ဆန်ချီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး HotCatကို အသုံးပြု၍ Category:ဗုဒ္ဓဘာသာကို ဖယ်ရှားခဲ့သည်၊ Category:အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဘာသာနေရာများကို ပေါင်းထည့်ခဲ့သည်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖေါ် +ဖော်)
စာကြောင်း ၁၈ -
 
ပုံပန်းမှာ အခြေ၌ ပစ္စယာ အဆင့်ဆင့်ခံထား၏။ ပစ္စယာ ပေါ်၌ ဥသဏ္ဌာန်စေတီပုံတည်၍၊ အထက်ဆုံး၌ အချင်း ၃၄ ပေရှိသော ပလ္လင်နှင့် ထီးတို့ရှိလေသည်။ ပစ္စယာသို့ လှေကား ဖြင့်တက်ရ၏။ ပစ္စယာပတ်လည်တွင်လည်း ကျောက်လက်ရန်း ရှိလေသည်။ ထူပါရုံစေတီတော်ကြီး တစ်ခုလုံး၏ပတ်လည် ၌ကား အရံတံတိုင်းရှိ၏။ ယင်းတံတိုင်းလေးမျက်နှာတွင် ၁၈ ပေစီရှိသော မုတ်ပေါက်လေးပေါက်ရှိ၍၊ မုတ်ပေါက်တိုင်းတွင် တုရိုဏ်တစ်ခုစီရှိလေသည်။ ယင်းမုတ်ပေါက်နှင့် ကျောက်လက် ရန်းများ၌ကား၊ ဗုဒ္ဓမြတ်စွာ၏ ဖြစ်စဉ်များ၊ နိပါတ်တော်များကို ပန်းတမော့ပညာ လက်ရာမြောက်စွာဖြင့် ကျောက်ရုပ်ကျောက် ပန်းများထု၍၊ ကျောက်စာများကိုလည်း ရေးထိုးမော်ကွန်းတင်
ထားရစ်ခဲ့ကြလေသည်။ အဆိုပါထူပါရုံစေတီတော်ကြီးများအနက် ထူပါရုံတစ်ခု၏ ဌာပနာတိုက်အတွင်းမှ ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလာန်တို့၏ ဓာတ်တော်များကို ၁၈၅၁ ခုနှစ်တွင် တူးဖေါ်ရရှိသည်။တူးဖော်ရရှိသည်။ ထိုသို့
ရရှိသောဓာတ်တော်တို့ကို ဗြိတိသျှအစိုးရတို့က လန်ဒန်မြို့သို့ ပင့်ဆောင်၍ သွားလေသည်။ အိန္ဒိယနိုင်ငံလွတ်လပ်ရေးရသော အခါ ဗြိတိသျှအစိုးရသည် ထိုဓာတ်တော်တို့ကို အိန္ဒိယနိုင်ငံသို့ ပြန်ပို့သဖြင့် အိန္ဒိယနိုင်ငံအစိုးရသည် ၁၉၅၂ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့တွင် မူလထူပါရုံအနီး၌ တည်ဆောက်ထားသော ဝိဟာရအသစ်၌ ဓာတ်တော် တို့ကို ပြန်လည်ဌာပနာလေသည်။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)</ref>
==ကိုးကား==