အလက်ဇန်ဒရို ဗို့လတာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ခဲ့ပါသည် +ခဲ့သည်, -ထားပါသည် +ထားသည်)
စာကြောင်း ၂၀ -
 
==ငယ်စဉ်ဘဝ==
ဗိုလတာ ကို [[အီတလီ]]နိုင်ငံ၊ [[ကိုမိုမြို့]]တွင်မွေးဖွားခဲ့ပါသည်။တွင်မွေးဖွားခဲ့သည်။ ၁၇၇၄ခုနှစ်တွင် ကိုမိုတော်ဝင်ကျောင်းတွင် ရူပဗေဒ ပါမောက္ခ ဖြစ်လာခဲ့သည်။ နောက်တစ်နှစ်ကြာ ၁၇၇၅တွင် [[လျှပ်ငြိမ်]]ထုတ်လုပ်သည့် ကိရိယာ [[အီလက်ထရိုဖိုးရပ်(စ်)]] ကိုရှိရင်းစွဲ များထက် စွမ်းဆောင်ရည်မြင့်မားသည့် ကိရိယာကိုပြုလုပ်နိုင်ခဲ့သည်။ ဗိုလတာ၏ ဘဝတွင် သူ၏တီထွင်ခဲ့သော ကိရိယာများနှင့် ပတ်သက်ပြီး ရာထူးအကြိမ်ကြိမ်တက်ခြင်း၊ ချီးမွမ်းထောမနာပြုခြင်း အမျိုးမျိုးတို့ဖြင့် ကျင်လည်ခဲ့ရသည်။ ၁၇၆၂နှစ်တွင် ဗိုလတာကြံဆခဲ့သည့် အီလက်ထရိုဖိုးရပ်(စ်) ကိရိယာ ကဲ့သို့ပင် အလုပ်လုပ်နိုင်သည့် ကိရိယာတစ်မျိုးကို [[ဆွီဒင်]]လူမျိုး ပါမောက္ခ [[ဂျိုဟန်းဝီလ်ကီ]] ကဖော်ပြခဲ့ဖူးသော်လည်း လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ပေ။
 
၁၇၇၆-၁၇၇၇ နှစ်များတွင် ဗိုလတာသည် [[ဓာတ်ငွေ့]]တို့နှင့်ပတ်သက်သည့် [[ဓာတုဗေဒ]] ပညာရပ်ကို ဆည်းပူးခဲ့သည်။ [[စိမ့်မြေ]] တို့မှ ဓာတ်ငွေ့များကို စုဆောင်းလေ့လာရင်းမှ [[မီသိန်း]]ဓာတ်ငွေ့ ([[သဘာဝဓာတ်ငွေ့]]) ကိုတွေ့ရှိခဲ့သည်။ ထိုနောက် မီသိန်းဓာတ်ငွေ့ကို လျှပ်စစ်မီးပွားများနှင့် မီးရှို့စမ်းသပ်သည့် စမ်းသပ်မှုကိုလည်း ပြုလုပ်ခဲ့သည်။ [[လျှပ်သိုခြင်း]] (Capacitance) ကိုလည်း လေ့လာခဲ့သည်။ ဗိုလတာသည် [[ပိုတင်ရှယ်ခြားနားခြင်း]]နှင့် [[လျှပ်စစ်ဓာတ်ဆောင်အမှုန်များ]]၏ ဆက်စပ်မှုကိုတွေ့ရှိခဲ့သည်။ ယင်းကို [[ဗိုလတာ၏လျှပ်သိုမှု ဥပဒေသ]] (Volta 's Law of capacitance) ဟုခေါ်သည်။ ယင်းတွေ့ရှိချက်ကို ဂုဏ်ပြုသောအားဖြင့် ပိုတင်ရှယ်ခြားနားခြင်း၏ [[ယူနစ်]]ကို [[ဗို့]] ဟု ခေါ်ဆိုခဲ့သည်။ ၁၇၇၉တွင် [[ပါဗီးယားတက္ကသိုလ်]] စမ်းသပ်လေ့လာဆဲ [[ရူပဗေဒ]]ဌာန တွင် ပါမောက္ခ ဖြစ်လာခဲ့သည်။ ထိုရာထူးဖြင့်ပင် ၂၅နှစ်နီးပါး အမှုထမ်းခဲ့သည်။ ထို့နောက် အနွယ်တော်ထဲမှ ထရီစာပါရီဂရီနီ အမည်ရှိမိန်းကလေး တစ်ဦးနှင့် ၁၇၉၄တွင်လက်ထပ်ထိမ်းမြားခဲ့သည်။ သား ၃ဦးထွန်းကားခဲ့သည်။
စာကြောင်း ၂၆ -
==ဗိုလတာ နှင့် ဂယ်လ်ဗနီ==
[[File: Luigi Galvani, oil-painting.jpg|thumb|right|150px|လျူဂီဂယ်လ်ဗနီ]]
[[လျူဂီဂယ်လ်ဗနီ]] သည် [[ဖား]]တစ်ကောင်၏ [[ခြေထောက်]]တစ်ဘက်တစ်ချက်စီတွင်မျိုးမတူသော [[သတ္တု]] များကို [[တန်းဆက်]]ချိတ်ဆွဲစေခြင်းဖြင့် သတ္တဝါလျှပ်စစ် (Animal Electricity) ကိုတွေ့ရှိခဲ့သည်။ ၎င်းစမ်းသပ်မှုတွင် ဖား၏ခြေထောက်သည် လျှပ်ကူးပစ္စည်း အဖြစ်လုပ်ဆောင်ချက်ကို ဗိုလတာ သတိထားမိသည်။ ထို့နောက် ဗိုလတာသည် ဖား၏ခြေထောက်တွင် [[ဆား]]ရည်စိမ်ထားသော [[စက္ကူ]] ကိုကပ်ကာ လျှပ်စစ်စီးဆင်းမှုကိုလေ့လာခဲ့ပါသည်။လျှပ်စစ်စီးဆင်းမှုကိုလေ့လာခဲ့သည်။ ထိုကဲ့သို့လေ့လာစူးစမ်းမှုကြောင့် [[လျှပ်စစ်ဓာတုဗေဒ]] အပါအဝင် [[ဂယ်လ်ဗနစ်ဆဲလ်]] (Galvanic Cell) ၏ Electromotive Force (emf) အစရှိသည်တို့ကိုလည်း လေ့လာတွေ့ရှိခဲ့ပါသည်။လေ့လာတွေ့ရှိခဲ့သည်။
[[Image:Galvanic Cell.svg|150px|thumb| Zn-Cu galvanic cell]]
 
