မဏိပူရပြည်နယ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သြ +ဩ)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖြစ်လျှက် +ဖြစ်လျက်)
 
စာကြောင်း ၅ -
မြို့တော်သည် အင်ဖာမြို့သည် [[ချင်းတွင်းမြစ်]]၏ လက်တက်ဖြစ်သော [[မြစ်သာမြစ်]]အတွင်း စီးဝင်သော [[မဏိပူရမြစ်]]ဝှမ်းတွင် တည်ရှိလျက် [[မန္တလေးမြို့]]၏ မြောက်ဘက် အနောက်ယွန်းယွန်း မိုင် ၂၅ဝ အကွာတွင် တည်ရှိသည်။
 
မဏိပူရနယ်သည် တောင်ထူထပ်သော ဒေသ၏အလယ် ကျယ်ပြန့်သောချိုင့်ဝှမ်းတွင် တည်ရှိသည်။ ယင်းနယ်၏ များသောအပိုင်းမှာ တောကြီးမျက်မည်းဖြစ်လျှက်၊တောကြီးမျက်မည်းဖြစ်လျက်၊ [[ဆင်]]၊ [[ကြံ့]]၊ [[ကျား]]၊ [[ကျားသစ်]]၊ [[ဝက်ဝံ]]၊ [[သမင်]]၊ [[ပြောင်]]များ ကျက်စားသည်။ မဏိပူရနယ်ရှိ အချို့တောင်များသည် ပေ ၁ဝ ဝဝဝ ကျော်မြင့်သော်လည်း အများအားဖြင့် ပေ ၅ ဝဝဝ၊ ၆ ဝဝဝ အမြင့်ရှိကြသည်။ [[ချိုင့်ဝှမ်း]]သည် စတုရန်းမိုင် ၇ဝဝ ကျယ်၍ ပင်လယ်ပြင်ထက် ပေ၂ ၆ဝဝ မြင့်သည်။ တောင်ပေါ်ဒေသတွင် နေထိုင်သူများသည် နယ်ရှိ လူဦးရေ၏ ၃ပုံ ၁ပုံရှိ၍ လူမျိုးအုပ်စု ခွဲပေါင်း ၄ဝ မျှပါဝင်သည်။ ယင်းတို့အနက် အုပ်စုကြီး ၂ စုမှာ [[နာဂ]]နှင့် [[ကုကီလူမျိုး]]များဖြစ်သည်။
 
မြို့တော် ဖြစ်သော အင်ဖာမြို့အနီး တစ်ဝိုက်တွင် နေထိုင်သူတို့မှာ အများအားဖြင့် မေထေး (မဏိပူရီ) လူမျိုးများဖြစ်သည်။ မဏိပူရနယ်တွင် ပြောဆိုကြသော ဘာသာစကား အများအပြား ရှိသော်လည်း မဏိပူရီ (ကသည်း) နှင့် အင်္ဂလိပ်စကားတို့မှာ ရုံးသုံးဘာသာစကားများ ဖြစ်ကြသည်။ မဏိပူရတွင် နေထိုင်သော လူဦးရေမှာ ၁၉၅၉ ခုနှစ်တွင် ခန့်မှန်းခြေ ၅၇၇ ၆၃၅ ယောက်ဖြစ်၏။ များသောအားဖြင့် [[ဟိန္ဒူ]]၊ [[မွတ်စလင်]]၊ [[ခရစ်ယာန်]]နှင့် ဗုဒ္ဓအယူ ဝါဒီများ ဖြစ်ကြ၏။