အသုံးပြုသူ:Lionslayer/sandbox: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သြ +ဩ)
အရေးမကြီးNo edit summary
စာကြောင်း ၁ -
http://webcache.googleusercontent.com/search?q=cache:nBgbK60gIBwJ:www.cnn.com/ASIANOW/asiaweek/98/0123/is1.html+&cd=7&hl=en&ct=clnk&gl=mm
 
နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့် ရုံးချိန်းရက်ရွှေ့
https://burmese.voanews.com/a/udp-kyaw-myint/5613498.html
 
မြန်မာပြည်၏ လျှို့ဝှက်နက်နဲသော နိုင်ငံရေးပါတီဥက္ကဌ
https://www.myanmar-now.org/mm/news/4544
 
တကယ်တော့ ဦးကျော်မြင့်သည် ထောင်ပြေးတစ်ဦးအဖြစ်မှ နိုင်ငံရေးပါတီဥက္ကဌအဖြစ် အသွင်ပြောင်းလာသူ စီးပွားရေးသမားတစ်ဦးဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုတွင် ပါဝင်ခဲ့ပြီး နှစ်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေရာမှ နိုင်ငံရေးပါတီဥက္ကဌဖြစ်လာသူနှင့် ပတ်သက်၍ လျှို့ဝှက်ချက်များစွာရှိနေသည်။
 
ထိုပါတီမှာ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (United Democratic Party - UDP) ဖြစ်သည်။ နှင်းဆီပွင့်ပုံ ပါတီတံဆိပ်အသုံးပြုသောကြောင့် နှင်းဆီပါတီဟုလည်း ခေါ်ဝေါ်ကြသည်။ ဦးကျော်မြင့် (ခ) မိုက်ကယ်ကျော်မြင့်ဟွာဟူသည် ထိုနှင်းဆီပါတီ၏ ဥက္ကဌဖြစ်သည်။
 
'ဝ' လက်နက်ကိုင်တပ်ဖွဲ့သည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးရယူပြီးနောက် ရန်ကုန်မြို့ပေါ်တွင် စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီများ တရားဝင်ထူထောင်လုပ်ကိုင်ခဲ့သည်။ 'ဝ' တပ်ဖွဲ့ထူထောင်ခဲ့သော ကုမ္ပဏီများအနက် မြန်မာကျုံယွမ်ကုမ္ပဏီလည်းပါဝင်ပြီး ငွေကြေးခဝါချရန် 'ဝ' တပ်ဖွဲ့က ၁၉၉၃ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ကုမ္ပဏီဖြစ်သည်ဟု ဆိုသည်။ ထိုမြန်မာကျုံယွမ်ကုမ္ပဏီ၏ ဥက္ကဌမှာ 'ဝ' တပ်ဖွဲ့၏ စီးပွားရေးတာဝန်ခံ ဦးကျော်မြင့် (ခ) Michael Hu Hwa ဖြစ်ကြောင်း Bertil Lintner ၏စာအုပ်တွင် ဖော်ပြထားသည်။
 
‌၁၉၉၈ ခုနှစ်တွင် ဦးကျော်မြင့်နှင့် ၎င်း၏ကုမ္ပဏီတွင် လုပ်ကိုင်နေသော တပ်မတော်မှ အငြိမ်းစားအရာရှိအချို့ ဖမ်းဆီးအရေးယူခံခဲ့ရသည်။ ငွေကြေးမသမာမှုဖြင့် အရေးယူခံခဲ့ရခြင်းဖြစ်သည်။
 
ဦးကျော်မြင့်သည် ထောင်ကျပြီးတစ်နှစ်ခန့်အကြာတွင် မန္တလေးအိုးဘိုထောင်မှ ရုတ်တရက်ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ထောင်ကျနေစဉ် နာမကျန်းဖြစ်သည်ဆိုကာ မန္တလေးပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ကုသစဉ် ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
 
