"ဂိုအင်ကာ" ၏ တည်းဖြတ်မှု မူကွဲများ

၄ ဘိုက် ဖယ်ရှားခဲ့သည် ,  ပြီးခဲ့သည့် ၈ လ
အရေးမကြီး
ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-၏ ။ +၏။)
အရေးမကြီး (cleanup (အချို့အချက်တွေက ၁၀၀% မမှန်လောက်ပါဘူး၊ ၍ပမာ ကုလညီလာခံမဟုတ်ဘဲ မှတ်မိသလောက် Ted Turner, sponsor ပေးပြီးလုပ်တဲ့ ထောင်စုနှစ်ငြိမ်းချမ်းရေးထိပ်သီးညီလာခံပါ မြန်မာကတက်တဲ့ ဆရာတော်သုံးပါးလောက်ကို ဖတ်ဖူးလို့မှတ်မိပါတယ်။ လက်ရှိကတော့ စတုတ္ထမဏ္ဍိုင်လို့ ခေါ်ကြတဲ့ မီဒီယာမှာရေးတာကိုပဲ cleanup လုပ်လိုက်ပါတယ်။ →‎လုပ်ဆောင်မှုများ)
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-၏ ။ +၏။))
==ကိုယ်ရေးအကျဉ်း==
===ငယ်စဉ်ဘဝ===
ကျူရုမျိုးဆက်ဖြစ်၍ ရှရီ ဆတ္တရနာရယန် ဂိုအင်ကာကို မြန်မာနိုင်ငံ၊ မန္တလေးမြို့၊ ၂၇ လမ်း ဘာဘူတန်းတွင် ခရစ်နှစ် ၁၉၂၄ ဖေဖော်ဝါရီလ ၁၆ ရက် စနေနေ့ (ကောဇာသက္ကရာဇ် ၁၂၈၅ ခု၊ တပို့တွဲ လဆန်း ၁၂) တွင် ဂိုပီရပ်ဂိုအင်ကာနှင့် ကမာလာဒေဝီတို့မှ ဖွားမြင်ခဲ့သည်။ မွေးစားမိဘများမှာ ဒွါရကဒါးစ် ဂိုအင်ကာနှင့် ရာမိဒေဝီတို့ဖြစ်ကြ၏ ။ရာမိဒေဝီတို့ဖြစ်ကြ၏။ မွေးချင်း ၁၄ ဦးရှိသည်။
 
ဂိုအင်ကာသည် ပင်ကိုဉာဏ်ထက်မြက်သူဖြစ်သည်။ ၁၉၃၇ တွင် မန္တလေးမြို့၌ ပညာသင်ကြားခဲ့ပြီး ၁ဝ တန်းစာမေးပွဲကို အမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့၍ အစိုးရပညာတော်သင် ထောက်ပံ့ကြေးဆုကို ရရှိခဲ့သည်။ ဂိုအင်ကာသည် တက္ကသိုလ်ပညာကို ဆက်လက်မဆည်းပူးနိုင်ခဲ့သော်လည်း ထိုမတိုင်မီကပင် ဗြိတိသျှဘုရင်ခံက ချီးမြှင့်သော ရွှေတံဆိပ်ဆုကို ရရှိခဲ့သည်။<ref name="sngo">{{cite web |last=ဖြိုးထိန် |title=ဆရာကြီးဂိုအင်ကာနှင့် သူ့ဘဝ၊ သူ့ဓမ္မခရီး |url=https://www.echoingvoicenews.com/?p=3456 |publisher=ပဲ့တင်သံဂျာနယ် |access-date=27 November 2020 |date=9 October 2013}}</ref>
ဂိုအင်ကာသည် အသက် ၃၁ နှစ်အရွယ် ၁၉၅၅ ခုနှစ်တွင် ပြင်းထန်သော ခေါင်းကိုက်ဝေဒနာ စွဲကပ်ခဲ့သောကြောင့် နှစ်ပေါင်းများစွာ ဒုက္ခရောက်ရှိခဲ့ရသည်။ ဤရောဂါကို ဆွစ်ဇာလန်၊ ဂျပန်၊ အင်္ဂလန်၊ အမေရိကန်၊ ဂျာမန်စသော နိုင်ငံတို့မှ ပါရဂူကြီးများနှင့် ကုသခဲ့သော်လည်း မပျောက်ကင်းခဲ့ပေ။
 
ဤသို့ဖြင့် ဂိုအင်ကာသည် ၁၉၅၅ ခု၊ ဇူလိုင်လကုန်လောက်တွင် မိတ်ဆွေဖြစ်သူတရားရုံးချုပ် တရားသူ ကြီးဦးချန်ထွန်း၏ အကူအညီဖြင့် တရားပြဆရာ ဦးဘခင်ထံသို့ ရောက်ရှိခဲ့သည်။ အစပိုင်း၌ ဗုဒ္ခဘာသာတရား၏ အဆီအနှစ်များကို သိရှိလိုသူတစ်ဦးအဖြစ် ရောက်လာခဲ့ခြင်းမဟုတ်ဘဲ ငယ်စဉ်ကပင် စွဲကပ်ခဲ့သော ၁၂ ရက်တစ်ကြိမ် ရောဂါခံစားနေရသော ခေါင်းခဲနာ ကို ပျောက်ကင်းချင်သောကြောင့်ဖြစ်သည်။ ဆရာကြီး ဦးဘခင်ထံသို့ ရောက်သောအခါ ဆရာကြီးဤသို့ဆို၏ ။ဆရာကြီးဤသို့ဆို၏။
 
