်စရာကောင်းတယ်။ ချင်းပြည်နယ်ရောက် တာနဲ့ ကားထဲကနေ ထင်းရှူးရနံ့ ကြားစေရ မယ်။ ဘုံတလာရေတံခွန်ရောက်ရင် မြေကြီးမထိ ဘဲ ကျောက်ခဲပေါ်မှာ လမ်းလျှောက်စေရမယ်''ဟု ပြောဆို ဖိတ်ခေါ်ခဲ့လေ၏။ အညာသားက လည်း အဓိပ္ပာယ်ကို သဘောပေါက်ဟန်ဖြင့် ''ဟုတ်ကဲ့၊ လာလည်ချင်ပါတယ်''ဟု ဆိုကာ ခေါင်းညိတ်ပြလိုက်သည်။ မတူပီသားက ပြောပြ သည့် ဆိုလိုရင်းမှာ ချင်းပြည်နယ် မတူပီမြို့မှာ နာမည်ကြီးတဲ့ ဘုံတလာရေတံခွန်ကို သူငယ် ချင်းလည်း အလည်လာခဲ့ပါ။ ချင်းပြည်နယ် ရောက်တဲ့အခါ လေပြေညင်းလေးများက သယ်ဆောင်လာတဲ့ ထင်းရှူးရနံ့လေးတွေဟာ ကားကလေးစီးရင်း သင်းပျံ့တဲ့ရနံ့ ရနေပါတယ်။ မတူပီဘုံတလာရေတံခွန်ကို ရောက်တဲ့အခါ ဘုံတလာရေတံခွန်ပတ်ပတ်လည်ရှိ နံရံကမ်းပါး တွေနဲ့ မြေပြင်မြေသားတွေဟာ ကျောက်ဆောင်၊ ကျောက်သားတွေနဲ့ ဝန်းရံ၊ ကာရံနေတဲ့အတွက် မြေသားတွေ မရှိပါ။ ဒါကြောင့် ''မြေကြီးမထိဘဲ ကျောက်ခဲပေါ်မှာ လမ်းလျှောက်စေရမယ်''ဟု ပြောလိုက်ခြင်း ဖြစ်သည်။
 
တည်နေရာအနေအထားနှင့်
အလည်အပတ်များဖြင့်စည်ကား
 
ဘုံတလာရေတံခွန်သည် မတူပီမြို့၏ မြောက်ဘက်အရပ်၌ တည်ရှိပြီး မတူပီမြို့မှ လှမ်းမျှော်မြင်တွေ့နိုင်သည်။ မတူပီမြို့မှ ၁၅ မိုင် ခန့်သာ ဝေးကွာသည့် ဘုံတလာရေတံခွန်သို့ ယခင်က ကားလမ်းမပေါက်။ မတူပီမြို့မှ နေ့ဝက် ခြေကျင်ခရီးဖြင့် ဘုံတလာရေတံခွန်သို့ တစ်ည အိပ်၊ နှစ်ညအိပ်အဖြစ် သွားရောက်ကြရ သည်။ ဘုံတလာရေတံခွန်အနီး ပတ်ပတ်လည် တွင် အဖွဲ့အလိုက် တဲလေးထိုး၍ အိပ်ကြရ သည်။
၂၀၁၃ ခုနှစ်တွင် ဘုံတလာရေတံခွန်သို့ လည်ပတ်သူများ အဆင်ပြေချောမွေ့စေရန် နိုင်ငံတော်အစိုးရ၏ ရန်ပုံငွေဖြင့် ကားလမ်းများ တိုးချဲ့ခဲ့ပြီး ထီစောင်းရွာအနီးအထိ ကတ္တရာလမ်း ခင်းပေးခဲ့သည်။
 
