"ဟစနီး မူဘာရက်" ၏ တည်းဖြတ်မှု မူကွဲများ

၁၆၃၀၀ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၅ လ
not completed
အရေးမကြီး (ဟူစနီ မူဘာရက် စာမျက်နှာကို ဟစနီး မူဘာရက် သို့ Aungookingofcelestialsက ရွှေ့ခဲ့သည်: arabic အသံသည် 'ဟ'နှင့် ပို၍ နီးစပ်သဖြင့်)
(not completed)
 
== ငယ်စဉ်ဘဝနှင့် လေတပ်အမှုထမ်းခြင်း ==
၁၉၂၈ မေ ၂၄တွင် မူဘာရက်ကို အီဂျစ်နိုင်ငံ မန်နူဖက်ယဲ့(Monufia)အုပ်ချုပ်ရေးနယ်မြေ၊ ကားဖ်ရ် အက်ရှ် မဆဲဟာ(Kafr El-Meselha)တွင် မွေးဖွားခဲ့သည်။<ref>{{Cite web |url=http://news.xinhuanet.com/english2010/world/2011-02/11/c_13726572.htm |title=Profile: Egyptian President Hosni Mubarak |date=10 February 2010 |website=Xinhua News |url-status=dead |archive-url=https://web.archive.org/web/20110214024928/http://news.xinhuanet.com/english2010/world/2011-02/11/c_13726572.htm |archive-date=14 February 2011 }}</ref> ၁၉၄၉ ဖေဖော်ဝါရီလတွင် စစတက္ကသိုလ်ပြီး၍ အီဂျစ်လေတပ်တွင် အမှုထမ်းသည်။<ref name="EAF">{{Cite web |url=http://www.mmc.gov.eg/branches/AIRFORCE/gg16.htm |title=Air Marshal Mohammed Hosni Mubarak |website=Egyptian Armed Forces Web Site |publisher=Egyptian Armed Forces |archive-url=https://web.archive.org/web/20100323064657/http://www.mmc.gov.eg/branches/AIRFORCE/gg16.htm |archive-date=23 March 2010}}</ref> လေကျောင်းသိပ္ပံဘွဲ့ရရှိခဲ့သည်။<ref name="madamasr">{{cite news |title=Hosni Mubarak (1928–2020): The rise and fall of Egypt's longest-ruling president |url=https://madamasr.com/en/2020/02/25/feature/politics/hosni-mubarak-1928-2020-the-rise-and-fall-of-egypts-longest-ruling-president/ |work=Mada |date=25 February 2020 |archiveurl=https://web.archive.org/web/20200225171522/https://madamasr.com/en/2020/02/25/feature/politics/hosni-mubarak-1928-2020-the-rise-and-fall-of-egypts-longest-ruling-president/ |archivedate=25 February 2020}}</ref>
 
လေတပ်ဌာနအမျိုးမျိုး၌အမှုထမ်းပြီး<ref name="EAF" /> ၁၉၅၀ခုနှစ်များဆီမှ ၁၉၅၉ထိ လေတပ်တက္ကသိုလ်တွင် သရုပ်ပြဆရာလုပ်သည်။<ref name="EAF" /> ၁၉၅၉မှ ၁၉၆၁ထိ ဆိုဗိယက်ပြည်ထောင်စုတွင် လေယာဉ်မောင်းသင်တန်းများတက်ခဲ့သည်။<ref name="PBS1">{{cite news |last1=Epatko |first1=Larisa |title=Timeline: Hosni Mubarak, Egypt's President for Three Decades, Resigns |url=https://www.pbs.org/newshour/world/egypts-president-resigns |accessdate=26 February 2020 |date=11 February 2011}}</ref> အီဂျစ်သို့ပြန်ရောက်ပြီးနောက် လေတပ်အရာရှိ၊ လေတပ်အခြေစိုက်အရာရှိအဖြစ် အမှုထမ်းခဲ့သည်။<ref name="EAF" />
 
