ရေးမြို့: တည်းဖြတ်မှု မူကွဲများ

→‎သမိုင်း: moved some place list to township article
အရေးမကြီး cleanup
စာကြောင်း ၄၂ -
 
== ရာသီဥတု ==
ပင်လယ်ရေ မျက်နှာပြင် အထက် ပေ ၇ဝ ရှိပြီး မြို့၏ ပတ်ဝန်းကျင်တွင် ပျမ်းမျှ ပေ ၅၀၀ ကျော်မှ ပေ ၃၀၀ဝ အတွင်း တောင်တန်းကြီးများလည်း တည်ရှိသည်။ မိုးရာသီတွင် မိုးရေချိန်လက်မ များစွာ ရွာသွန်းပြီး ရာသီဥတုမှာလည်းမျှတမှုရှိသော မြို့ဖြစ်သည်။ ရေးမြို့၏ အဓိက ရေဆင်းမှာ [[ရေးမြစ်]]ဖြစ်သည်။ မိုင် ၄ဝ ခန့်ရှည်ပြီး မြစ်ပြင်ကျယ်မှာ ပျှမ်းမျှ ပေ ၃၀ဝ ခန့်ကျယ်ဝန်းသည်။ ရေးမြစ်သည် ရေးမြို့၏ အရှေ့ဘက် ထိုင်း မြန်မာ နယ်စပ်ရှိ တနင်္သာရီရိုးမတောင်ကြောမှ မြစ်ဖြားခံပြီး ရေးမြို့အနီးမှ စီးဆင်းကာ အနောက်ဘက် ပင်လယ်အနီးသို့ စီးဝင်သွားသည်။ ရေးမြို့နယ်အတွင်း အမြင့်မားဆုံးသောတောင်ထွဋ်မှာ ရေးမြို့မှ အရှေ့ဘက် ၂၅ မိုင်ခန့်အကွာ ထိုင်း မြန်မာနယ်စပ်အနီးရှိ ဆေးတောင်(အမြင့် ၄၂၅၂ပေ) ဖြစ်ပါသည်။ ရေးမြို့ကို သေချာကြည့်မည် ဆိုပါက အရှေ့ဘက်၊ အရှေ့တောင်ဘက် တောင်ဘက် အနောက်ဘက်နှင့် အနောက်မြောက်ဘက် အရှေ့မြောက်ဘက်တို့တွင် တောင်တန်းများဖြင့် ဝန်းရံနေကြောင်းတွေ့ရမည်။ဝန်းရံနေသည်။
<div style="width:70%;">
 