မော်တော်ကား၊ ဆိုင်ကယ်များ ဖြင့် ၁၂ မိုင်အထိ အရောက်သွားနိုင်ပြီး ကျန်ရှိ သည့် သုံးမိုင်ခန့်ကို ခြေကျင်ခရီး နှင်ရသည်။ ဒေသခံလူငယ်များ၊ အဖွဲ့အစည်းများသည် ဘုံတလာကိုသာ ရွေးချယ်ပြီး ပျော်ပွဲစားခရီးများ သွားကြသည်။ ဒေသခံများက မတူပီမြို့သို့ ရောက်ရှိလာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ခြားမိတ်ဆွေများ၊ သူငယ်ချင်းများနှင့် တခြားဧည့်သည်တော်များကို ဘုံတလာရေတံခွန် အလှတရားဖြင့် ဧည့်ခံကြိုဆိုကြသည်။ မတူပီမြို့ သို့ လာရောက်သူတိုင်းသည်လည်း ဘုံတလာ ရေတံခွန်သို့ မဖြစ်မနေ သွားရောက်လည်ပတ်ကြ သည်။
 
ဘုံတလာရေတံခွန်သို့ ရောက်ရောက်ချင်း တွင် အပေါ်ဆုံးအဆင့်သုံးဆင့်ကို လှမ်းမြင်ရ သည်။ အောက်ဘက်သို့ ဆက်ဆင်းပါက ဒုတိယ အဆင့်သို့ ရောက်သည်။ တစ်ဆင့်နှင့်တစ်ဆင့် အလွန်မြင့်လွန်းသည့်အတွက် တတိယအဆင့်ထိ သာ သွားလာနိုင်သည်။ ယခုချိန်တိုင် အပေါ်ဆုံး အဆင့်အထိ တက်ရောက်နိုင်သူ မရှိခြင်းသည် ဘုံတလာရေတံခွန်၏ ထူးခြားမှုလည်းဖြစ်သည်။ အပေါ်ဆုံးအဆင့်သို့ တက်ရောက်နိုင်သူရှိသည်ဟု ကြားသိရသော်လည်း မည်သူမည်ဝါ၊ နာမည်နှင့် တကွ မည်သူမှ တိတိကျကျ မဖော်ပြနိုင်ပါ။ မှန်ပြောင်းဖြင့် လှမ်းကြည့်ရာတွင် အပေါ်ဆုံးအဆင့် ၌ လူတစ်ယောက်လုံး မတ်တတ်ရပ်နိုင်မည့် နေရာလည်း ရှိဟန်မတွေ့ရပါ။
ထို့ကြောင့် မည်သူမှလည်း တက်ရောက်နိုင် အောင် မစွန့်စားရခြင်း ဖြစ်သည်။ ဘုံတလာ ရေတံခွန်သည် ထီစောင်းကျေးရွာ နယ်ပိုင်တွင် တည်ရှိပြီး ထီစောင်းကျေးရွာရှိ ရပ်မိ၊ ရပ်ဖများ နှင့်လူငယ်များက ဘုံတလာရေတံခွန်တွင် လာ ရောက်လည်ပတ်သူတိုင်း အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရန် အမှိုက်ပုံးများ ထားပေးခြင်း၊ အညစ် အကြေးစွန့်ပစ်ရန်အိမ်သာများ အသင့်တည် ဆောက်ပေးခြင်းနှင့် ဘုံတလာရေတံခွန်အရောက် ကုန်းဆင်းတွင် ကိုယ့်အားကိုယ်ကိုးဖြင့် လှေကား ထစ်လေးများ တည်ဆောက်ပေးထားကြသည်။ ထိုသို့ ပြုလုပ်ပေးခြင်းအားဖြင့် လာရောက် လည်ပတ်သူများအတွက် အဆင်ပြေချောမွေ့ စေသည်။
 