ဂယ်လ်ဗနစ်ဆဲလ် မျိုးမတူသော သတ္တု [[လျှပ်ခေါင်း]] နှစ်ခုပါဝင်၍ ၎င်းတို့ကို [[လျှပ်လိုက်ရည်]]ဖြင့် ခွဲခြားထားပါသည်။ခွဲခြားထားသည်။ ၎င်းကို ဗိုလတာ၏ လျှပ်စစ်ဓာတုဗေဒ [[နိယာမ]] ဟုခေါ်သည်။ Zn-Cu galvanic cell ဟူသောပုံကိုကြည့်ပါ။ ၁၈ဝဝခုနှစ်တွင် ပထမဆုံးသော [[ဓာတ်ခဲ]]နှင့်တူသည့် [[ဘက်ထရီ]]တစ်မျိုးဖြစ်သော [[ဗော်လ်တာယစ် ပိုင်းလ်]] ခေါ် Voltaic Pile ကိုတီထွင်ခဲ့သည်။ ၎င်းသည် တည်ငြိမ်သော လျှပ်စီးကြောင်း ကိုထုတ်ပေးနိုင်စွမ်းရှိသည်။ ဗိုလတာသည် ဓာတ်အိုးများပြုလုပ်ရာတွင် မတူညီသော သတ္တုလျှပ်ခေါင်း နှစ်ခုကိုအသုံးပြုရမည်ဖြစ်ရာ ထို သတ္တု သည် [[ငွေ]] (Silver) နှင့် [[သွပ်]] (Zinc) တို့သည် အကောင်းဆုံးသော သတ္တု များပင်ဖြစ်နိုင်သည်ဟုဆုံးဖြတ်ချက်ချခဲ့သည်။
 
==ပထမဆုံးသော ဘက်ထရီ==
ဗိုလတာသည် အဝေးထိန်းစနစ်ဖြင့် အဝေးမှနေ၍ လှမ်း၍ ပစ်နိုင်သော [[ပစ္စတို]] [[သေနတ်]]ကိုလည်းတီထွင်နိုင်ခဲ့ပါသည်။ကိုလည်းတီထွင်နိုင်ခဲ့သည်။ [[Leyden jar]] ခေါ်ကိရိယာ တစ်မျိုးမှနေ၍ လျှပ်စီးကြောင်းကို ကိုဘိုမှ[[မီလန်မြို့]]သို့ [[ဝါယာကြိုး]]ဖြင့်ပေးပို့ကာ သေနတ်မောင်းကိုဖြုတ်နိုင်ရန်ပြုလုပ်ထားပါသည်။သေနတ်မောင်းကိုဖြုတ်နိုင်ရန်ပြုလုပ်ထားသည်။ [[မြေကြီး]]နှင့်[[ဝါယာကြိုး]]ကြား [[လျှပ်ကာပစ္စည်း]] အဖြစ် [[သစ်သား]]ပြားများကို အသုံးပြုထားပါသည်။အသုံးပြုထားသည်။ ထိုကဲ့သို့အသုံးပြုသည့် စနစ်သည် [[ကြေးနန်းဆက်သွယ်ရေး]]၏ ရှေ့ပြေးဖြစ်သည်။ ဗိုလတာတီထွင်ခဲ့သော ဘက်ထရီသည်လည်း ကမ္ဘာ့ ပထမဆုံးသော လျှပ်စစ်ဓာတုဗေဒ ဓာတ်အိုး (ဘက်ထရီ) ဖြစ်သည်။ ၎င်းတွင်လျှပ်ခေါင်းနှစ်ခုပါဝင်သည့်အနက် တစ်ခုမှာ သွပ်ဖြင့်ပြုလုပ်ထား၍ တစ်ခုမှာ [[ကြေးနီ]] (Copper) ဖြင့်ပြုလုပ်ထားသည်။ [[လျှပ်လိုက်ရည်]]မှာ [[ဆာလဖျူရစ်အက်ဆစ်]] သော်လည်းကောင်း၊[[ဆား]]နှင့်[[ရေ]]သော်လည်းကောင်း ဖြစ်နိုင်သည်။ လျှပ်လိုက်ရည်သည် 2H<sup>+</sup> နှင့် SO<sub>4</sub><sup>2−</sup> အနေအထားနှင့်တည်ရှိနေပါသည်။
 
အောက်ပါဓာတ်ပြုမှု ကိုဖြစ်ပေါ်စေပါသည်။