ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၁ -
==ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန==
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်<ref>[https://www.moi.gov.mm/about-moi]</ref> [[ပြန်ကြားရေးဝန်ကြီးဌာန]] အောက်ရှိ ဦးစီးဌာနတစ်ခုဖြစ်ပါသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဌာနခွဲ(၆)ခုရှိပါသည်။ ၎င်းတို့မှာ -
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းစဉ်များသည် အသင်းအဖွဲ့များ၊ အစိုးရလုပ်ငန်းဌာနများ၊ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများတွင် သက်ဆိုင်ရာအသင်းအဖွဲ့၊ လုပ်ငန်းများအကြား ကောင်းမွန်သော သတင်းဖြန့်ဝေခြင်း၊ ပညာပေးခြင်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်း၏ လုပ်ငန်းစဉ်များ တိုးတက်အောင်မြင်စေရန် လုပ်ငန်းစဉ် မြင့်တင်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ရသည့် လုပ်ငန်းစဉ်ဖြစ်သည်။ ယင်းလုပ်ငန်းစဉ်များကို လူထုဆက်ဆံရေးလုပ်ငန်းများဟုလည်း ခေါ်သည်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းစဉ်များအား လုပ်ကိုင်ဆောင်ရွက်ရာတွင် အများအားဖြင့် [[သတင်းထုတ်ပြန်ချက်]]များ ထုတ်ဝေခြင်း၊ [[မီဒီယာ]]များမှ အကိုးအကားပြုနိုင်မည့် [[စာအုပ်]][[စာတမ်း]]၊ [[စာစောင်]]များထုတ်ပြန်ခြင်းနှင့် [[သတင်းလွှာ]]၊ [[စာစောင်]]စသည့်တို့ကို ထုတ်ဝေခြင်းတို့ကို ဆောင်ရွက်လေ့ရှိသည်။ နည်းပညာများ တိုးတက်လာသောအခါ [[ရုပ်ရှင်]]၊ [[ဗီဒီယို]]၊ [[အသံ]]၊ [[အင်တာနက်]]၊ [[လူမှုဆက်ဆံရေးကွန်ယက်]]၊ [[ဝက်ဘ်ဆိုဒ်]]၊ [[ဘလော့]] စသည့် [[မီဒီယာ]]များကိုလည်း အသုံးပြုလာကြသည်။
 
* စီမံခန့်ခွဲရေးရာဌာနခွဲ
* ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနခွဲ
* ထုတ်လုပ်ရေးဌာနခွဲ
* သတင်းအချက်အလက်နှင့်သုတေသနဌာနခွဲ
* မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲ
* ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ
 
== နောက်ခံသမိုင်း ==
ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၂ ခုနှစ်တွင် သတင်းနှင့်ဝါဒဖြန့်ချိရေးဌာနခွဲအဖြစ် ဖွင့်လှစ် ခဲ့သည်။ ယင်းဌာနခွဲကိုကိုလိုနီခေတ် ၁၉၄၅ ခုနှစ်တွင် ပြည်သူ့ဆက်ဆံရေးဌာနငယ်အဖြစ် ဖွဲ့စည်း ခဲ့ပါသည်။ ၁၉၄၆ ခုနှစ်တွင် ပြည်သူ့ဆက်ဆံရေးဌာနကို ပြန်ကြားရေးဝန်ကြီးဌာန လက်အောက် တွင် ထားရှိခဲ့ပါသည်။ ၁၉၄၇ ခုနစ်တွင် ပြန်ကြားရေးဌာနနှင့် အသံလွှင့်ဌာနဟူ၍ သီးခြားဖွဲ့စည်း ခဲ့ပါသည်။ ပြန်ကြားရေးဌာနလက်အောက်တွင် သတင်းဌာနခွဲ၊ ပြည်သူ့ဆက်ဆံရေးဌာနခွဲ၊ စာအုပ်စာတမ်း ထုတ်ဝေရေးဌာနခွဲ၊ ဓာတ်ပုံဌာနစိတ်၊ သုတေသနဌာနစိတ်၊ ဖြန့်ချိရေး ဌာနစိတ် ဟူ၍ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။
 
