ရွှေတိဂုံစေတီတော်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
Reverted 2 edits by Myat Soe Mg (talk): Unsourced (TwinkleGlobal)
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
စာကြောင်း ၃၀ -
 
== အမည်ခေါ်တွင်ပုံ ==
ရန်ကုန်တိုင်းဟု မပေါ်လွင်ခင်က ဥက္ကလာပမင်းကြီး စိုးစံရာ ဥက္ကလာပတိုင်း၊ ဥက္ကလာပမြို့ကြီးဟု သိမှတ်ခဲ့ကြသည်။ နောင်သောအခါ ပျူ​ဗမာဖြစ်သောဘလိကနဲ့ဘလိကနဲ့ တဖုဿ ကုန်သည်ညီနောင်တို့က မြတ်စွာဘုရား ဆံတော်များ သယ်ဆောင်လာခဲ့ပီး သိင်္ဂုတ္တရကုန်းတော်ပေါ်တွင် စေတီတည်ထားခဲ့ကြပီး ထိုစေတီတော်ထဲတွင် ဂေါတမမြတ်စွာဘုရား၏ ဆံတော် ရှစ်ဆူနှင့်တကွ ရှေးရှေးသော ဘုရား ၃ ဆူတို့၏ အမွေအနှစ်များ ထည့်သွင်းထားခြင်းကြောင့် တိဂုံပစေတီဟု အမည်တွင်ခဲ့လေတော့သည်။ ထိုတိဂုံပမှသည် ဒဂုံအဖြစ်သို့ ရောက်ရှိခဲ့ပီး မူလမြို့အမည်ကွယ်ကာ ဒဂုံတိုင်း သမုတ်ခဲ့ကြသည်။ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီးလက်ထက်တွင် မွန်တို့ကို တိုက်ခိုက်အောင်မြင်ပြီးနောက် ဒဂုံကို ရန်ကုန်ဟု အမည်နာမ ပြောင်းလည်ခဲ့သည်။ ထိုအချိန်မှစ၍ တိဂုံပဆံတော်ရှင်စေတီတော်သည် မြန်မာပြည်တွင်မှာ သာမက ကမ္ဘာ့တဝှမ်းမှာ ရွှေတိဂုံ ဟူသော အမည်နာမဖြင့် ခေါ်ဝေါ်ခဲ့ကြသည်။
 
[[File:Shwe Dagon Pagoda, 2011.jpg|thumb|150px|ရွှေတိဂုံဘုရားအား ညဘက်ဖူးမြင်ရပုံ]]
 
