ဘလွင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၄၆ -
ရန်ကုန်မြို့ တိုင်းရင်းမြန်မာကျောင်း၌ စတင် ပညာသင်သည်။ ၁၉ဝဝ ပြည့်နှစ်တွင် ရန်ကုန် ဟိုက်စကူးကျောင်း၊ ၁၉ဝ၈ ခုနှစ်တွင် မော်လမြိုင်တွင် စိန့်ပက်ထရစ် အထက်တန်းကျောင်းတို့တွင် ပညာသင်သည်။ ၁၉၁၁ ခုနှစ်တွင် ကာလကတ္တား ယူနီဗာစီတီ၏ မက်ထရစ်ကူလေးရှင်း စာမေးပွဲကို ပထမအဆင့်မှ အောင်သည်။ တက္ကသိုလ်တွင် ဂျူနီယာ ပညာသင်ဆုနှင့် စီနီယာ ပညာသင်ဆုများ ရသည်။ အိုင်အေ အောင်ပြီး အိမ်ထောင်ကျကာ ရန်ကုန်ကောလိပ်မှ ထွက်ခဲ့သည်။
 
၁၉၁၅ ခုနှစ်တွင် [[ကြို့ပင်ကောက်မြို့]] ဦးဖိုးစော၊ ဒေါ်ဖွားနှစ် တို့၏ သမီး မသန်းညွန့်နှင့် အိမ်ထောင်ကျပြီး သာယာဝတီ ဝိုင်အမ်ဘီအေ ဗုဒ္ဓဘာသာ အထက်တန်းကျောင်းအုပ်၊ ၁၉၁၈ ခုနှစ်တွင် ရမည်းသင်း ပညာဝန်ထောက်၊ ၁၉၁၉ ခုနှစ်တွင် ကွမ်းခြံကုန်း ပညာဝန်ထောက်၊ ၁၉၂ဝ ပြည့်နှစ်တွင် ပုဇွန်တောင် အမျိုးသား အထက်တန်းကျောင်း အကျိုးဆောင် ကျောင်းအုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ကလေးသုံးယောက် ဖခင်ဖြစ်ပြီးမှ ၁၉၂၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘီအေဘွဲ့ကို အင်္ဂလိပ်ဘာသာ ဂုဏ်ထူးဖြင့် ရရှိခဲ့သည်။ ၁၉၂၄ ခုနှစ်တွင်[[ မြို့မ အထက်တန်းကျောင်း၊ ရန်ကုန်]]တွင်ကျောင်းအုပ် အဖြစ် ဆောင်ရွက်သည်။ ထိုသို့ ဆောင်ရွက်နေစဉ် ၁၉၂၉ ခုနှစ်တွင် အစိုးရ ပညာတော်သင် အဖြစ် လန်ဒန် ဒေးထရိန်နင် ကောလိပ်တွင် ပညာ ဆက်လက် ဆည်းပူးခဲ့သည်။ သင်တန်း တစ်နှစ်တက်အပြီး မျက်စိရောဂါကြောင့် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ရသည်။ လန်ဒန်မှ ပညာရေး ဒီပလိုမာ ရခဲ့သည်။ ဗြိတိသျှတော်ဝန်ပထဝီအသင်းကြီးမှ F.R.G.HS (Fellows of the Royal Geographical Society) ဘွဲ့ရရှိခဲ့သည်။
 
 
 
== မြို့မကျောင်းအုပ်ဆရာကြီးဦးဘလွင် ==