ဝီကီပီးဒီးယား:မဆိုင်းမတွ ဖျက်ပစ်ရန်အတွက် သတ်မှတ်ချက်များ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ -
{{Policy shortcut|WP:CSD|WP:SPEEDY}}
 
'''မဆိုင်းမတွ ဖျက်ပစ်ရန်အတွက် သတ်မှတ်ချက်များ''' (criteria for speedy deletion) ဆိုသည်မှာ [[Wikipedia:Administrators|အက်ဒမင်များ]]အနေဖြင့် [[Wikipedia:Deletion process|ဖျက်ရန် ဆွေးနွေးခြင်း]] ပြုလုပ်ရန်မလိုဘဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ဝီကီပီးဒီးယား စာမျက်နှာ သို့မဟုတ် မီဒီယာများကို ချက်ခြင်းဖျက်ပစ်ခြင်း ဖြစ်သည်။ အောက်တွင်ဖော်ပြထားသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီနေသော ကိစ္စရပ်များတွင်သာ ဖြစ်သည်။
 
ဖျက်ပစ်ရန် ဆွေးနွေးခြင်းကို ကျော်ဖြတ်နိုင်ရန် အခွင့်အရေးမရှိသော စာမျက်နှာများနှင့် ဖိုင်များကို မဆိုင်းမတွဖျက်ပစ်ခြင်းဖြင့် အချိန်ပြုန်းတီးမှုမရှိစေရန် ရည်ရွယ်သည်။<ref>ဤနေရာတွင် "''speedy''" (အလျင်အမြန်) ဟုဆိုရာ၌ ရိုးရှင်းသော ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်ကို ရည်ညွှန်းပြီး ဆောင်းပါးဖန်တီးခဲ့သည့် အချိန်မှစ၍ ကြာချိန်ကို မဆိုလိုပါ။</ref>
 
သိသာထင်ရှားသော ကိစ္စများမှလွဲ၍ အက်ဒမင်များသည် စာမျက်နှာများ သို့မဟုတ် ဖိုင်များကို အလျင်အမြန် မဖျက်မိစေရန် ဂရုပြုရမည်ဖြစ်သည်။ စာမျက်နှာတစ်ခုသည် မကြာသေးမီက ပြုလုပ်သော ဖျက်ရန် ဆွေးနွေးခြင်းကို ကျော်ဖြတ်နိုင်ခဲ့ပါက အသစ်တွေ့ရှိရသော မူပိုင်ခွင့်ချိုးဖောက်မှုများနှင့် အောက်တွင်ပြထားသော သတ်မှတ်ချက်များနှင့် ကိုက်ညီနေသည့် အခြေအနေများမှ လွဲ၍ စာမျက်နှာကို အလျင်အမြန် မဖျက်သင့်ပေ။ တည်းဖြတ်ရေးသားသူများသည် တစ်ခါတစ်ရံတွင် စာမျက်နှာများကို များစွာသော တည်းဖြတ်မှုများဖြင့် ဖန်တီးလေ့ရှိသောကြောင့် စာမျက်နှာဖန်တီးပြီးနောက် မပြည့်စုံသေးသော စာမျက်နှာများကို ဖျက်ခြင်းအား အက်ဒမင်များအနေဖြင့် ရှောင်ကျဉ်သင့်ပါသည်။
 
မည်သူမဆို [[Wikipedia:Template messages/Deletion#Speedy deletion|အလျင်အမြန်ဖျက် တမ်းပလိတ်များ]]အနက် တစ်ခုကို ထည့်သွင်းခြင်းဖြင့် အလျင်အမြန်ဖျက်ရန် ဆောင်းဆိုနိုင်ပါသည်။ စာမျက်နှာတစ်ခုကို မဆိုင်းမတွဖျက်ရန် အဆိုမပြုမီ ထိုစာမျက်နှာသည် ပိုမိုတိုးတက်ကောင်းမွန်လာနိုင်ခြင်း၊ [[Wikipedia:Stub|ဆောင်းပါးတို]]အဖြစ် လျှော့ချနိုင်ခြင်း၊ အခြားတစ်နေရာသို့ ပေါင်းစပ်ခြင်း သို့မဟုတ် ပြန်ညွှန်းခြင်း၊ ပိုမိုသင့်တော်သည့် ယခင်ဗားရှင်းသို့ နောက်ပြန်ပြင်ခြင်း၊ သို့မဟုတ် အခြားနည်းလမ်း တစ်ခုခုဖြင့် ဖြေရှင်းနိုင်ခြင်း စသည်တို့ကို ထည့်သွင်းစဉ်းစားပါ။ စာမျက်နှာတစ်ခုသည် ယခင်[[Help:ဆောင်းပါးတစ်ပုဒ်၏မှတ်တမ်း|ရာဇဝင်များ]]အားလုံးသည်လည်း အလျင်အမြန်ဖျက်ရန် ကိုက်ညီနေမှသာ ထိုစာမျက်နှာသည် မဆိုင်းမတွဖျက်ရန် သတ်မှတ်ချက်နှင့် ညီညွတ်သည်။ အသုံးပြုသူများသည် စာမျက်နှာတစ်ခုကို မဆိုင်းမတွဖျက်ရန် အဆိုပြုရာတွင် မည်သည့်သတ်မှတ်ချက်နှင့် ကိုက်ညီသည်ကို ဖော်ပြပေးရန်နှင့် စာမျက်နှာဖန်တီးသူ သို့မဟုတ် အကြီးစားတည်းဖြတ်ထားသူ မည်သူကိုမဆို အကြောင်းကြားရန် လိုအပ်သည်။
 
{{Anchor|Removing speedy deletion tags}}
'''စာမျက်နှာ ဖန်တီးသူသည် မဆိုင်းမတွဖျက်ရန် tag လုပ်ထားခြင်းကို မဖယ်ရှားသင့်ပေ။''' စာမျက်နှာကို ဖန်တီးသူမဟုတ်သည့် တည်းဖြတ်သူတစ်ဦးကသာလျှင် ဖယ်ရှားသင့်သည်။ မဆိုင်းမတွဖျက်ခြင်းကို သဘောမတူသည့် ဖန်တီးသူသည် tag အတွင်းရှိ {{Button|Contest this speedy deletion}} ခလုတ်ကို နှိပ်ပြီး မည်သည့်အတွက်ကြောင့် မဖျက်သင့်သည်ကို ရှင်းပြဆွေးနွေးနိုင်သည်။ ထိုခလုတ်သည် [[Wikipedia:Talk page|ဆွေးနွေးချက်စာမျက်နှာရှိ]] အသင့်ပြင်ထားသော နေရာသို့ ချိတ်ဆက်ထားပေးသည်။ သို့သော်လည်း တစ်ဦးတည်းသော တည်းဖြတ်ထားသူမှ စာမျက်နှာကို ဗလာပြုလုပ်လိုက်ပါက ဖျက်ရန် တောင်းဆိုသည်ဟု ယူဆကာ ဗလာစာမျက်နှာကို ဖျက်ရန် {{Tl|Db-blanked}} တမ်းပလိတ်ဖြင့် tag တွဲမည်ဖြစ်သည်။ ([[Wikipedia:မဆိုင်းမတွ ဖျက်ပစ်ရန်အတွက် သတ်မှတ်ချက်များ#G7|G7]] ကို ကြည့်ပါ။)
 
__TOC__
 
== သတ်မှတ်ချက်များ ==
{{Shortcut|WP:GCSD}}