သဘာ၀ကျောက်ဆောင်ပျားအုံများ
 
ဘုံတလာရေတံခွန်ပတ်လည်ရှိ ကမ်းပါးပေါ် တွင် သဘာ၀ကျောက်ဆောင် ပျားအုံများ ဆန်ကောပုံစံဖြင့် တွဲလောင်းကျ၍ တည်ရှိခြင်းသည် ဘုံတလာရေတံခွန်၏အလှကို ထပ်မံမွမ်းမံပေးသည့် အရာတစ်ခု ဖြစ်သည်။ ညနေနေဝင်ချိန်တွင် တောင်ပေါ်တောနက်အရပ်မှ အုပ်စုလိုက် ဆင်းလာ သည့် ဒေသမျောက်အုပ်စုက ကျောက်ဆောင် ပျားအုံထဲရှိ ပျားရည်များကို လာရောက်စားသောက် ကြသည်။ ဒေသမျောက်အုပ်စုက ပျားအုံများ အစု လိုက် လုယက်စားနေပုံများကို ဘုံတလာရေတံခွန် ပတ်ပတ်လည်မှ လှမ်းမြင်နိုင်သည်။
ကျောက်ဆောင်ပျားများသည် မွေးမြူရေး ပျားများထက် တစ်ဆကြီးသည်။
 
ဒေသခံများက ကျောက်ဆောင်ပျားများသည် မိမိရန်သူကို မှတ်မိ သည်ဟု ယနေ့တိုင် ယုံကြည်ထားကြသည် (ထိုသို့ ယုံကြည်ရခြင်းသည် သမိုင်းအထောက် အထားရှိသည်)။ ဒေသခံများ၏ မှတ်တမ်းအရ တွဲလောင်းကျနေသည့် ကျောက်ဆောင်ပျားအုံများ သည် ယခင် ၂၀၀၀ ပြည့်နှစ်တွင် တစ်ထောင်နီးပါး ရှိသော်လည်း ယခုတွင် ငါးရာပင် မပြည့်တော့ ကြောင်း သိရသည်။
 
ဆေးဖက်ဝင်ဂမုန်းပင်များ
 
ထို့နည်းတူ ဆေးဖက်ဝင် ဂမုန်းပင်များလည်း ကျောက်ကမ်းပါးကြား နေရာအနှံ့တွင် သဘာ၀ အတိုင်း ပေါက်ရောက်ကြသည်။ ရှေးခေတ်လူကြီး များကဗိုက်နာ၊ ဝမ်းလျှောသည့်အခါ ဂမုန်းပင်ကို လာရောက် ခူးယူခဲ့ကြပြီး သဘာ၀ဆေးဝါးအဖြစ် အသုံးပြုကြသည်ဟု သိရသည်။ ယခုအခါ ဆေးဂမုန်းပင်လည်း ပျောက်ကွယ်လုနီးပါး ဖြစ်နေ ပြီဖြစ်သည်။ လာရောက်လည်ပတ်သူများနှင့် ဒေသခံအချို့က ဝါးတုတ်များဖြင့် ခူးယူခြင်း၊ အိမ်တွင်အလှစိုက်ပျိုးရန် ခူးယူခြင်းများကြောင့် ဖြစ်သည်။
 
တစ်နှစ်ပြီးတစ်နှစ် တောင်ကျရေများ
တဖြည်းဖြည်းခန်းခြောက်လာစပြုလာ
 
နွေရာသီကာလနှင့် ဆောင်းရာသီကာလတွင် ဘုံတလာရေတံခွန်သို့ လာရောက်လည်ပတ်သူများ ဖြင့် အလွန်စည်ကားလေ့ရှိသည်။ ဘုံတလာ ရေတံခွန်သည် နွေကာလထက် မိုးတွင်းကာလတွင် တောင်ကျရေများပြီး ပို၍လှပသည်။ သို့သော် နွေကာလတွင် တောင်ကျရေများ ခန်းခြောက်လု နီးပါးရှိခြင်းကြောင့် မိုးတွင်းကာလကဲ့သို့ မလှနိုင် တော့ပြီ။ ဘုံတလာရေတံခွန်သို့ မိုးရာသီတွင် လာရောက် လည်ပတ်သူ နည်းပါးရခြင်းသည် ချင်းပြည်နယ်၏ မိုးရာသီ၌ ကားလမ်းများ မြေပြို ၍ လမ်းပန်းဆက်သွယ်သွားလာရေး ခက်ခဲခြင်း ကြောင့်ဖြစ်သည်။
 