စာကြောင်း ၉၅ -
 
== သမိုင်း ==
ရေးမြို့နှင့် ပတ်ဝန်းကျင်ဒေသကို ရှေးပဝေသဏီက ဒေးချိုင်း ဟူသော ဒေသဟု ခေါ်တွင်ကြောင်း ရေးမြို့ဟောင်းသုသေတနစာတမ်း၌ ဖော်ပြထားပြီး လွန်ခဲ့သော နှစ်ပေါင်း ၁၂၀ဝခန့်က ထားဝယ်ဒေသမှ မာရာဒေဝီမင်းသမီးမှ တည်ထားကာ ပဒေသရာဇ် ထီးနန်းစိုက်၍ အဝိဇ္ဇာဇေယျပူရမြို့ဟူ၍ သမုတ်ခဲ့ကြောင်း၊ ထို့အပြင် [[ဓမ္မစေတီမင်း]]မှ လည်း သီဟဇေယျပူရမြို့ အမည်ဖြင့် ထပ်မံသမုတ်၍ ပြန်လည်ပြုပြင်ခဲ့သော ရှေးဟောင်း မွန်မြို့တော် အဖြစ် ယုံကြည်ကြသည်။ မွန် ရှေးဟောင်း ပေစာများကလည်း ထိုအတိုင်း ဖော်ပြထားသည်။ ထို့အပြင် ရှေးဟောင်း မြို့ရိုးများကလည်း သက်သေခံနေပြီး ရှေးဟောင်း ကျုံးတော်ကြီးကလည်း အထင်အရှားရှိနေချေသည်။ ရှေးဟောင်းကျုံးတော်ကြီးမှာ တစ်မိုင်ခွဲ ပတ်လည်ခန့်ရှိသော ကန်အဖြစ်သာကျန်နေပြီး ကျုံး ဖြစ်ခဲ့ဟန်တူသောနေရာများမှ လူနေရပ်ကွက်များ ဖြစ်နေချေပြီ။ ယခုကျန်ရှိနေသော ကျုံးတော်ကြီး၏အစိတ်အပိုင်းကို ၁၉၈၆ခုနှစ်တွင်လည်းကောင်း၊ ၂၀၁ဝ ခုနှစ် မေလအတွင်းတွင် ပြန်လည်တူးဖော် ပြင်ဆင်မွမ်းမံခဲ့ကြပါသည်။ ရေးမြို့ကို မွန်ဘာသာဖြင့် “ဍုင်ရေဝ်”(မြန်မာအသံထွက် ဒိန်းရီ )ဟုခေါ်ဆိုခဲ့ကြသည်မှာ ယခုထက်တိုင်အောင်ပင် ဖြစ်ပါသည်။ မြန်မာဘာသာဖြင့်ပြန်ဆိုသော် အနက်ကား “စကားမြို့" ဖြစ်ပါသည်။ ရှေးယခင် မွန်ဘုရင် မြန်မာဘုရင် လက်ထက်တွင် နန်းတွင်းမှ စေလွှတ်လိုက်သော မင်းညီမင်သားများ၊ စစ်သူကြီးများ၊ ဝန်မင်း၊အမတ်မင်းများနှင့် တနင်္သာရီနှင့် မွန် တောင်ပိုင်း လက်အောက်ခံဒေသမှ မြို့စား၊ နယ်စားများအရာရှိများကို စုံညီစွာအစည်းအဝေးပြုလုပ်ပြီး အမိန့်တော်များ ပြန်တမ်းများ ထုတ်ပြန်ကာ တိုင်းရေး ပြည်ရေး အရေးကြီးသောကိစ္စများ တိုင်ပင်ညှိနှိုင်း စကားပြောဆိုကြရာမြို့ဖြစ်သောကြောင့်ထိုသို့ ခေါ်ဆိုခဲ့ကြဟန် ဖြစ်သည်။ အနောက်ဘက်လွန်မင်းလက်ထက်တွင်လည်း စစ်ရေးစစ်ရာအချက်အခြာကျသည့် မြို့တစ်မြို့အဖြစ် သမိုင်းကြောင်းတွင် ထင်ရှားသည်။ ရှေးဟောင်းရေးမြို့သည် သာသနာတော်စည်ပင်ထွန်းကားခဲ့ပြီး ရေးမြို့သူ မြို့သားများသည် ဘာသာတရားကိုင်းရှိုင်း လေးစားခဲ့ကြဟန်ရှိပါသည်။ စေတီဘုရား၊ ကျောင်းကန်များကိုလည်း အမြောက်အများ တည်ထားခဲ့ကြသည်။ ထို့ကြောင့် ယနေ့ ရေးမြို့တွင် စေတီပုထိုးများစွာတည်ရှိနေပေသည်။
ရေးမြို့နှင့် ပတ်ဝန်းကျင်ဒေသကို ရှေးပဝေသဏီက ဒေးချိုင်း ဟူသော ဒေသဟု ခေါ်တွင်ကြောင်း ရေးမြို့ဟောင်းသုသေတနစာတမ်း၌ ဖော်ပြထားပြီး လွန်ခဲ့သော နှစ်ပေါင်း ၁၂၀ဝခန့်က ထားဝယ်ဒေသမှ မာရာဒေဝီမင်းသမီးမှ တည်ထားကာ ပဒေသရာဇ် ထီးနန်းစိုက်၍ အဝိဇ္ဇာဇေယျပူရမြို့ဟူ၍ သမုတ်
ခဲ့ကြောင်း၊ ထို့အပြင် [[ဓမ္မစေတီမင်း]]မှ လည်း သီဟဇေယျပူရမြို့ အမည်ဖြင့် ထပ်မံသမုတ်၍
ပြန်လည်ပြုပြင်ခဲ့သော ရှေးဟောင်း မွန်မြို့တော် အဖြစ် ယုံကြည်ကြသည်။ မွန် ရှေးဟောင်း ပေစာများကလည်း ထိုအတိုင်း ဖော်ပြထားသည်။ ထို့အပြင် ရှေးဟောင်း မြို့ရိုးများကလည်း သက်သေခံနေပြီး ရှေးဟောင်း ကျုံးတော်ကြီးကလည်း အထင်အရှားရှိနေချေသည်။ ရှေးဟောင်းကျုံးတော်ကြီးမှာ တစ်မိုင်ခွဲ ပတ်လည်ခန့်ရှိသော ကန်အဖြစ်သာကျန်နေပြီး ကျုံး ဖြစ်ခဲ့ဟန်တူသောနေရာများမှ လူနေရပ်ကွက်များ ဖြစ်နေချေပြီ။ ယခုကျန်ရှိနေသော ကျုံးတော်ကြီး၏အစိတ်အပိုင်းကို ၁၉၈၆ခုနှစ်တွင်လည်းကောင်း၊ ၂၀၁ဝ ခုနှစ် မေလအတွင်းတွင် ပြန်လည်တူးဖော် ပြင်ဆင်မွမ်းမံခဲ့ကြပါသည်။ ရေးမြို့ကို မွန်ဘာသာဖြင့် “ဍုင်ရေဝ်”(မြန်မာအသံထွက် ဒိန်းရီ )ဟုခေါ်ဆိုခဲ့ကြသည်မှာ ယခုထက်တိုင်အောင်ပင် ဖြစ်ပါသည်။ မြန်မာဘာသာဖြင့်ပြန်ဆိုသော် အနက်ကား “စကားမြို့" ဖြစ်ပါသည်။ ရှေးယခင် မွန်ဘုရင် မြန်မာဘုရင် လက်ထက်တွင် နန်းတွင်းမှ စေလွှတ်လိုက်သော မင်းညီမင်သားများ၊ စစ်သူကြီးများ၊ ဝန်မင်း၊အမတ်မင်းများနှင့် တနင်္သာရီနှင့် မွန် တောင်ပိုင်း လက်အောက်ခံဒေသမှ မြို့စား၊ နယ်စားများအရာရှိများကို စုံညီစွာအစည်းအဝေးပြုလုပ်ပြီး အမိန့်တော်များ ပြန်တမ်းများ ထုတ်ပြန်ကာ တိုင်းရေး ပြည်ရေး အရေးကြီးသောကိစ္စများ တိုင်ပင်ညှိနှိုင်း စကားပြောဆိုကြရာမြို့ဖြစ်သောကြောင့်ထိုသို့ ခေါ်ဆိုခဲ့ကြဟန် ဖြစ်သည်။ အနောက်ဘက်လွန်မင်းလက်ထက်တွင်လည်း စစ်ရေးစစ်ရာအချက်အခြာကျသည့် မြို့တစ်မြို့အဖြစ် သမိုင်းကြောင်းတွင် ထင်ရှားသည်။ ရှေးဟောင်းရေးမြို့သည် သာသနာတော်စည်ပင်ထွန်းကားခဲ့ပြီး ရေးမြို့သူ မြို့သားများသည် ဘာသာတရားကိုင်းရှိုင်း လေးစားခဲ့ကြဟန်ရှိပါသည်။ စေတီဘုရား၊ ကျောင်းကန်များကိုလည်း အမြောက်အများ တည်ထားခဲ့ကြသည်။ ထို့ကြောင့် ယနေ့ ရေးမြို့တွင် စေတီပုထိုးများစွာတည်ရှိနေပေသည်။
 