<blockquote>''ဤအပြည်ပြည်ဆိုင်ရာဝိပဿနာလုပ်ငန်းဌာနသည် ရောဂါအမျိုးမျိုးကုသ နေသော ဆေးကုဌာနမဟုတ်။ ရောဂါပျောက်လိုသော စိတ်ဆန္ဒဖြင့်သာ ကမ္မဋ္ဌာန်းထိုင်၍ ရောဂါ ပျောက်နိုင်မည်မဟုတ်။ ဗုဒ္ဓလမ်း စဉ်အတိုင်း ယုံကြည်သဒ္ဓါစိတ်ဖြင့်အားထုတ်ပါက ကိုယ်တွင်းအညစ် အကြေးများ ကင်းစင်လာ၍သာ ရောဂါပျောက်ကင်းတတ်သည်။</blockquote>
 
===အိန္ဒိယသို့ ထွက်ခွာခြင်း===
၁၉၆၉ တွင် ၄င်း၏ ဖခင်နှင့်မိခင်တို့သည် မြန်မာပြည်မှ ထွက်ခွာပြီးနောက် အိန္ဒိယပြည် ဘုံဘေမြို့တွင် နေထိုင်ခဲ့ကြသည်။ ၁၉၆၉ ဇွန်လတွင် ၄င်း၏မိခင် ပြင်းထန်စွာနာမကျန်းဖြစ်နေကြောင်း ကြေးနန်းရရှိသဖြင့် ဘုံဘေမြို့သို့ သွားရောက်ခဲ့၏ ။သွားရောက်ခဲ့၏။
 
===အိန္ဒိယတွင် သာသနာပြုခြင်း===
မြန်မာနိုင်ငံ၌ရှိစဉ် အသိအကျွမ်းဖြစ်သော မစ္စတာဘာခ်ချန်က ဦးဂိုအင်ကာ ဦးစီး၍ ဘုံဘေမြို့တွင် ဝိပဿနာတရား တစ်ပတ်ပြပေးပါရန် အဆိုပြုသည်။ ထို့ကြောင့် တရားနေရာများ စီစဉ်ပြီး လူ ၁၅ ဦးနှင့် စတင်ခဲ့သည်။ ထိုအကြောင်းကို ဦးဘခင်ထံ သတင်းပေးပို့ပြီး ဦးဘခင်ထံမှဖုန်းဖြင့်လမ်းညွှန်မှုကို ခံယူသည်။ ထိုတရားပြသစဉ် ကြုံတွေ့ရသော အခက်အခဲများကို ဖြေရှင်းနိုင်ခဲ့သည်။
 
ထို့နောက် မဒရပ်မြို့၌လည်း တရားချီးမြှင့်ခဲ့သည်။ ဘုံဘေနှင့် မဒရပ်တွင် တရားပြသပြီးနောက် တရားစခန်းဝင်ခဲ့ကြသော ပုဂ္ဂိုလ်တို့မှတစ်ဆင့် ဦးဂိုအင်ကာ၏ တရားပြပုံသတင်း ပျံ့နှံ့သွားခဲ့၏။ အိန္ဒိယပြည်ရှိအခြားမြို့များ၊ ဒေသများမှလည်း မိမိတို့မြို့ရွာအသီးသီးသို့ လာရောက်တရားပြသပေးပါရန် ဖိမန္တကပြုခဲ့ကြသည်။ ၁၉၇၁ ခု ဇန်နဝါရီလအထိ ဘုံဘေမြို့တွင် တရားပတ်လေးကြိမ်၊ မဒရပ်တွင် တရားပတ် ၃ ကြိမ်၊ နယူးဒေလီမြို့တွင် တရားပတ် ၂ ကြိမ်နှင့် စုစုပေါင်း တရားပတ် ၂၇ ကြိမ်၊ လူဦးရေ ၈၇၉ ဦး တရားထိုင်ခဲ့ကြသည်။ ၂၇ ကြိမ်မြောက် တရားပတ်ကို ဗုဒ္ဓဂယာ၌ ကျင်းပနိုင်ခဲ့၏ ။ကျင်းပနိုင်ခဲ့၏။ ထို့နောက် အိန္ဒိယပြည်အနှံ့၌ ဗုဒ္ဓဘာသာ ဝိပဿနာတရားစခန်းများကို ဖွင့်လှစ်ပြသပေးနိုင်ခဲ့လေသည်။
 
===နိုင်ငံတကာတွင် သာသနာပြုခြင်း===
၁၇၄၈၀

တည်းဖြတ်မှုများ