== သမိုင်းကြောင်း ==
ကမ္ဘာပေါ်တွင်ဗုဒ္ဓဘာသာ သည် (ခရစ်တော်မပေါ်မီ ဘီစီ(၅၈၈) လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ကျော် မဟာသက္ကရာဇ်(၁၀၃)ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် စတင် ပွင့်ထွန်း ပေါ်ပေါက်ခဲ့ပါသည်။ မဟာသက္ကရာဇ် (၁၀၃)ခု ဝါဆိုလပြည့် စနေနေ့ ဘီစီ(၅၈၈)မှာ ဓမ္မရတနာ စတင်ခဲ့သည်။ မဟာသက္ကရာဇ် (၁၀၃)ခု ဝါဆိုလပြည့်ကျော် ၂ ရက် တနင်္လာနေ့ ဘီစီ (၅၈၈) တွင် သံဃာရတနာ စတင်ပေါ်ပေါက်ခဲ့ပါသည်။ [[ဂေါတမဗုဒ္ဓ]]မြတ်စွာဘုရားသည် ကမ္ဘာပေါ်တွင် ဝိပဿနာ ကျင့်စဉ်ကိုဘီစီ (၅၈၈) လွန်ခဲ့သော နှစ်ပေါင်း၂၆၀ဝ-ကျော်တွင်ပထမဆုံးသော စတင်တွေ့ရှိကျင့်ကြံအားထုတ် ခဲ့ သူဖြစ်သည်။ <ref>{{Cite web |title=မော်ကွန်းတင်ပြီးမိတ္တူ |url=http://www.knowledgerush.com/kr/jsp/db/viewuser.jsp?userId=21915&penname=Doctrine+of+Lord+Buddha |accessdate=21 June 2012 |archivedate=17 October 2012 |archiveurl=https://web.archive.org/web/20121017185012/http://www.knowledgerush.com/kr/jsp/db/viewuser.jsp?userId=21915&penname=Doctrine+of+Lord+Buddha }}</ref>မြတ်ဗုဒ္ဓသည် ဘုရားအဖြစ်နှင့် (၄၅)နှစ်နေပြီး မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် စံလွန်တော်မူသည်။ ဗုဒ္ဓအဖြစ် ၄၅ နှစ်အတွင်း တာဝန်ကြီး ၂ ရပ်ကို တစ်နေ့လျှင် ၂၂ နာရီ မိနစ် ၂၀ ခန့်မျှ နေမအား ညမနား လူသား, သတ္တဝါတို့၏ ကောင်းကျိုးကို မျှော်ကိုး၍ ထမ်းဆောင်တော်မူခဲ့သည်။ သဗ္ဗညု မြတ်စွာဘုရားရှင်သည် ဗောဓိပင်ရင်း သတ္တဌာန၌ (၇)ရက်စီ အလှည့်ကျစံတော်မူပြီး (၄၅)ရက် သီတင်းသုံး နေတော်မူ ခဲ့သည်။ ဤသို့ နေတော်မူ (၄)ရက်ပြည့်မြောက်ပြီး နောက် တစ်နေ့၌ "ရာပဒတန်သတ္တဟ" ဖြစ်သည့် လင်းလွန်းပင်ရင်း၌ သီတင်းသုံး စံတော်မူစဉ်ကာလ။ ဗုဒ္ဓဝင် သမိုင်းကို ပြန်ကြည့်လျှင် ဂေါတမဘုရားရှင် လက်ထက်၌ မြန်မာနိုင်ငံ မှ ပျူဗမာညီနောင် [[တဖုဿနှင့် ဘလ္လိက]]ကုန်သည် ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ကမ္ဘာပေါ်တွင်ပထမဆုံး ဆွမ်းကပ်ရသူ ကမ္ဘာပေါ်တွင်ပထမဆုံး သရဏဂုံ တည်သူများ နှင့် ကမ္ဘာပေါ်တွင်ပထမဆုံးဗုဒ္ဓဘာသာဝင်များ ဖြစ်ခဲ့၏။
 
=== ကုန်သည်ညီနောင် ===
ဘီစီ (၅၈၈)၌ ယနေ့မြန်မာနိုင်ငံအောက်ပိုင်း ရန်ကုန်မြို့အနီးတဝိုက်တွင် တည်ရှိခဲ့သော ဥက္ကလာပမင်းကြီး၏ နိုင်ငံတော်တွင် ပါဝင်သော အသိဉ္စနမြို့၌ ပျူ​ဗမာလူမျိုး သုဝဏ္ဏအမည်ရှိသော သူဌေးကြီးတစ်ဦးရှိလေသည်။ ထိုသူဌေးကြီးတွင် တဖုဿနှင့် ဘလ္လိက ဟူသော သားနှစ်ယောက်ရှိသည်။ ၎င်းတို့သည် ကုန်သည်များ ဖြစ်ကြသည်။ ၎င်း ပျူ​ဗမာ ကုန်သည်၎င်းကုန်သည် ညီနောင်တို့သည် ကုန်များကို သင်္ဘောဖြင့် တင်ဆောင်ကာ မဇ္ဈိမဒေသသို့ ကုန်ရောင်းသွားကြသည်။ မဇ္ဈိမဒေသပင်လယ်ဆိပ်ကမ်းသို့ ရောက်သောအခါ သင်္ဘောကို ဆိုက်ကပ်ကျောက်ချ၍ ကုန်များကို လည်းအစီးပေါင်း (၅၀ဝ)ပေါ်သို့ တင်ဆောင်ကာ မဇ္ဈိမဒေသ၌ လှည့်လည်ရောင်းချကြသည်။ တဖုဿ ဘလ္လိက ကုန်သည်ညီနောင်အဖွဲ့သည် ဗောဓိပင်အနီးသို့ ရောက်ရှိ လာခဲ့ကြ၏။ ကုန်သည်တို့ မဟာဗောဓိပင် အနီးသို့ရောက်ပြီး တစ်နေ့ သို့မဟုတ် တစ်ည၌ ရုက္ခစိုးနတ်သည် ကုန်သည်ညီနောင်အား ကိုယ်ထင်ပြခဲ့၏။ ကုန်သည်ညီနောင်တို့သည် ရုက္ခစိုးနတ်အား မြင်လျှင် အံ့ဩသွားကြ၏။ အသင်မည်သူနည်း ဟုမေး၏။
 