== လူမှုပထဝီဝင် ==
ရေးမြို့တွင် ဗမာနှင့်မွန်လူမျိုးများအများဆုံးနေထိုင်ကြပြီး အများစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ မူစလင် ၊ ခရစ်ယာန်နှင့် ဟိန္ဒူ ဘာသာဝင် အနည်းငယ်မျှသာရှိပါသည်။ ရေးမြို့တွင် ရပ်ကွက် အားဖြင့် ၁ဝ ရပ်ကွက်ရှိပြီး ထင်ရှားပြီး လူစည်ကားရာ ရပ်ကွက်များမှာရန်ကြီးအောင်ရပ်ကွက်၊ ရန်မျိုးအောင်ရပ်ကွက်နှင့် အောင်မင်္ဂလာရပ်ကွက်တို့ ဖြစ်သည်။ ၁၉၆၉၊ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်တွင် ရေးမြို့တစ်မြို့လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး အားလုံးပြာပုံအတိဖြစ်ခဲ့ရသည်။ ထို့နောက် ၁၉၇၂ ခုနှစ်တွင် မြို့ကိုမူလအနေအထားအကျယ်အဝန်းထက် ၅ဆပိုတိုးချဲ့ခဲ့ပြီး စနစ်တကျပြန်လည် တည်ထောင်ခဲ့သည်။ ရေးမြို့သည် မြို့နယ်အဆင့် ရုံးစိုက်ရာမြို့ဖြစ်ပြီး ‌မြို့အနီး‌၆-မိုင် ခန့်အကွာ ဘုရားတောင်ပင်လယ်ဝအပန်းဖြေစခန်း၊ ရေးမြို့မှ မိုင် ၂၀ ခန့်အကွာ ကဗျာဝ ကမ်းခြေအပန်ဖြေစခန်း၊ လမိုင်းမြို့အနီး ကော့ဒွပ် ပင်လယ်ဝအပန်းဖြေစခန်း၊ ('''ကျိုက်ဒေးတမော့ဗရတ်''')သာသနာပြုစခန်းတို့မှာ ထင်ရှားသည်။
 