‌"သူက ဆေးရုံကနေ ထွက်ပြေးပြီး ဘုန်းကြီးအသွင်နဲ့ ထိုင်းဘက်ကို ထွက်သွားခဲ့တာပါ" ဟု ဦးကျော်မြင့်နှင့်အတူ နှင်းဆီပါတီ (ခ) UDP ပါတီကို ပူးတွဲတည်ထောင်ခဲ့သူ ဦးကျော်မိုးက Myanmar Now ကို ပြောသည်။
 
ဦးကျော်မြင့်သည် ထိုင်းနိုင်ငံရောက်ရှိစဉ် ဘန်ကောက်ရှိ အမေရိကန်သံရုံးနှင့်ချိတ်ဆက်ကာ အမေရိကန်အစိုးရ၏ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဌာနဖြစ်သည့် (Drug Enforcement Agency) အတွက် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများဆိုင်ရာ သတင်းပေးအဖြစ် ဆောင်ရွက်ခဲ့ပြီး အမေရိကန်နိုင်ငံတွင် မိသားစုနှင့်တကွ နိုင်ငံရေးခိုလှုံခွင့်ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
 
နောက်ပိုင်းတွင် ထပ်မံ၍ ကနေဒါနိုင်ငံတွင်လည်း နိုင်ငံရေးခိုလှုံခွင့်ရကာ အခြေချခဲ့ကြောင်း ဦးကျော်မြင့်ပေးပို့သော စာမျက်နှာ ၅ မျက်နှာပါ စာကိုကိုးကား၍ ကနေဒါနိုင်ငံထုတ် Vancouver Sun သတင်းစာ ၂၀၀၉ ခုနှစ် ဧပြီလ ၅ ရက်နေ့ထုတ် သတင်းစာတွင် ဖော်ပြထားသည်။
 
‌၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့တွင် ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ရှိ ရင်းနှီးမြုပ်နှံမှုဈေးကွက် ထိန်းချုပ်မှုဆိုင်ရာ ဗြိတိသျှကိုလံဘီယာကော်မရှင် (The British Columbia Securities Commission -BCSC) က ဦးကျော်မြင့်ကို အရေးယူပိတ်ပင်မှုတစ်ခု ပြုလုပ်ခဲ့သည်။
 
မိုက်ကယ်ကျော်မြင့်ဟွာဟူသည် ကုမ္ပဏီအတွင်းရေးအချက်အလက်များကို အသုံးချပြီး စတော့ရှယ်ယာကစားမှုနှင့် ကော်မရှင်နာအဖွဲ့ဝင်များကို မဟုတ်မမှန်ထွက်ဆိုမှုများအတွက် ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ ၁ သန်းခွဲ ပေးဆောင်ရန်နှင့် ငွေကြေးအရောင်းအဝယ်ဈေးကွက်တွင် ဝင်ရောက်ရောင်းဝယ်ခြင်း၊ ငွေကြေးအရောင်းအဝယ် ဈေးကွက်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေးခြင်းနှင့် စီမံခန့်ခွဲခြင်းကိစ္စရပ်များ လုပ်ကိုင်ခွင့်နှင့် ပတ်သက်၍ တစ်သတ်တာ ပိတ်ပင်ကြောင်း BCSC က ဆုံးဖြတ်ချက်ချကာ အရေးယူခဲ့သည်။
 
မိုက်ကယ်ကျော်မြင့်ဟွာဟူသည် တရုတ်အစိုးရကို သစ်ပင်ပျိုးပင်များ ရောင်းချသည့် Maple Leaf Reforestation ကုမ္ပဏီတွင် ဥက္ကဌနှင့် ဒါရိုက်တာအဖြစ် ထမ်းဆောင်ကာ ကုမ္ပဏီ၏ ရှယ်ယာများကို ဝယ်ယူခဲ့သည်။ Maple Leaf က လုပ်ငန်းလုပ်ကိုင်ရန် ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်သည့် တရုတ်နိုင်ငံရှိ ရှီကျင်းစီမံကိန်း ၏အစိတ်အပိုင်းတစ်ခုဖြစ်သည့် ဇီဝစွမ်းအင်စီမံကိန်းတစ်ခုနှင့် ပတ်သက်သော အတွင်းရေးအချက်အလက်များကို အသုံးချကာ အခြားလူတစ်ဦးမှတဆင့် ကုမ္ပဏီရှယ်ယာများကို လက်သိပ်ထိုး ဝယ်ယူခဲ့သည်ဟု BCSC ၏ ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။
 