၁၉၅၄ ခုနှစ်တွင် ရန်ကုန်စာဖတ်ခန်းနှင့် တွဲလျက် ကလေးစာဖတ်ခန်းကိုဖွင့်လှစ်ခဲ့ ပါသည်။ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်တွင် ပြန်ကြားရေးဌာနခွဲရှိပြည်သူ့ ဆက်ဆံရေး အရာရှိများ၏ လုပ်ငန်းတာဝန်ကိုပြန်လည်သတ်မှတ်ပြီးခရိုင်နှင့် ခရိုင်ခွဲများတွင် ရုံးများ စနစ်တကျဖွဲ့စည်းကာ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။ ခရိုင်ပြည်သူ့ဆက်ဆံရေးအရာရှိနှင့် ခရိုင်ခွဲ လက်ထောက်ပြည်သူ့ ဆက်ဆံရေး အရာရှိများသည် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ဆက်ဆံရေး နှင့်လက်တွဲ၍ နိုင်ငံတော်အစိုးရ၏ ဝါဒသဘောထားများ၊ ဆောင်ရွက်ချက် များ၊ ပြည်တွင်းငြိမ်ဝပ်ပိပြားရေး၊ ပြည်သူတို့၏စိတ်ဓာတ်တက်ကြွခိုင်မာရေး စသည့် ပြန်ကြားရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။
 
၁၉၆၀ ခုနစ် သန့်ရှင်းဖဆပလအစိုးရလက်ထက်တွင် ပြည်သူ့ဆက်ဆံရေးအရာရှိ ရာထူး များ၊ လက်ထောက်ပြည်သူ့ဆက်ဆံရေးအရာရှိရာထူးများကိုဖျက်သိမ်း၍ ခရိုင်နှင့်ခရိုင်ခွဲ များရှိ ပြန်ကြားရေးစာဖတ်ခန်းများအဖြစ် ပြောင်းလဲဖွင့်လှစ်ပြီး အောက်တန်းစာရေးများကို စာကြည့် ခန်းကြီးကြပ်ရန် တာဝန်ပေးအပ်ခဲ့ပါသည်။
 
၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် တော်လှန်ရေးကောင်စီ သတင်းစဉ်၊ သတင်းနှင့် စာပေစိစစ်ထောက်လှမ်းရေး၊ ရှေ့သို့(Forward) စာစောင်ထုတ်ဝေ ရေး၊ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့သည်။ ၁၉၆၂ ခုနှစ်မှ ၁၉၆၅ ခုနှစ်အတွင်းခရိုင်(၃၄)မြို့နှင့် ခရိုင်ခွဲ(၄၀) မြို့တို့တွင် ဖွင့်လှစ်ထားရှိသောပြန်ကြားရေး စာဖတ် ခန်းများကိုစာကြည့်တိုက်များအဖြစ် တိုးမြှင့်ဖွင့်လှစ်ပြီးအောက်တန်းစာရေးများကို လက်ထောက် စာကြည့်တိုက်မှူးအဖြစ် လက်ရှိလစာ နှုန်းဖြင့် ဆက်လက်တာဝန်ပေးအပ်ခဲ့ပါသည်။
 
၁၉၇၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့မှစ၍ ပြန်ကြားရေးဌာနခွဲနှင့် အသံလွှင့်ဌာနခွဲတို့ ပူးပေါင်း၍ ပြန်ကြားရေးနှင့်အသံလွှင့်ဦးစီးဌာနအဖြစ် ဖွဲ့စည်းကာကချင်၊ ကယား၊ ကရင်၊ ချင်း နှင့် ရှမ်းပြည်နယ်ရှိ ပြန်ကြားရေးနှင့်ဆက်သွယ်ရေးအရာရှိရုံးများနှင့် စာကြည့်တိုက်များကို လည်း ပြန်ကြားရေး နှင့်အသံလွှင့်ဦးစီးဌာနလက်အောက်သို့ လွှဲပြောင်းထားရှိခဲ့ပါသည်။ ယင်းတို့မှာ တိုင်းများရှိ ပြန်ကြားရေးစာကြည့်တိုက် (၇၄)ခုနှင့် ပြည်နယ်များရှိစာကြည့်တိုက် (၃၇)ခု၊ စုစုပေါင်း (၁၁၁)ခုတို့ ဖြစ်ပါသည်။
 