မိုးရာသီကာလ ဘုံတလာ ရေတံခွန်၏ သဘာ၀အလှတရားကို ရှုမြင်ဖူးသူ နည်းပါးသည်။ ဒေသခံများပင် တော်ရုံဖြင့် မသွား နိုင်ပေ။ သို့သော် မိုးရာသီတွင် ဘုံတလာရေတံခွန် အရောက် သွားနိုင်သူများက မှတ်တမ်းယူလာသည့် ဗီဒီယိုများနှင့် ဓာတ်ပုံများကို ဒေသခံများနှင့် ကြည့်ရှုသူတိုင်းက အလွန်နှစ်ခြိုက်သဘောကျ ကြသည်။
 
ဘုံတလာရေတံခွန်သည် ယခင် ၂၀၀၀ ပြည့် နှစ် နွေရာသီကာလတွင် တောင်ကျရေများ များ နေခြင်းကြောင့် အလွန်လှပနေသေးသည်။ ယခင် ဓာတ်ပုံဟောင်းများကို ပြန်လည်ကြည့်ရှုခြင်းအား ဖြင့် သိနိုင်သည်။
 
ယခုတွင်မူ တောင်ကျရေများ သိသိသာသာ လျော့နည်းလာပြီ။ နောင်နှစ် အနည်းငယ်အကြာတွင် တောင်ကျရေ ခန်းခြောက် သွားမည်ဆိုလျှင် ဘုံတလာရေတံခွန်သည် အပေါ် အဆင့်ငါးဆင့်အထိ ရေစီးဆင်းမှု ပျောက်ကွယ် သွားမည်ဖြစ်ပြီး လက်ယာဘက်မှ စီးဆင်းလာသည့် ရိန်ဆီးချောင်းရေနှင့် ပေါင်းဆုံစီးဆင်းသည့် ပထမ အဆင့်နှင့် ဒုတိယအဆင့် နှစ်ဆင့်သာ ကျန်ရှိတော့ မည်ဖြစ်သည်။ တောင်ကျရေ နည်းပါးရခြင်း အဓိကအကြောင်းရင်းသည် တောင်ကျရေ ပတ်လည်ရှိ သစ်တောများ ပြုန်းတီးခြင်းကြောင့် ဖြစ်သည်။
 
တောင်ကျရေနှင့် နီးစပ်သည့် ကျေးရွာများက တောင်ကျရေပတ်ပတ်လည်နားတွင် တောင်ယာ ခုတ်ထွင်ခြင်း၊ ဒေသခံအချို့က ဘုံတလာရေတံခွန် အလွန်တွင် သစ်များ ခိုးထုတ်ခြင်းကြောင့် ဖြစ် သည်။ ဘုံတလာရေတံခွန်အလွန်သို့ ဒေသခံ တချို့ အလွယ်တကူ သွားလာနိုင်သော်လည်း သာမန်လူများမူ သွားရောက်နိုင်ရန် အင်မတန် ခက်ခဲသည်။ ဘုံတလာရေတံခွန်အလွန်သို့ သွား ရောက်နိုင်သူနည်းပါးပြီး ဒေသခံမုဆိုးများသာ သွားလာနိုင်ကြသည်။ ဘုံတလာရေတံခွန် ပတ်လည်ကိုဘေးမဲ့တောအဖြစ် သတ်မှတ်ထား ကြောင်း မတူပီမြို့ သစ်တောဦးစီးဌာနမှ သိရ သည်။
 
ဒေသခံပြည်သူများက ဘုံတလာရေတံခွန်၏ အလှတရားကို ဆက်လက်ထိန်းသိမ်းနိုင်ရန် အတွက် ဥပဒေနှင့်အညီ ထိရောက်သည့် ဘေးမဲ့တောနှင့် သစ်တောထိန်းဧရိယာကို သတ်မှတ်အကောင်အထည်ဖော်ဆောင်ရန် လိုလားကြသည်။
 