ရေးမြို့၏ အရှေ့ဘက်တွင် တောင်ညိုတောင်တန်းနှင့် တနင်္သာရီရိုးမ၊ အနောက်ဘက်တွင် ဖာလိန်တောင်တန်းတို့ တည်ရှိသဖြင့် လေကြမ်းတိုက်ခတ်မှု၊ မုန်တိုင်းတိုက်ခတ်မှုဒဏ်မှ သဘာဝအားဖြင့် အထိုက်အလျောက် ကာကွယ်ခုခံမှုကို ရရှိပါသည်။ သို့သော် ရေးမြို့၏တောင်ဘက်မှ စီးဆင်းသော ရေးမြစ်၏ နှစ်စဉ် (မိုးရာသီ၊ ဩဂုတ်လဝန်းကျင်၌) မြစ်ရေကြီးမှုကို အနိမ့်ပိုင်းရပ်ကွက်များအနေဖြင့် ကြုံတွေ့ရလေ့ရှိပါသည်။ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် ရေးမြို့၏သမိုင်းတလျှောက် မြစ်ရေကြီးမှုဒဏ်ကို[[၂၀၁၉ မြန်မာနိုင်ငံတောင်ပိုင်း ရေကြီးမှု|မြစ်ရေကြီးမှုဒဏ်]]ကို အဆိုးရွားဆုံးခံခဲ့ရပြီး ရေးမြစ်မှ မြစ်ရေသည် မြစ်ကမ်းပါးမှ မီတာ ၄၀၀ ခန့်အကွာအဝေးရှိသော ရွှေဆံတော်စေတီတော်၏ ခြေရင်းတိုင်အောင်သို့ ရောက်ရှိခဲ့ပါသည်။ရောက်ရှိခဲ့သည်။
 
