အင်တာနက်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
အရေးမကြီး Pyae1997 (ဆွေးနွေး) ၏ ပြင်ဆင်မှုများကို Ninjastrikers ၏ နောက်ဆုံးတည်းဖြတ်မူသို့ နောက်ပြန် ပြန်ပြင်ခဲ့သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
စာကြောင်း ၇ -
၁၉၆၀ခုနှစ်များက ပုဂ္ဂလိကနှင့် [[အမေရိကန်ပြည်ထောင်စု]]စစ်တပ် နှစ်မျိုးလုံး၏ ကြံ့ခိုင်ပြီး တော်ရုံအမှားခံနိုင်သော၊ ဖြန့်ဝေပေးသည့် ကွန်ပျူတာ ကွန်ယက်များအကြောင်း သုတေသန ပြုခြင်းများသည် အင်တာနက်၏ မူလအစ ဖြစ်ခဲ့သည်။ အမျိုးသား [[သိပ္ပံ]]ရေးရာ ဖောင်ဒေးရှင်း က ပံ့ပိုးသော အမေရိကန်ပြည်ထောင်စု၏ ကွန်ယက်နောက်ကျောရိုးသစ် အတွက် ရန်ပုံငွေ နှင့် အခြားသော စီးပွားရေးကွန်ယက် နောက် ကျော ရိုးသစ် အတွက် ကိုယ်ပိုင် ရန်ပုံငွေ တို့ကို ကမ္ဘာတဝှမ်းလုံးကို ကွန်ယက်ချိတ်ဆက်မှု နည်းပညာသစ်များ နှင့် ကွန်ယက်အများအပြားကို စုပေါင်းခြင်းများ တည်ဆောက်ဖွံ့ဖြိုးမှုတွင် ပါဝင်လာစေရန် ဦးဆောင်ဦးရွက်ပြုခဲ့သည်။ ၁၉၉၀ခုနှစ်များ၏ အလယ်နှစ်များက အပြည်ပြည်ဆိုင်ရာ ကွန်ယက်ကို စီးပွားဖြစ် ပြုလုပ်ခြင်းကြောင့် အင်တာနက်သည် လူသိများလာပြီး ခေတ်သစ်လူသားဘဝ၏ အရာရာတိုင်း နီးပါးတွင် ပေါင်းစပ်ဖွဲ့စည်းခြင်း အကျိုးများရရှိခဲ့သည်။ ၂၀၀၉ခုနှစ်မှစ၍ ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံခန့်သည် အင်တာနက် ဝန်ဆောင်မှုများကို အသုံးပြုနေပြီဖြစ်သည်။
 
နည်းပညာဆိုင်ရာ အကောင်အထည်ဖော်ခြင်းတွင်လည်းကောင်း ရယူခြင်းနှင့် အသုံးပြုခြင်းအတွက် ပေါ်လစီများတွင်လည်းကောင်း အင်တာနက်ကို ဗဟိုမှ ထိန်းချုပ်မှုမရှိပါ၊ ပေါင်းစပ်ပါဝင်သော ကွန်ယက်တစ်ခုစီသည် ၎င်း၏ ကိုယ်ပိုင် စံချိန်စံညွှန်းများကို သတ်မှတ်သည်။ အင်တာနက်တွင် အမည်နေရာပေးခြင်းဆိုင်ရာ နိယာမနှစ်ခုဖြစ်သည့် အင်တာနက် ပရိုတိုကော(လ်) လိပ်စာ နေရာနှင့် ဒိုမိန်း အမည် စနစ် တို့၏ လှည့်စားသော အဓိပ္ပါယ်သတ်မှတ်ချက်များကိုသာ ထန်းသိမ်းသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သော Internet Corporation for Assigned Names and Numbers (ICANN)က ညွှန်ကြားသည်။ အဓိက ပရိုတိုကော(လ်)များ(IPv4 နှင့် IPv6)၏ နည်းပညာဆိုင်ရာ နောက်မှထောက်ပံ့ခြင်းနှင့် စံချိန်စံညွှန်းသတ်မှတ်ခြင်းသည် Internet Engineering Task Force (IETF)၏ လှုပ်ရှားမှုဖြစ်သည်။ ၎င်းသည် နည်းပညာ ကျွမ်းကျင်မှုကို ထည့်ဝင်ခြင်းအားဖြင့် မည်သူမဆို ပါဝင်နိုင်သည့် အပြည်ပြည်ဆိုင်ရာ ပါဝင်သူများကို အဖွဲ့ဝင်အဖြစ် လျော့ရဲစွာ လက်ခံသော အကျိုးအမြတ် မရည်ရွယ်သော အဖွဲ့အစည်းဖြစ်သည်။အင်တာနက်ပိုင်ရှင်golemhero?အဖွဲ့အစည်းဖြစ်သည်။
 