လျှို့ဝှက်သိပ်သည်းလှသော ဦးကျော်မြင့်၏ နောက်ခံအကြောင်းအရာများကြောင့် ပန်းဆေးပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မြင့်နှင့်တစ်ဦးတည်းဖြစ်သည်ဟု မှားယွင်းထင်မြင်မှုများလည်းရှိသည်။ ပန်းဆေးဦးကျော်မြင့်မှာ ပထမအကြိမ်လွှတ်တော်၌ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့သည်။
 
နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့်နှင့် နာမည်ဆင်တူသူ နောက်တစ်ဦးမှာ ဘာသာရေးနှင့် လူမျိုးရေးဆန်သော သွေးထိုးလှုံ့ဆော်မှုများဖြင့် နာမည်ကျော်ကြားသည့် အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ (YDP) ဗဟိုအထွေထွေအတွင်းရေးမှူး မိုက်ကယ်ကျော်မြင့် ဖြစ်သည်။
 
https://burmese.voanews.com/a/controversial-head-of-myanmars-rose-party-questionable-background/5610466.html
ဦးကျော်မြင့်ကိုယ်တိုင်လည်း အမှုနှစ်ခုနဲ့ တရားစွဲခံရပြီး ထောင်ဒဏ်(၉) နှစ်ချမှတ်ခံရပါတယ်။ နောက်ပိုင်း ၁၉၉၉ ခုနှစ်မှာ ထောင်က ထွက်ပြေး၊ ထိုင်းကနေ တဆင့် အမေရိကန်၊ ကနေဒါ၊ အဲဒီကနေ တဆင့် တရုတ်နယ်စပ် ပြန်ရောက်သွားသူ ဖြစ်ပါတယ်။
ဦးကျော်မြင့်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး အရှေ့မြောက် စစ်ဒေသ မှာ တာဝန်ယူခဲ့ဖူးတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ ကေဒါဟောင်းတွေကတော့ သူဟာ ဗကပ တပ်ဖွဲ့ဝင် တစ်ယောက် ဖြစ်ခဲ့ဖူးပေမယ့် သာမန် အောက်ခြေ အဆင့်လောက်ပဲ လို့ ဆိုကြပါတယ်။ ၁၉၆၈ ခုနှစ် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာ ဗကပ အလံထောင်ပြီး တရုတ်ဗော်လံတီယာ တပ်ဖွဲ့တွေဝင်ရောက် တိုက်ခိုက် နေရာယူခဲ့ပြီးတဲ့နောက် ဗကပ ထဲ ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံဘက်က လူအတော်များများထဲမှာ ဦးကျော်မြင့်လည်း တစ်ယောက် အပါအဝင် ဖြစ်တယ်လို့ ဆိုပါတယ်။
 
သူဘာလူမျိုးလဲ ဆိုတာ ဘယ်သူကမှ တိတိကျကျ အတည်ပြုမပေးနိုင်ပေမယ့် ဗကပ အရှေ့မြောက် စစ်ဒေသ၊ စစ်ဒေသမှူး ရဲဘော်ဇော်မိုင်ရဲ့ သမီးနဲ့ ညားပြီး ခေါင်းဆောင်တစ်ယောက်ရဲ့ သားမက် ဖြစ်ခဲ့တာတော့ မှန်တယ်လို့ ဆိုပါတယ်။
----------------------
 
 
 
-----------------------
 
Paper toys