လတ္တီကျူ: တည်းဖြတ်မှု မူကွဲများ

လတ္တီကျု ( Latitude ) နှင့်လောင်ဂျီကျု (Longitude )
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ -
လတ္တီကျု ( Latitude ) နှင့်
 
လောင်ဂျီကျု ( Longitude )
 
လတ္တီကျု နှင့် လောင်ဂျီကျု ( ယခင်က လတ္တီတွဒ် ၊ လောင်ဂျီတွဒ် ဟု ခေါ်ကြရဲ့ )မျဉ်းများသည် အမှန်တကယ်ရှိသော မျဉ်းများမဟုတ်ကြပေ ။ ကမ္ဘာပေါ်ရှိနေရာဒေသများ၏ တည်နေရာ အကွာအဝေးတို့ကို ဖော်ပြရန် ပထဝီဝင်ပညာရှင်များ စုပေါင်း ရေးဆွဲထားခြင်းမျှသာဖြစ်သည် ။
 
အီကွေတာနှင့်အပြိုင် ၊ ကမ္ဘာကြီးကိုဖြတ်၍ အရှေ့နှင့်အနောက် ဆက်ထားသောမျဉ်းများသည် လတ္တီကျုများဖြစ်ကြသည် ။ အီကွေတာသည် သုညဒီဂရီ လတ္တီကျုမျဉ်းဖြစ်သည် ။ လတ္တီကျုမျဉ်းများကို ၁၀ ဒီဂရီစီခြား၍ ရေးဆွဲထားပြီး အီကွေတာ၏မြောက်ဘက်ရှိမျဉ်းများကို မြောက်လတ္တီကျုမျဉ်းများ ၊ တောင်ဘက်ရှိမျဉ်းများကို တောင်လတ္တီကျုမျဉ်းများ ဟုခေါ်သည် ။ အီကွေတာမှမြောက်ဝင်ရိုးစွန်းအထိလည်းကောင်း ၊ တောင်ဝင်ရိုးစွန်းအထိလည်းကောင်း ၉၀ ဒီဂရီစီခွဲခြားထားသည် ။
 
မြောက်ဝင်ရိုးစွန်းနှင့်တောင်ဝင်ရိုးစွန်းတို့ကိုဖြတ်၍ တောင်နှင့်မြောက် ဆက်ထားသောမျဉ်းများသည် လောင်ဂျီကျုမျဉ်းများဖြစ်ကြသည် ။ လောင်ဂျီကျုမျဉ်းများကိုရေးဆွဲရာ၌ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့အနီး ဗြိတိသျှတော်ဝင်နက္ခတ်မျှော်စင်ထားရှိရာ ဂရင်းနစ်အရပ်ကိုဖြတ်၍ဆွဲထားသော
 
မျဉ်းမှအစပြုရေးဆွဲပြီး ထိုမျဉ်းကို သုညဒီဂရီလောင်ဂျီကျုမျဉ်းဟု သတ်မှတ်ခဲ့ကြသည် ။ ထိုမျဉ်းကို ဂရင်းနစ်မွန်းတည့်မျဉ်း ဟူ၍လည်းကောင်း ၊ ကမ္ဘာ့စံတော်ချိန်မျဉ်း ဟူ၍လည်းကောင်း ခေါ်ဆိုကြသည် ။ ထိုမျဉ်း၏အရှေ့ဘက်ရှိမျဉ်းများကို အရှေ့လောင်ဂျီကျုမျဉ်းများ ၊ အနောက်ဘက်ရှိမျဉ်းများကို အနောက်လောင်ဂျီကျုမျဉ်းများ ဟုခေါ်သည် ။ ကမ္ဘာကြီးသည် ၃၆၀ ံ ံလှည့်ပတ်နေသဖြင့် လောင်ဂျီကျုမျဉ်းများကို အရှေ့ဘက် ၁၈၀ ံ ၊ အနောက်ဘက် ၁၈၀ ံ ံစီရေးဆွဲထားသည် ။ ၁၈၀ ံ ံမျဉ်းမှာတစ်ကြောင်းတည်းသာ ရှိပြီး ၄င်းကို International Date Line ဟု ခေါ်သည် ။
 
မြန်မာနိုင်ငံရဲ့ တည်နေရာကို ဖော်ပြရင် မြောက်လတ္တီကျု ၉ ံ ၆ ´ နဲ့
 
၂၈ ံ ၅၄ ´ကြား ၊ အရှေ့လောင်ဂျီကျု အရှေ့လောင်ဂျီကျု  ၉၂ ံ ၂ ´ နဲ့
 
၁၀၁ ံ ၁၇ ´ ကြားမှာ တည်ရှိပြီး ၊ မြန်မာစံတော်ချိန်မျဉ်းက ၉၇ နှစ်ပိုင်းတစ်ပိုင်းဒီဂရီ အရှေ့လောင်ဂျီကျု မျဉ်း ဖြစ်ပါတယ် ။
 
==လတ္တီတွဒ်နှင့် လောင်ဂျီတွဒ်==
ကမ္ဘာလုံးမြေပုံကိုကြည့်လျှင်
Line ၅၁ ⟶ ၆၉:
တစ်မိနစ်သည် = ၁၅. ။<br>
တစ်စက္ကန့်သည် = ၁၅. ။ ဖြစ်လေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)</ref>
 
== ကိုးကား ==
<references/>
[[Category:ပထဝီဝင်]]