== ပညာရပ်ဝေါဟာရ ==
စာကြောင်း ၃၁ -
ဆပ်သာလန်ကို ဆက်ခံသော ရောဘတ် တေလာ သည် ရောဘတ်(စ်)ကို သူ၏ ယခင်က ပက်ကက် လမ်းပြောင်းလွှဲခြင်း အောင်မြင်မှုအပေါ် ဆက်လက်လုပ်ဆောင်သွားပြီး IPTO ၏ သိပ္ပံပညာရှင်ချုပ် ဖြစ်လာစေရန် စည်းရုံးခဲ့သည်။ တစ်ခါတွင် ရောဘတ်(စ်)သည် ကွန်ပျူတာကွန်ယက်များ အရင်းမြစ်ဝေမျှခြင်း ဟုခေါ်တွင်သည့် အစီရင်ခံစာတစ်ခုကို ရေးသားခဲ့သည်။ ထိုအစီရင်ခံစာကို ၁၉၆၈ခုနှစ် ဇွန်လတွင် တေလာက အတည်ပြုခဲ့ပြီး နောက်နှစ်တွင် လုပ်ငန်းလုပ်ဆောင်သည့် ARPANET ကို စတင်ဆောင်ရွက်ရေးအတွက် အခြေခံအုတ်မြစ် ချခဲ့သည်။
 
များစွာသော လုပ်ဆောင်မှုများအပြီး ၁၉၆၉ခုနှစ် အောက်တိုဘာလ ၂၉ရက်နေ့တွင် UCLA ၏ အင်ဂျင်နီယာနှင့် အသုံးချသိပ္ပံကျောင်းရှိ ကလိန်းရော့(ခ်)၏ ကွန်ယက်တိုင်းတာခြင်းစင်တာနှင့် မန်နီလို ပါ့(ခ်)၊ [[myanmar countyကယ်လီဖိုးနီးယားပြည်နယ်]] SRI အင်တာနေရှင်နယ်(SRI)ရှိ ဒေါက်ကလပ်(စ်) အိန်ဂျယ်(လ်)ဘတ်(တ်)၏ NLS စနစ်အကြားရှိ ARPANET ဖြစ်လာနိုင်သည့် ပထမဆုံး ကွန်ပျူတာနှစ်ခုသည် အချင်းချင်း ချိတ်ဆက်နိုင်ခဲ့သည်။ ARPANET ပေါ်ရှိ တတိယနေရာမှာ ဆန်တာဘာဘရာရှိ ကာလီဖိုးနီးယား တက္ကသိုလ် ကူလာဖရိုင်း အပြန်အလှန် အကျိုးသက်ရောက်သော သင်္ချာ စင်တာ ဖြစ်ပြီး စတုတ္ထနေရာမှာ ယူတားတက္ကသိုလ် ဂရပ်ဖစ်ဌာန ဖြစ်သည်။ အနာဂတ် ဖွံ့ဖြိုးမှု၏ ရှေးဦးသင်္ကေအဖြစ် ၁၉၇၁ခုနှစ်ကုန်ပိုင်းတွင် သက်တမ်းနု ARPANETသို့ ချိတ်ဆက်ထားသော နေရာပေါင်း တစ်ဆယ့်ငါးခု ရှိနေပြီဖြစ်သည်။
 
ARPANET သည် ယနေ့အင်တာနက်၏ အကြိုကွန်ယက်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။ သီးခြား တည်ဆောက်မှုတစ်ခုအနေဖြင့် UK National Physical Laboratory မှ ဒေါ်နယ် ဒေးဗီး(စ်)သည်လည်း ပက်ကက် လမ်းပြောင်းလွှဲခြင်း အယူအဆကို ၁၉၆၀ခုနှစ်များ အစောပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့သည်။ ထိုအကြောင်းအရာကို ၁၉၆၅ခုနှစ်တွင် ဟောပြောခဲ့ပြီး နောက်ပိုင်းတွင် အတ္တလန်တိတ်သမုဒ္ဒရာ ကမ်းနှစ်ဘက်မှ နယ်ပယ်သစ်ရှိ အဖွဲ့များသည် သိကျွမ်းလာခဲ့ကြသည်။ အမှန်တကယ်အားဖြင့် ဒေးဗီး(စ်) အသစ်ထွင်ခဲ့သော စာလုံးများဖြစ်သည့် “ပက်ကက်” နှင့် “ပက်ကက် လမ်းပြောင်းလွှဲခြင်း”တို့ကို စံဝေါဟာရများအဖြစ် လက်ခံခဲ့ကြသည်။