၁၉၇၃တွင် လေတပ်မတော်၏ အုပ်ချုပ်သူအရာရှိနှင့် ကာကွယ်ရေး ဒုဝန်ကြီးဖြစ်ကာ ၁၉၇၃တွင် အာရပ်-အစ္စရေးစစ်ပွဲ ဖြစ်ပွားမှု၌ ဆူးအက်တူးမြောင်း အရှေ့ကမ်းရှိ အစ္စရေးစစ်သားများကို ကိုရှောင်တခင်လေတပ်စစ်ဆင်ရေးလုပ်ခဲ့သည်။ အီဂျစ်လေယာဉ်မှူးများသည် ပစ်မှတ် ၉၀%ထိမှန်အောင်ပစ်ခတ်နိုင်သဖြင့် မူဘာရက်သည် နိုင်ငံ၏ သူရဲကောင်းဖြစ်လာခဲ့သည်။<ref name="Hosni Mubarak Fast Facts">CNN Library, [http://www.cnn.com/2013/01/07/world/meast/hosni-mubarak---fast-facts/ Hosni Mubarak Fast Facts]. 31 May 2014</ref> နောက်တစ်နှစ်၌ ထိုစစ်ပွဲအား အသိအမှတ်ပြုသည့် အနေဖြင့် လေတပ်စစ်ဦးစီးချုပ်ဖြစ်လာခဲ့သည်။<ref name="EAF" /><ref>{{Cite news |last=de Borchgrave |first=Arnaud |url=http://www.washingtontimes.com/news/2011/feb/2/the-mubarak-legend/ |title=The Mubarak legend – Longtime strongman can't withstand media barrage |date=2 February 2011 |work=The Washington Times |access-date=3 February 2011 |author-link=Arnaud de Borchgrave}}</ref> စစ်ပွဲ၌ အီဂျစ်နိုင်ငံ၏ အစောပိုင်းခိုင်မာသည့် ဆောင်ရွက်ချက်များကြောင့် တရားဝင်ကြေငြာချက်များတွင် မူဘာရက်ကို ချီးမွမ်းမှုများရှိခဲ့သည်။<ref>{{Cite news |url=https://www.telegraph.co.uk/news/1400123/Middle-East-factfile-Key-figures.html |title=Middle East factfile: Key figures |date=15 January 2002 |work=The Daily Telegraph |access-date=7 February 2011 |location=UK}}</ref> မူဘာရက်၏ ဩဇာလွှမ်းမိုးမှုကို ယခင်တပ်ကာကွယ်ရေးဦးစီးချုပ် Saad el-Shazly ၏ သမီး Shahdan El-Shazliက မူဘာရက်သည် စာရွက်စာတမ်းများလဲထားကြောင်း၊ ၁၉၇၃အစောပိုင်းအောင်မြင်မှုများအတွက် ၎င်းဖခင်ရမည့် ချီးကျူးမှုများကို ယူသွားကြောင်း ပြောဆိုခဲ့၏ ။ နောက်ဆက်လက်ပြောဆိုသည်မှာ စစ်ရေးဆိုင်ရာအမိန့်ပေးသည့် အခန်းတစ်ခု၌ ဆွေးနွေးမှုများနှင့်ပတ်သက်သည့် ဓါတ်ပုံများမှာ ပြောင်းလဲထားကြောင်းနှင့် ထိုပုံများတွင် Saad El-Shazliကို ဖျက်ထားပြီး မူဘာရက်နှင့် အစားထိုးထားကြောင်းလည်းပြောဆိုသွားခဲ့သည်။<ref>{{Cite web |url=http://www.almasry-alyoum.com/article2.aspx?ArticleID=288933&IssueID=2058 |last=Khalid |first=Osama |date=26 February 2011 |website=Almasry Alyoum |language=Arabic |script-title=ar:ابنة الفريق سعدالدين الشاذلى لـ"المصري اليوم": "مبارك" زوّر التاريخ ووضع صورته مكان والدى فى "غرفة عمليات أكتوبر" |url-status=dead |archive-url=https://web.archive.org/web/20110425231850/http://www.almasry-alyoum.com/article2.aspx?ArticleID=288933&IssueID=2058 |archive-date=25 April 2011 }}</ref>
 