== စီးပွားရေး ==
ရေးမြို့တွင် ရာဘာစိုက်ပျိုးရေး၊ ငါးဖမ်းခြင်းနှင့်ရေလုပ်ငန်း၊ ကွမ်းသီးခြံလုပ်ငန်း၊အခြားစားဖွယ် သီးနှံ စိုက်ပျိုးရေး၊ ဆားလုပ်ငန်းတို့မှာ နာမည်ကျော် အောင်မြင်သောလုပ်ငန်းများဖြစ်ကာ အခြားစီးပွားရေးလုပ်ငန်းများလည်း လုပ်ကိုင်ကြသည်။ ဆားလုပ်ငန်းမှာ အခုအခါ ဆားဈေးမကောင်းသောကြောင့် တောင်သူများခေတ္တရပ်နားထားကြသည်။ ရေးမြို့မှထွက်သော ဒူးရင်းသီး၊ ဒူးရင်းယို မင်းဂွတ်သီး၊ သံပုရာသီးတို့မှာ နာမည်ကြီးလှပေသည်။ နယ်စပ်ဒေသနှင့်နီးကပ်ပြီး ဒေသထွက် သီးနှံများ အခြားသောကုန်များလည်းရောင်းဝယ်ဖောက်ကားမှု အချက်အခြာကျရာ ဒေသ ဖြစ်ပြီး မြို့ပတ်ဝန်းကျင်တွင် စိမ်းစိုအုပ်မှိုင်းလျက်ရှိသည့် ဥယျာဉ်ခြံများ ဝန်းရံလျက်ရှိသည်။ အစင်ကျေးရွာနှင့် ဇီးဖြူသောင်ကျေးရွာတို့တွင် ရေလုပ်ငန်းများ ထွန်းကားပါသည်။ထွန်းကားသည်။ ၂၀၀၅ ခုနှစ်တွင် [[အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန]]မှ ထုတ်ပြန်သောအစီအရင်ခံစာတွင် မြန်မာနိုင်ငံတွင်းရှိ တစ်ဦးချင်းဝင်ငွေအကောင်းဆုံးမြို့ဟု သတ်မှတ်ဖော်ပြခဲ့ပါသည်။ ရောင်းဝယ်ဖောက်ကားရာ မြသီတာဈေးမှာ အဓိကစည်းကားပြီး ယခင်ရွာကလေးဈေး (ယခုအောင်မင်္ဂလာရပ်ရှိ အောင်သီတာဈေး)နှင့် ဖာလဇေတဝန်ဘုန်းတော်ကြီးကျောင်းအနီးတွင်ရှိသောကြောင့် ဖာလဈေးဟုခေါ်သော ဗိုလ်ချုပ်ဈေးတို့လည်း တည်ရှိသည် ။ ထို့အပြင် ရေးမြို့ရှိ ပုဂ္ဂလိက ရွှေလုပ်ငန်းရှင်များမှ စုပေါင်းတည်ထောင်ထားသော ဝင်းသုခ ရွှေဈေးကြီးသည်လည်း ကမ်းနားလမ်း(ဘုရင့်နောင်လမ်း)တွင် တည်ရှိသည်။
 
ရေးမြို့တွင် အစိုးရဘဏ်များအပြင် ပုဂ္ဂလိကစီးပွားရေးဘဏ်များလည်းရှိသည်။ ကျန်းမာရေးအတွက် ပြည်သူ့ဆေးရုံ(ကုတင်-၁၀၀)ရှိပြီး ပုဂ္ဂလိကဆေးရုံ ၂ ရုံရှိသည်။
 
== ထင်ရှားသောစေတီဘုရားများ ==
Line ၁၅၀ ⟶ ၁၅၄:
|ကသိုင်ဘေးမဲ့တောရ||ဘဒ္ဒန္တပညာသာမိ||တူးမြောင်းအုပ်စု
|}
 