သစ်တောပြုန်းတီးမှုကို ကောင်းမွန်စွာ မထိန်းသိမ်းနိုင်ပါက နောက် နှစ်အနည်းငယ် အကြာတွင် ဘုံတလာရေတံခွန် ၌ စီးကျလာသည့် တောင်ကျရေမှာ ခန်းခြောက် နိုင်သည်ဟု ဘုံတလာကို ချစ်မြတ်နိုးသည့် လေ့လာသူများနှင့် ဒေသခံပြည်သူများက ဆိုကြသည်။ ယခင် ၂၀၀၀ ပြည့်နှစ် နွေရာသီ ကာလ ဘုံတလာရေတံခွန်၏ တောင်ကျရေနှင့် ယခု ၂၀၁၉ ခုနှစ် ဘုံတလာရေတံခွန်၏တောင် ကျရေသည် အလွန်ကွာခြားနေပြီ ဖြစ်သည်။
ဘုံတလာရေတံခွန်အလှသည် ချင်းပြည် နယ်နှင့် မတူပီမြို့ကို ပေါ်လွင်ထင်ရှားစေသည့် သဘာ၀အလှဆိုလျှင်လည်းမှားမည်မထင်ပါ။ ယင်းအဖြစ်ကို မတူပီမြို့နယ် ဒေသခံအားလုံးက သတိထားမိသော်လည်း ယနေ့တိုင် ဘုံတလာ ရေတံခွန်ကို ထိထိရောက်ရောက် ထိန်းသိမ်း ကာကွယ်ရန်အတွက် လူမှုအဖွဲ့အစည်းများနှင့် ဥပဒေများ မရှိခြင်းသည် အင်မတန် ဝမ်းနည်း စရာ ကောင်းလှသည်။
 
ထိရောက်သည့် ဥပဒေချမှတ်ပြီး
ထိန်းသိမ်းကာကွယ်သင့်
 
ဘုံတလာရေတံခွန်သည် မြန်မာနိုင်ငံနှင့် ချင်းပြည်နယ်တို့၏ သဘာ၀ကြေးမုံအလှလည်း ဖြစ်သည်။ ချင်းပြည်နယ်တွင် သစ်ပင်များ သဘာ၀အတိုင်း ပေါက်ရောက်ကြီးထွားနှုန်း လျင်မြန်သည်။ ဘုံတလာရေတံခွန်ကို ထိန်းသိမ်း ကာကွယ်ရန်အတွက် သစ်ပင်များ ထပ်မံစိုက်ပျိုး ရန်ထက် ဘုံတလာရေတံခွန်တောင်ကျရေနှင့် သုံးမိုင်ပတ်လည်ရှိ သစ်ပင်များ ခုတ်ထွင်ခြင်း၊ တောင်ယာများ ခုတ်ထွင်ရာမှ ကြိုတင် ကာကွယ်ခြင်း၊ သစ်ခိုးထုတ်မှုများကို ဥပဒေနှင့် အညီ ထိထိရောက်ရောက် အရေးယူနိုင်ပါက အချိန်မီ ပါသေးသည်။ ဘုံတလာရေတံခွန် အလှ ကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ဒေသခံ ပြည်သူများ၊ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်း ရေးအဖွဲ့များနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း ၍ ထိန်းသိမ်းစောင့်ရှောက်ရန် အင်မတန် အရေးကြီးနေပြီဖြစ်သည်။ ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ခြင်းမရှိဘဲ လျစ်လျူရှုမည်ဆိုပါက နောင်နှစ်အနည်းငယ်အကြာ၌ နွေရာသီတွင် တောင်ကျရေခန်းခြောက်ပြီး မိုးရာသီကာလ တစ်ရာသီမှသာ ဘုံတလာရေတံခွန်သည် တောင်ကျရေများ စီးဆင်းနိုင်တော့မည် ဖြစ် သည်။
ပြည်တွင်း ပြည်ပ ခရီးသွားများကို ဆွဲဆောင်ထားနိုင်သော ဘုံတလာတောင်ကျရေ ခန်းခြောက်မည်ဆိုပါက ချင်းပြည်နယ်၏ သဘာ၀အလှတရားတစ်ခု ပျောက်ကွယ်သွား ခြင်းလည်း ဖြစ်သည်။ ။=ကိုးကား==
<references/>