မြန်မာ့သမိုင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး 103.233.206.18 (ဆွေးနွေး) ၏ ပြင်ဆင်မှုများကို 2400:AC40:884:49FD:AA59:47DB:5AD:C88A ၏ နောက်ဆုံးတည်းဖြတ်မူသို့ နောက်ပြန် ပြန်ပြင်ခဲ့သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
စာကြောင်း ၃၁ -
 
== အင်းဝခေတ် ==
ပုဂံခေတ်ကုန်ဆုံးပြီးနောက်တွင် အစုစုကွဲပြားနေသည့်ပုဂံခေတ်ကုန်ဆုံးပြီးနောက်တွင်အစုစုကွဲပြားနေသည့် မြန်မာနိုင်ငံအထက်ပိုင်းဒေသကို စုစည်းသိမ်းသွင်းကာ အုပ်ချုပ်သည့် မင်းတစ်ပါး ပေါ်ထွန်းလာသည်။ ထိုသူမှာ ရှမ်းညီနောင်သုံးဦးမှ ဆင်းသက်လာသည့် [[အင်းဝ]]မြို့တည် [[သတိုးမင်းဖျား]] ဆိုသူဖြစ်သည်။ ဒုတိယ နန်းတက်သည့် [[မင်းကြီးစွာစော်ကဲ]] လက်ထက်မှစကာ အောက်အရပ် ရာမညမှ မွန်ပဒေသရာဇ်များ မညီညွှတ်သည်ကို အခွင့်ကောင်းယူသည့် အနေဖြင့် စစ်ပြုခဲ့သည်။ ထိုမှအစပြုကာ [[အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်]] ဖြစ်ပွားသည်။ မင်းကြီးစွာစော်ကဲနောက် နန်းတက်သည့် ဆင်ဖြူရှင် ၊ [[ဘုရင်မင်းခေါင်]]တို့လက်ထက်များအထိတိုင် တိုက်ခိုက်ခဲ့ရသည့် စစ်ပွဲဖြစ်ပေသည်။
 
ထိုမင်းများနောက် နန်းတက်သည့် မင်းများလက်ထက်တွင်လည်း တိုင်းပြည်အေးချမ်းရေးကို လိုလားစွာ ဆောင်ရွက်ကြသည်မရှိသလောက် နည်းပါးသဖြင့် အချိန်ကြာသည် နှင့်အမျှ အင်အားဆုတ်ယုတ်လာပြီး နောက်ဆုံးတွင် လက်အောက်ခံ ပဒေသရာဇ်များဖြစ်သည့် ရှမ်းစော်ဘွားများအင်အားကြီးလာသည်။ နောက်ဆုံးမင်းဖြစ်သည့် [[ရွှေနန်းကျော့ရှင်နရပတိ]] လက်ထက်တွင် ပြည်မင်း သတိုးမင်းစော နှင့် ရှမ်းစော်ဘွား မိုးညှင်းစလုံ၊ ၎င်း၏သား သိုဟန်ဘွားတို့က အင်းဝကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြသည်။