ဂျိုး ဘိုင်ဒင်: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ပွါး +ပွား)
စာကြောင်း ၇၁ -
 
 
အထက်လွှတ်တော်တွင် ခြောက်ကြိမ်တိုင် အရွေးခံရသည်။ ၂၀၀၈ ခုတွင် ဘရပ်အိုဘားမားနှင့်အတူ ဒုသမ္မတ ဝင်အရွေးခံကာ လွှတ်တော်မှ ထွက်ခဲ့ချိန်၌ စတုတ္ထမြောက် ဝါအရင့်ဆုံး အထက်လွှတ်အမတ် ဖြစ်ခဲ့လေပြီ။ <ref>{{Cite web|url=https://thehill.com/blogs/blog-briefing-room/news/39717-biden-to-resign-senate-jan-15|title=Biden Senate resignation, January 15th|website=The Hill}}</ref> အိုဘားမားနှင့် ဘိုင်ဒင်တို့မှာ ၂၀၁၂ ခုတွင်လည်း ထပ်အရွေးခံရသည်။ ဒုသမ္မတအဖြစ် အလုပ်ရှားကပ်ကာလတွင် အခြေခံအဆောက်အဦများချဲ့ကာ အလုပ်ဖော်ခြင်းကို ကြီးကြပ်သည်။ အိုဘားမားအုပ်ချုပ်စဉ် ၂၀၁၀ အခွန်ဖြေဥပဒေ၊ ၂၀၁၁ ရံပုံငွေထိန်းဥပဒေ၊ ၂၀၁၂ အမေရိကန်အခွန်ထမ်းများဖြေလျော့ပေးမှုဥပဒေတို့ကို ပြဌာန်းနိုင်အောင် လွှတ်တော်မှ ရီပါဘလစ်ကန်များနှင့် အောင်အောင်မြင်မြင် ညှိနှိုင်းနိုင်ခဲ့သည်။ နိုင်ငံခြားရေးရာမူဝါဒဘက်တွင် အမေရိကန်-ရုရှား စတာ့သစ် သဘောတူစာချုပ်ဖြစ်ရန် ဦးဆောင်ခြင်း၊ လစ်ဗျားအရေး၌ ကိုယ်ထိလက်ရောက်ပါဝင်မှုကို ထောက်ခံခြင်း၊ အမေရိကန်တပ်များ အီရတ်မှ ဆုတ်ခွါလာနိုင်ရေး မူဝါဒများ ဖော်ဆောင်ရာ၌ ကူညီခြင်းတို့ ထင်ရှားသည်။ စန္ဒီဟု မူလတန်းကျောင်း၌ သေနတ်ပစ်မှု ပေါ်ပေါက်သည့်နောက် သေနတ်သုံးနိုင်ထက်စော်ကားမှုအထူးအဖွဲ့ကို ဦးဆောင်ကာ အမေရိကန်တဝှမ်းဖြစ်ပွါးသောအမေရိကန်တဝှမ်းဖြစ်ပွားသော သေနတ်သုံးနိုင်ထက်စော်ကားမှုတို့၏ ဖြစ်ကြောင်းရင်းကို ထုတ်ပြန်ခဲ့သည်။ <ref name="Caldwell">{{cite news|title=Obama sets up gun violence task force|first=Leigh Ann|last=Caldwell|url=https://www.cbsnews.com/news/obama-sets-up-gun-violence-task-force/|publisher=CBS News|date=December 19, 2012}}</ref>
 
၂၀၁၅ ခု၊ အောက်တိုဘာလတွင် ၂၀၁၆-ရွေးကောက်ပွဲ၌ ဝင်အရွေးမခံဟု ကြေညာသည်။ ၂၀၁၇ ခု၊ ဇန္နဝါရီလတွင် အိုဘားမားက ဘိုင်ဒင်ကို လွတ်လပ်ရေးဆိုင်ရာသမ္မတပေးတံဆိပ် ဆုချသည်။ <ref>{{Cite news|url=https://www.nytimes.com/2017/01/12/us/politics/joe-biden-presidential-medal-freedom.html|title=Obama Surprises Joe Biden With Presidential Medal of Freedom|last=Shear|first=Michael D.|date=January 12, 2017|work=The New York Times|access-date=October 24, 2018|language=en}}</ref>