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင် ပြန်ကြားရေးနှင့် အသံလွှင့်ဦးစီးဌာနမှ ပြန်ကြားရေးဌာနခွဲကိုပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန အဖြစ် နိုင်ငံတော်၏ လိုအပ်ချက်အရအများပြည်သူအကျိုးအတွက် ၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့၌ ခရိုင်အဆင့်တွင် ခရိုင်ရုံးများကိုလည်းကောင်း၊ မြို့နယ်အဆင့်တွင်မြို့နယ်များကို လည်းကောင်း တိုးချဲ့ဖွဲ့စည်းပေးခဲ့ပါ သည်။
 
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဌာနခွဲ(၆)ခုရှိပါသည်။ ၎င်းတို့မှာ စီမံခန့်ခွဲရေးရာဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနခွဲ၊ ထုတ်လုပ်ရေးဌာနခွဲ၊ သုတေသနနှင့် သတင်းအချက်အလက်ဌာနခွဲ၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲနှင့် ရုပ်ရှင်မြှင့်တင်ရေး ဌာနခွဲတို့ ဖြစ်ပါသည်-
 
==== စီမံခန့်ခွဲရေးရာဌာနခွဲ ====
အဆိုပါဌာနခွဲ၏ လုပ်ဆောင်ချက်များမှာ
 
* ဌာနခွဲများလုပ်ငန်းလိုအပ်ချက်များနှင့် စီမံခန့်ခွဲရေးကိစ္စများဆောင်ရွက်ရန်
 
==== ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနခွဲ ====
အဆိုပါဌာနခွဲ၏ လုပ်ဆောင်ချက်များမှာ
 
* တိုင်းရုံး၊ ခရိုင်ရုံးနှင့် မြို့နယ်ရုံးများကိုကြီးကြပ်ဆောင်ရွက်ရန်နှင့် လိုအပ် သည့် လမ်းညွန်မှု များပေးခြင်း၊
* ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီးပူးပေါင်းဆောင်ရွက်ခြင်း၊
 
==== ထုတ်လုပ်ရေးဌာနခွဲ ====
အဆိုပါဌာနခွဲ၏ လုပ်ဆောင်ချက်များမှာ
 
* ဒို့ကျေးရွာဂျာနယ် အပတ်စဉ်ထုတ်ဝေရန်၊
* ဌာနနှင့် နိုင်ငံတော်အတွက် လိုအပ်သောစာအုပ်များထုတ်ဝေခြင်း၊
 
==== သုတေသနနှင့် သတင်းအချက်အလက်ဌာနခွဲ ====
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရအစည်းအဝေး ဆုံးဖြတ်ချက်အမှတ် (၃၃/၂၀၀၈)အရ သုတေသနနှင့်သတင်းအချက်အလက် ဌာန ခွဲကို ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါဌာနခွဲ၏ လုပ်ဆောင်ချက်များမှာ
 
* အင်တာနက်နှင့် ပုံနှိပ်မီဒီယာကိုအခြေခံ၍ သတင်းနှင့်သတင်းအချက် အလက်များ စုဆောင်းခြင်း၊
* ပြန်ကြားရေးဝန်ကြီးဌာနဝက်ဘ်ဆိုဒ်၊ ဖေ့ဘုတ်နှင့် ဘလော့၊ Twitter ၊ Viber တို့တွင် သတင်းများ၊ ဆောင်းပါးများနှင့် နိုင်ငံတော်အစိုးရ၏ ထုတ်ပြန်ကြေညာချက်များလွှင့်တင်ခြင်း၊
* သုတေသနဆိုင်ရာစာအုပ်များ ထုတ်ဝေခြင်း
 
==== မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ ====
အစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်(၄/၂၀၁၃)အရပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးလုပ်ငန်းလက်အောက်ရှိစာပေစိစစ်ရေးနှင့် မှတ်ပုံတင် ရေးဌာနခွဲကို မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲအဖြစ် အမည်ပြောင်းလဲခေါ်ဝေါ်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး လက်အောက်သို့ ပြောင်းရွှေ့ခဲ့ပါသည်။ အဆိုပါဌာနခွဲ၏ လုပ်ဆောင်ချက်များမှာ
 
* ထုတ်ဝေခွင့်လိုင်စင်များနှင့် သက်တမ်းတိုးခြင်းများဆောင်ရွက်ပေးခြင်း၊
* သတင်းအေဂျင်စီများကိုမှတ်ပုံတင် ဆောင်ရွက်ပေးခြင်း၊
 
==== ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ ====
၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့၊ အစိုးရအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက် အမှတ် (၂/၂၀၁၅) အရ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲကိုဖွဲ့စည်းခဲ့ပါသည်။ အဆိုပါ ဌာနခွဲ၏ လုပ်ဆောင်ချက်များမှာ
 
* ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲအနေဖြင့် ရုပ်ရှင်၊ ဗီဒီယိုဆိုင်ရာလိုင်စင်များ ထုတ်ပေးခြင်း၊ သက်တမ်းတိုးပေးခြင်း၊
* ဆင်ဆာကြည့်ရှု့ခြင်း၊ ပြည်တွင်း/ပြည်ပရိုက်ကူးရေးများအားလိုက်လံ ကူညီဆောင်ရွက် ပေးခြင်း၊
* ရုပ်ရှင်ရုံများ အဆင့်မြှင့်တင်ခြင်းများအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
 
== ရည်ရွယ်ချက် ==
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ရည်ရွယ်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
 
* ပြန်ကြားပေးရန်၊ ပညာပေးရန်နှင့် ဖျော်ဖြေပေးရန်။
* ပြန်ကြားရေးဝန်ကြီးဌာနသည် ပြန်ကြားပေးရေး၊ အသိပညာ ပေးရေးနှင့် ဖျော်ဖြေ ပေးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပုံနှိပ်မီဒီယာ၊ ရုပ်မြင် သံကြားနှင့် အသံလွှင့်မီဒီယာအပါအဝင် အင်တာနက်ကဲ့သို့သော မီဒီယာ ပုံစံအသစ် (New Media) နှင့် ပြည်သူ့ဆက်ဆံရေးနည်းလမ်းများဖြင့် ဆောင်ရွက်သွားရန်။
 
== ရည်မှန်းချက် ==
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ရည်မှန်းချက်မှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-
 
