အင်ဒို-ဥရောပနွယ် ဘာသာစကားများ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
{{unreferenced|date=1 Sep 2021}}
'''အင်ဒို-ယူရိုပီယန် ဘာသာစကားများ''' သည် ဆက်နွယ်နေသည့် ဘာသာစကားများနှင့် [[ဒေသိယစကား]] ရာဂဏန်းကို စုစည်းထားသည့် [[ဘာသာစကား မိသားစု]]ကြီး ဖြစ်သည်။ ခန့်မှန်းခြေအားဖြင့် ရှင်သန်လျှက်ရှိသော အင်ဒို-ယူရိုပီယန် ဘာသာစကားများ စုစုပေါင်း ၄၄၅ ခုခန့်ရှိသည်။ ၎င်းတို့အနက် [[အင်ဒို-အီရန်နီးယန်း]] ကိုင်းခွဲမှာ ဘာသာစကား ၃၁၃ ခုရှိ၍ စုစုပေါင်း၏ သုံးပုံနှစ်ပုံခန့်ရှိသည်။ အင်ဒို-ယူရိုပီယန် ဘာသာစကား မိသားစုကြီးတွင် အများအားဖြင့် ယနေ့ခေတ် [[ဥရောပတိုက်|ဥရောပ]]နှင့် အာရှတိုက် အနောက်ပိုင်း၊ တောင်ပိုင်းနှင့် အလယ်ပိုင်း တွင်ရှိသော ဘာသာစကားများ ပါဝင်သည်။ အင်ဒို-ယူရိုပီယန် ဘာသာစကားများသည် ရှေးခေတ် [[အနာတိုလီယား]](ယနေ့ [[တူရကီနိုင်ငံ]])နှင့် ရှေးခေတ် [[တာရင်းချိုင့်ဝှမ်း]]ဒေသ (ယနေ့ တရုပ်နိုင်ငံ အနောက်မြောက်ပိုင်း)၊ အာရှတိုက် အလယ်ပိုင်းဒေသ အများစုနှင့် [[တောင်အာရှ]] စသည့်ဒေသများတွင် စတင်အခြေချခဲ့သည်။ [[ကြေးခေတ်]] [[အနာတိုလီယန်းဘာသာစကား]] နှင့် မိုင်စီနေးယန်း ဂရိဘာသာစကား အထောက်အထားများအရ အင်ဒို-ယူရိုပီယန် ဘာသာစကား မိသားစုသည် [[အာဖရိုအေးရှားတစ် ဘာသာစကား]] မိသားစုပြီးလျှင် ဒုတိယ အရှည်လျားဆုံး သမိုင်းကြောင်း မှတ်တမ်းရှိသည့် ဘာသာစကား မိသားစုဖြစ်သည်။