== စီးပွားရေး ==
ရေးမြို့တွင် ရာဘာစိုက်ပျိုးရေး၊ ငါးဖမ်းခြင်းနှင့်ရေလုပ်ငန်း၊ ကွမ်းသီးခြံလုပ်ငန်း၊အခြားစားဖွယ် သီးနှံ စိုက်ပျိုးရေး၊ ဆားလုပ်ငန်းတို့မှာ နာမည်ကျော် အောင်မြင်သောလုပ်ငန်းများဖြစ်ကာ အခြားစီးပွားရေးလုပ်ငန်းများလည်း လုပ်ကိုင်ကြသည်။ ဆားလုပ်ငန်းမှာ အခုအခါ ဆားဈေးမကောင်းသောကြောင့် တောင်သူများခေတ္တရပ်နားထားကြသည်။ ရေးမြို့မှထွက်သော ဒူးရင်းသီး၊ ဒူးရင်းယို မင်းဂွတ်သီး၊ သံပုရာသီးတို့မှာ နာမည်ကြီးလှပေသည်။ နယ်စပ်ဒေသနှင့်နီးကပ်ပြီး ဒေသထွက် သီးနှံများ အခြားသောကုန်များလည်းရောင်းဝယ်ဖောက်ကားမှု အချက်အခြာကျရာ ဒေသ ဖြစ်ပြီး မြို့ပတ်ဝန်းကျင်တွင် စိမ်းစိုအုပ်မှိုင်းလျက်ရှိသည့် ဥယျာဉ်ခြံများ ဝန်းရံလျက်ရှိသည်။ အစင်ကျေးရွာနှင့် ဇီးဖြူသောင်ကျေးရွာတို့တွင် ရေလုပ်ငန်းများ ထွန်းကားပါသည်။ ၂၀၀၅ ခုနှစ်တွင် [[အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန]]မှ ထုတ်ပြန်သောအစီအရင်ခံစာတွင် မြန်မာနိုင်ငံတွင်းရှိ တစ်ဦးချင်းဝင်ငွေအကောင်းဆုံးမြို့ဟု သတ်မှတ်ဖော်ပြခဲ့ပါသည်။ ရောင်းဝယ်ဖောက်ကားရာ မြသီတာဈေးမှာ အဓိကစည်းကားပြီး ယခင်ရွာကလေးဈေး (ယခုအောင်မင်္ဂလာရပ်ရှိ အောင်သီတာဈေး)နှင့် ဖာလဇေတဝန်ဘုန်းတော်ကြီးကျောင်းအနီးတွင်ရှိသောကြောင့် ဖာလဈေးဟုခေါ်သော ဗိုလ်ချုပ်ဈေးတို့လည်း တည်ရှိသည် ။ ထို့အပြင် ရေးမြို့ရှိ ပုဂ္ဂလိက ရွှေလုပ်ငန်းရှင်များမှ စုပေါင်းတည်ထောင်ထားသော ဝင်းသုခ ရွှေဈေးကြီးသည်လည်း ကမ်းနားလမ်း(ဘုရင့်နောင်လမ်း)တွင် တည်ရှိသည်။
 
ရေးမြို့တွင် အစိုးရဘဏ်များအပြင် ပုဂ္ဂလိကစီးပွားရေးဘဏ်များအနေဖြင့် ဧရာဝတီဘဏ်၊ မြဝတီဘဏ်၊ CB ဘဏ်၊ ကမ္ဘောဇဘဏ်၊ ကမ္ဘာ့ရတနာဘဏ် တို့၏ ဘဏ်ခွဲများသည် ရန်ကြီးအောင်ရပ်ကွက်တွင် တည်ရှိပြီး အစင်ကျေးရွာတွင်လည်း ကမ္ဘာ့ရတနာဘဏ်၏ ဘဏ်ခွဲတစ်ခုရှိသည်။ ကျန်းမာရေးအတွက် ပြည်သူ့ဆေးရုံ(ကုတင်-၁၀၀)ရှိပြီး ပုဂ္ဂလိကဆေးရုံ ၂ ရုံရှိသည်။
 
 
== ဓာတ်ပုံများ ==