* ခရိုင်နှင့်မြို့နယ်ရုံး စာကြည့်တိုက်များကို ပြည်သူများ အမှန်တကယ် အားကိုးအားထား ပြုနိုင်သည့် လူထုအခြေပြုဗဟိုဌာန (Community Centre)နှင့် လူထုအခြေပြု စာကြည့်တိုက် (Community Library)များအဖြစ် တည်ထောင်ဖွင့်လှစ်ရန်။
* ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းများအား ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ မှတ်ပုံ တင်ခြင်း၊ ကြီးကြပ်ခြင်းများဆောင်ရွက်၍ စာနယ်ဇင်းလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအား ပေးမြှင့်တင်ရန်။
* ရုပ်ရှင်ဥပဒေ ပေါ်ပေါက်လာရေးနှင့် ရုပ်ရှင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အားပေးမြှင့်တင်ရန်။
* ပြည်သူများအား သတင်းအချက်အလက်နှင့် အသိပညာဗဟုသုတများ ဖြန့်ဖြူး ရာတွင် သမားရိုးကျနည်း(Traditional Method) များဖြင့်သာမက ခေတ်မီ ဒီဂျစ်တယ် (Digital) နည်းပညာရပ်များ၊ သတင်းအချက်အလက် နည်းပညာရပ် များ (Information Technology) ဖြင့်ပါ တိုးမြှင့်ဆောင်ရွက်နိုင်ရေး အတွက် လိုအပ်သည့် အခြေခံအဆောက်အအုံ (Infrastru- ctures)များနှင့် နည်းပညာ ဆိုင်ရာ ဝန်ဆောင်မှုများကို ပြည်တွင်း/ ပြည်ပအဖွဲ့အစည်း များနှင့်ပူးပေါင်း၍ ဖွံ့ဖြိုးမှုအစီအစဉ် (Development Programme)များတိုးမြှင့် ဆောင်ရွက်ရန်။
* ဝန်ထမ်းများအား အသိပညာဖြန့်ဝေပေးသူ (Knowledge Provider)၊ သတင်း အချက်အလက်ဖြန့်ဝေပေးသူ (Information Provider)အဖြစ် လေ့ကျင့်ပြုစု ပျိုးထောင်ပေးရေးအတွက် လိုအပ်သည့် သင်တန်းများဖွင့်လှစ် သင်ကြားပေးရန်။
* ကောင်းမွန်သည့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများ ဆောင်ရွက်၍ နိုင်ငံတော်အစိုးရ နှင့် ဝန်ကြီးဌာန၏ ပုံရိပ်မြှင့်တင်ဆောင်ရွက်ပေးရန်။
* နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များနှင့် အကျိုးသက် ရောက်မှုများအပေါ် ရှုထောင့်စုံမှ သုံးသပ်ဆောင်ရွက်နိုင်ရေးအတွက် သုတေသနစာတမ်းများရေးသားခြင်းနှင့် စာတမ်းဖတ်ပွဲများ ကျင်းပခြင်း၊ သုတေသနတွေ့ရှိချက်များအား ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ရန်။
* စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များ ကျင်းပပြုလုပ်၍ ပြည်သူများအား စာဖတ်သည့် အလေ့အထကောင်းများ ပေါ်ပေါက်လာရေးအတွက် နှိုးဆော်ဆောင်ရွက်ရန်။
 
== မူဝါဒ ==
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ မူဝါဒမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-
 
* ပြည်သူများအား သတင်းအချက်အလက်နှင့် အသိပညာဗဟုသုတများကို ကျယ်ပြန့်ထိရောက်စွာ ဖြန့်ဝေဆောင်ရွက်နိုင်ရေးအတွက် စာကြည့်တိုက်များအား လူထုခြေပြုဗဟိုဌာန (Comitmaunity Centre)နှင့် လူထုအခြေပြု စာကြည့်တိုက်များပေါ်ပေါက်လာရေး ဆောင်ရွက်ရန်။
* ပြောင်းလဲနေသည့် ခေတ်စနစ်နှင့်အညီ လိုက်ပါဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းများ၏ အရည်အသွေးတိုးတက်မြင့်မားစေရေး လေ့ကျင့်ပြုစုပျိုးထောင် ဆောင်ရွက်ရန်။
* ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို ဆောင်ရွက်၍ အစိုးရနှင့်ပြည်သူလူထုကြား ကောင်းမွန်သည့်ဆက်ဆံရေးတစ်ခု တည်ဆောက် အကောင်အထည်ဖော်ပေးရန်။
* ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းများကို ဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းတို့ကို ဆောင်ရွက်၍ စာနယ်ဇင်းလောက ဖွံ့ဖြိုးတိုးတက်ရေး အားပေးမြှင့်တင်ပေးရန်။
* ရုပ်ရှင်ဥပဒေပေါ်ပေါက်လာရေးနှင့် ရုပ်ရှင်နှင့်ဗီဒီယိုလောက ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားပေးမြှင့်တင်ဆောင်ရွက်ရန်။
* နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များနှင့် အကျိုးသက် ရောက်မှုများအပေါ် ရှုထောင့်စုံမှ သုံးသပ်ဆောင်ရွက်နိုင်ရေးအတွက် သုတေသန လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်။
 
[[Category:မြန်မာနိုင်ငံရှိ အစိုးရအဖွဲ့အစည်းများ‎]]