နတ်မောက်ဘုန်းကျော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၁၀ -
 
== မိသားစုဘဝ ==
နတ်မောက်ဘုန်းကျော်သည် နတ်မောက်မြို့နေအမိန့်တော်ရ ရှေ့နေကြီး ဦးအောင်ဖေ၊ ဒေါ်တင်ဥတို့၏သမီးလတ် ဒေါ်အေးရီနှင့် ၁၉၄၃ ခုနှစ် အောက်တိုဘာလတွင် လက်ထပ်ခဲ့ပြီး သားသမီးသုံးယောက်ထွန်းကားခဲ့သည်။ ဒေါ်အေးရီသည် [[ကိုလိုနီခေတ်]]၌ ဒီးဒုတ်သတင်းစာ၊ [[မြန်မာ့အလင်း သတင်းစာ]]တို့၏ နတ်မောက်သတင်းထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့ပြင် တို့ဗမာအစည်းအရုံးဝင် သခင်မတစ်ဦးဖြစ်ပြီး အရှေ့အာရှလူငယ်အစည်းအရုံး၏ နတ်မောက်မြို့၊ အမျိုးသမီးအစည်းအရုံး အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သည်။ သားသမီးသုံးဦးမှာ ဒေါ်ခင်ဘုန်းရီ (B.A.B.Ed)(အငြိမ်းစားအထက်တန်းပြဆရာမ) နှင့် ဦးဇော်ဝင်း (B.Sc)( လက်ထောက်ညွှန်ကြားရေးမှူးကြေးတိုင်နှင့်မြေစာရင်းဌာန ကသာခရိုင်) တို့ဖြစ်သည်။ သမီးဖြစ်သူဒေါ်ခင်ဘုန်းရီသည် ( နတ်မောက်အနီးချိုနတ်မောက်အနီချို) ကလောင်အမည်ဖြင့်လည်းကောင်း၊ သားဦးဖော်ဝင်းသည် တက္ကသိုလ်ယဉ်မင်းလတ် ကလောင်အမည်ဖြင့် လည်းကောင်း စာပေများ ရေးသားလျက်ရှိသည်။ ဇနီးဖြစ်သူ ဒေါ်အေးရီသည် ၁၉၇၃နှစ်၊ မတ်လ (၁၃) ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။ နတ်မောက်ဘုန်းကျော်သည် ရန်ကင်းမြို့ တိုက် ၂၈၂၊ အခန်း ၁၂ ၌ သမီးဖြစ်သူ ဒေါ်ခင်ဘုန်းရီနှင့် အတူနေထိုင်ကာ စာပေများကို လေ့လာပြုစုလျက် ရှိစဉ်အတွင်း ၂၀ဝ၆ ဒီဇင်ဘာ ၂၆ တွင် အမှတ် ၉၇၀ ၊ ဦးကြင်ဥ (၁)လမ်း ၊ ၃၂ ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်း နေအိမ်တွင် ကွယ်လွန်သွားခဲ့လေသည်။
 
==ကျမ်းကိုးစာရင်း==