== ဒုတိယသမ္မတ နှင့် သမ္မတတာဝန် ==
၁၉၇၅ ဧပြီတွင် အန်းဝေါ ဆက်ဒတ်က မူဘာရက်ကို ဒုတိယသမ္မတခန့်အပ်ခဲ့သည်။<ref name="fortuneobit">{{Cite news |last=El-Tablawy |first=Tarek |url=https://fortune.com/2020/02/25/egypt-hosni-mubarak-pharaoh-president-arab-spring-dies/ |title=Egypt's Hosni Mubarak, 'pharaoh' president ousted during Arab Spring, dies at 91 |work=Fortune |access-date=25 February 2020 |ref=fortuneobit}}</ref> ဤရာထူး၌ အစ္စရေးနှင့် အနာဂတ်တွင်တိုက်ခိုက်ခြင်းမပြုပဲ ဆုတ်ခွာရန် စစ်တပ်သဘောတူညီမှုနှင့် စပ်လျဉ်း၍ ဆွေးနွေးတိုင်ပင်မှုတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။<ref>{{Cite web |url=https://aad.archives.gov/aad/createpdf?rid=118248&dt=2476&dl=1345 |title=Eilts to Kissinger, July&nbsp;22, 1975 |access-date=29 January 2011}}</ref> အစ္စရေးနှင့် တိုက်ခိုက်ခြင်းမပြုရန် ဆော်ဒီနှင့် ဆီရီးယာကိုလည်း တိုက်တွန်းသော်လည်း ဆီရီးယားမှ လက်မခံဘဲ ငြင်းဆန်သည်။<ref name="archive">{{Cite web |url=https://aad.archives.gov/aad/createpdf?rid=163165&dt=2476&dl=1345 |title=Eilts to Kissinger, September&nbsp;3, 1975 |access-date=29 January 2011}}</ref><ref>{{Cite web |url=https://aad.archives.gov/aad/createpdf?rid=158852&dt=2476&dl=1345 |title=Hermann Eilts (US Ambassador to Egypt) to Henry Kissinger, September&nbsp;5, 1975 |access-date=29 January 2011}}</ref> ဆော်ဒီအိမ်ရှေ့မင်းသားနှင့် ခင်မင်ရင်းနှီးလာခဲ့သည်။<ref name=sadhos2/> မူဘာရက်သည် အာရပ်ဒေသရှိ ထိပ်တန်းခေါင်းဆောင်များနှင့်ပါ ဆက်ဆံရေးတိုးတက်လာသည်။<ref name=sadhos2/>
 
[[File:Egyptian presidential referendum 1981 Akhbar newspaper.jpeg|thumbnail|Egyptian presidential referendum 1981 Akhbar newspaper]]
ဗိုလ်ကြီးတစ်ဦးဖြစ်သော Khalid Islambouliဦးဆောင်လာသောရစစ်သားများမှ ၁၉၈၁ အောက်တိုဘာတွင် သမ္မတ ဆက်ဒက်အားလုပ်ကြံသတ်ဖြတ်မှုတွင် မူဘာရက်ဒဏ်ရာရရှိခဲ့သည်။<ref>{{cite news |last1=Ajami |first1=Fouad |title=The Cop on the Banks of the Nile |url=https://www.wsj.com/articles/SB10001424052748704684604575381632573838138 |accessdate=26 February 2020 |publisher=Wall Street Journal |date=26 July 2010}}</ref> ဤအဖြစ်အပျက်ပြီးနောက် အီဂျစ်၏ စတုတ္ထမြောက် သမ္မတဖြစ်လာသည်။
 
===အီဂျစ်နိုင်ငံ အာရပ်အဖွဲ့ချုပ်သို့ ပြန်ဝင်ခြင်း===
သမ္မတ ဆက်ဒက်၏ အစ္စရေးနှင့် စစ်ပြေငြိမ်းမှုကြောင့် အီဂျစ်ကို အာရပ်အဖွဲ့ချုပ်က အသင်းဝင်အဖြစ် ဆိုင်းငံ့ခဲ့သည်။<ref>{{cite book |title=American Foreign Policy Basic Documents 1977-1980 (Communiqué by Arab League Council, 31 March 1979) |date=1983 |publisher=Department of State |location=Washington DC |pages=687–690 |url=https://books.google.co.uk/books?id=vLhIAQAAMAAJ&pg=PA687 |accessdate=26 February 2020}}</ref> ၁၉၈၂၌ မူဘာရက်က ဆော်ဒီဘုရင်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ပြန်လည်သင့်မြတ်မှုအစဖြစ်လာခဲ့သည်။<ref name="Islamic Imperialism 2006, p. 175">{{Cite book |last=Karsh |first=Efraim |title=Islamic imperialism: A History |date=2006 |publisher=Yale University Press |isbn=0-300-10603-3 |location=New Haven |page=175 |oclc=62408708}}</ref> အီဂျစ်သည် အာရပ်အများဆုံးနေထိုင်သည့်တိုင်းပြည်ဖြစ်၍ ဆော်ဒီသည် အချမ်းသာဆုံးနိုင်ငံဖြစ်သဖြင့် အာရပ်ကမ္ဘာတွင် အီဂျစ်-ဆော်ဒီဝင်ရိုးသည် စွမ်းအားရှိသော အားတစ်ရပိဖြစ်လာခဲ့၏ ။ ၁၉၈၂ အာရပ်အဖွဲ့ချုပ်ထိပ်သီးဆွေးနွေးပွဲတွင် ဆော်ဒီက အီဂျစ်၏ ငြိမ်းချမ်ရေးအစီအစဉ်ကို တင်ပြခဲ့သည်။ ထိုအစီအစဉ်၌ အစ္စရေးက ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် ခွင့်ပြုရန်၊ အာရပ်ကမ္ဘာတစ်ခုလုံးက အစ္စရေးနှင့် ငြိမ်းချမ်းရေးယူရန်တို့ဖြစ်ကြသည်။<ref name="Islamic Imperialism 2006, p. 175" />
 
အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံက ၁၉၇၉မှစ၍ အစ္စလာမ္မစ်ကမ္ဘာကို ၎င်းကဦးဆောင်သူဖြစ်ကြောင်း ပြောကြားမှုများရှိခဲပြီး အထူးသဖြင့် ခေါင်းဆောင် ခိုမေးနီ(Khomeini) က အီရတ်၊ ဆော်ဒီ၊ ကူဝိတ်နှင့် ပါရှန်းပင်လယ်ကွေ့တောင်ပိုင်းရှိ အခြားအာရပ်နိုင်ငံများ၏ အစိုးရများကိုဖြုတ်ချရန် နှိုးဆော်သည်။ ထိုနိုင်ငံများကို တရားမဝင် နိုင်ငံများဟုလည်းသုံးနှုန်းသည်။<ref name="Islamic Imperialism 2006, p. 174">{{Cite book |last=Karsh |first=Efraim |title=Islamic Imperialism: A History |date=2006 |publisher=Yale University Press |isbn=0-300-10603-3 |location=New Haven |page=174 |oclc=62408708}}</ref> ခိုမေးနီ၏ အစ္စလာမ္မစ်ကမ္ဘာခေါင်းဆောင်ဖြစ်ရန် အခိုင်အမာပြောကြားမှု၊ ခိုမေးနီ၏ အစ္စလာမ်အစစ်မဟုတ်ဟုသတ်မှတ်သော ဆော်ဒီ၊ အီရတ်ကဲ့သို့သော ပစ်မှတ်ထားသည့် နိုင်ငံများ၏ အစိုးရပိုင်း၌ နက်နဲသောကြောက်စိတ်များ ကိန်းအောင်းလာစေရန် အလုပ်ဖြစ်မြောက်မည့် အီရန်တော်လှန်ရေးကိုသဘောများကို ထိုနိုင်ငံများသို့တင်ပို့ရန်ကြိုးပမ်းအားထုတ်မှုများရှိပြီးနောက်<ref name="Islamic Imperialism 2006, p. 174" /> အီရန်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် အခြားအာရပ်နိုင်ငံများက အီဂျစ်အား မိတ်ဖက်အဖြစ်မြင်လာခဲ့သည်။<ref name="Islamic Imperialism 2006, p. 174" /> ဆော်ဒီဘုရင်နှင့် အခြားပင်လယ်ကွေ့အာရပ်တိုင်းပြည်များအတွက် အစ္စရေး-ပါလက်စတိုင်းပဋိပက္ခသည် ဖျော့တော့လာကာ အစ္စလာမ္မစ်ကမ္ဘာခေါင်းဆောင်ဟု အီရန်၏ ဟိတ်ဟန်ထုတ်ခြင်းကို ခုခံရင်ဆိုင်ရန်အလို့ငှာ အီဂျစ်ကို လစ်လျူပြု၍မရပါ။ <ref name="Islamic Imperialism 2006, p. 174" />
 
အီရန်-အီရတ်စစ်ပွဲ (၁၉၈၀-၁၉၈၈) တွင် အီဂျစ်က အီရတ်ကို စစ်ရေးနှင့် စီးပွားရေးဆိုင်ရာအကူအညီပေးခဲ့သည်။<ref name="Islamic Imperialism 2006, p. 174" /> ၁၉၈၃ ဒီဇင်ဘာ၌ မူဘာရက်က ပါလက်စတနုင်းလွတ်မြောက်ရေးခေါင်းဆောင် ယာဆာ အာရာဖတ်ကို ကိုင်ရိုထိပ်သီးအစည်းအဝေးတွင်ကြိုဆိုခဲ့သည်။
 
== မှတ်စု ==
၁၅၇၂

တည်းဖြတ်မှုများ