ဝီကီပီးဒီးယား:Content disclaimer: တည်းဖြတ်မှု မူကွဲများ

translated, please improve it
အရေးမကြီး typo
 
စာကြောင်း ၁၆ -
ဝီကီပီးဒီးယား၏ လက်ရှိ မူဝါဒများမှာ ဝီကီပီးဒီးယားကို လွှင့်တင်ထားသော အမေရိကန်ပြည်ထောင်စု၏ ဥပဒေများကိုသော်လည်းကောင်း၊ ဝီကီပီးဒီးယား၏ ရှိနှင့်ပြီး [[WP:PG|မူဝါဒများ]] (အထူးသဖြင့် [[WP:NPOV|ဘက်မလိုက်သော အမြင်]]) ကိုသော်လည်းကောင်း ဖောက်ဖျက်ခြင်းမရှိသော အချက်အလက်များကို ပါဝင်ထောက်ပံ့ပေးရန် ဖြစ်သည်။ အဆိုပါအကြောင်းအရာများ ပါဝင်သော ဆောင်းပါးနမူနာများအတွက် [[:en:Wikipedia:List of controversial issues|အငြင်းပွားဖွယ်ရာ ပြဿနာများစာရင်း]]ကို ကြည့်ပါ။ အဆိုပါ ဆောင်းပါးများတွင် မည်သည့်သတိပေးချက်မှ မပါဝင်ပါ။
 
မည်သည့်ကိစ္စရပ်တွင်မဆို ဝီကီပီးဒီးယားသည် လုပ်ဆောင်နေဆဲ လုပ်ငန်းရပ်တစ်ခုဖြစ်ပြီး ဆောင်းပါးများတွင် [[:en:wikipedia:Accuracy dispute|အမှားအယွင်းများ]]၊ [[:en:Wikipedia:NPOV dispute|ဘက်လိုက်မှုများ]]၊ သို့မဟုတ် [[WP:MERGE|ထပ်နေသော]] အကြောင်းအရာများ သို့မဟုတ် [[WP:CLEAN|ဂရုပြုရန်]]လိုအပ်သော အကြောင်းအရာများ ပါဝင်နိုင်သည်။ အဆိုပါ ပြဿနာများအား ကူညီဖြေရှင်းပေးရန် စာဖတ်သူများအား ကျွန်ုပ်တို့ တိုက်တွန်းပါသည်။ ဆောင်းပါးများ၏ အစိတ်အပိုင်း အတော်များများအား ဘာသာရပ်ကျွမ်းကျင်သူများ မဟုတ်သည့် တစ်ဦးတစ်ယောက်ခြင်းစီမှ အဓိက ရေးသားထားခြင်း ဖြစ်ပြီး ပညာရပ်ဆိုင်ရာ်ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု အရည်အသွေးများ လစ်ဟာနေနိုင်သည်။
 
ဝီကီပီးဒီးယားတွင် သမရိုးကျ စွယ်စုံကျမ်းတစ်ခုတွင် မလွှမ်းခြုံနိုင်သော နက်နဲသည့် အကြောင်းအရာများ ပါဝင်သည်။ ဝီကီပီးဒီးယား၏ လွှမ်းခြုံမှုသည် ပါဝင်တည်းဖြတ်နေသော စေတနာ့ဝန်ထမ်းများ၏ စိတ်ပါဝင်စားမှုအပေါ် အခြေတည်သည်။ ဖတ်ရှုသူများအနေဖြင့် အကြောင်းအရာတစ်ခု၏ အရေးပါလေးနက်မှုကို ယင်းအပေါ် ဝီကီပီးဒီးယားတွင် လွှမ်းခြုံပါဝင်မှုဖြင့် သုံးသပ်ဆုံးဖြတ်ခြင်း မပြုလုပ်သင့်ပါ။