ရှင်မာကုခရစ်ဝင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၀ -
ယုံကြည်ခြင်းကို အသားပေးသည့်အပြင် တက်ကြွသော ဟန်ပန်ရှိ၍ ရောမနှင့် လက် အောက်ခံနယ်သားများအတွက် အထူးရည်ရွယ်ရေးသားသော သတင်းကောင်းဖြစ်သည်။
 
ရှင်မဿဲနှင့်ရှင်လုကာခရစ်ဝင်ကျမ်းတွင် အနည်းအကျဉ်းသာပါပြသောအကြောင်းအရာများ ကိုလည်း အသေးစိတ်ဖော်ပြသည်။ ဥပမာ တပည့်တော်များအား စိတ်ဆိုး၍ ယေရုရှလင်လမ်းမပေါ်သို့​​​ဂျေရုဇလင်လမ်းမပေါ်သို့ သခင်ယေရှုလမ်းလျှောက်သည့်အကြောင်းတွေ့ရသည်။ ထိုအဖြစ်အပျက်သည် ပေတရုနှင့် သက်ထက် ဆုံးပေါင်းသင်းသူဖြစ်သောကြောင့် ပေတရုထံမှ ရရှိဟန်တူသည်။ ကျမ်းရေးသားပုံအရ ရှင်မာကုသည် ပေတုရုပြောပြသော ရှေးဟောင်းနှောင်းဖြစ် အဖြစ်အပျက်များကို အသေးစိတ်ပြန်လည် ချယ်မှုန်းခြင်းဖြစ် သည်။
 
ကျမ်းစာပညာရှင်အများစု ယုံကြည်သည်မှာ ကိုယ်လွတ်ရုန်းပြေးသွားသော လုလင်သည် မာကုဖြစ်သည်ဟု ထင်ကြေးပေးကြသည် (၁၄:၅)။ ထိုအချက်သည် ဤကျမ်းစာ၏ အထင်ရှားဆုံးကျမ်း ပိုဒ်ဖြစ်သည်။ ဤခရစ်ဝင်ကျမ်းကမူ သူကိုတိုင်ဖြစ်ပါသည်ဟု ထုတ်ဖော်ဝန်ခံခြင်းမရှိပါ။ ယောဟန် မာကုသည် ယေရုရှလင်၌ နေစဉ်တွင် ဤအဖြစ်အပျက်ကို ထုတ်ပြောခြင်းမရှိပါ။ အကယ်၍ ထိုသူသည် ရှင်မာကု သာမဟုတ်လျှင် ငယ်ရွယ်သော လုလင်ဟုပြောစရာအကြောင်းရှိမည်မထင်။ သို့ကြောင့် မာကု ဖြစ်မည်ဟု ထင်မှာတ်ကြသည်။