ရုက္ခစိုးနတ်က "အမောင်တို့ နားထောင်လော့ ကျွန်ုပ်က တခြားမဟုတ်၊ ကျွန်ုပ်သည် ဟိုးဘဝက အမောင်တို့နှင့် ဆွေမျိုးတော်စပ်ခဲ့သူများ ဖြစ်ပြီး၊ ကျွန်ုပ်သည် ဟိုးရှေးဘဝက ကောင်းမှုကောင်းကျိုးများ ပြုခဲ့သူ ဖြစ်သဖြင့် ယခုဘဝတွင် ရုက္ခစိုးနတ်ဖြစ်ခဲ့သည်။ အမောင်တို့ ယခု သင်တို့ထံသို့ ရောက်ခဲ့သည်မှာ သင်တို့နှင့်ကျွန်ုပ်သည် ယခင် ဘဝဆွေမျိုးတော်စပ်ဖူးသူ ဖြစ်သဖြင့် သင်တို့အား အကျိုးပြုရန် ဤသို့ ကိုယ်ထင်ပြရခြင်းဖြစ်သည် အမောင်တို့" ဟုပြောသည်။ ကုန်သည်ညီနောင်က "အသင်က မည်သို့ အကျိုးပြုဖို့လာသနည်း"ဟု ရုက္ခစိုးနတ်ကို မေး၏။ ထိုအခါ ရုက္ခစိုးနတ်က"နားထောင်လော့ အမောင်တို့ ကျွန်ုပ်သင်တို့အား အကျိုးပြုသည်ဆိုသည်မှာ အခြားမဟုတ်ပါ။ ပြောရလျှင် အမောင်တို့ ရောက်ရှိနေသည့် မဇ္ဈိမဒေသတွင် သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားဟာ ပွင့်တော်မူပြီး လင်းလွန်းပင်ခြေရင်းမှာ သီတင်းသုံး စံတော်မူနေတာမို့ အမောင်တို့ သွားရောက် ပူဇော်လော့ တိုက်တွန်းလမ်းညွှန်လိုတယ် အမောင်တို့"ဟုဆိုလျှင် တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့ အလွန်တရာ ဝမ်းမြောက်ကြည်နူးသွားကြ၏။ ချက်ချင်းပင် "ဒါဆို ကျွန်ုပ်အား လမ်းညွှန်ပြပါ ရုက္ခစိုးနတ်" ဟုပြော၏။ ထို့နောက် ရုက္ခစိုးနတ်သည် တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့အား ဘုရားရှင် သီတင်း သုံးရာ လင်းလွန်းပင်အား လမ်းညွှန်ပြခဲ့၏။ သည်အခါ ကုန်သည် ညီနောင်တို့သည် သဒ္ဓါပီတိအပြည့်နှင့် ဘုရားရှင် သီတင်းသုံးရာ လင်းလွန်းပင်ရင်းသို့ သွားကြ၏။ မြတ်စွာဘုရားရှင်အား မုန့်ကြွပ်ကြော်၊ ပျားမုန့်ထုပ် တို့နှင့် ဘုရားရှင်အား လှူဒါန်းပူဇော်ခြင်းပြု၏။