အမေရိကန်ပြည်ထောင်စု ကာပီတယ်လ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (- ၊ +၊)
စာကြောင်း ၂၂ -
'''အမေရိကန်ပြည်ထောင်စု ကာပီတယ်လ်''' ({{lang-en|'''United States Capitol'''}}) သည် [[အမေရိကန်ပြည်ထောင်စု]]၊ [[ဝါရှင်တန်ဒီစီ]] မြို့တော်၏ အထင်ကရရှိဆုံးသောနေရာများထဲကတစ်ခုဖြစ်၍ နိုင်ငံ၏လွှတ်တော် တွေ့ဆုံစည်းဝေးရာ နေရာလည်းဖြစ်သည်။ ကာပီတယ်လ်အဆောက်အအုံ (Capitol Building) ဟုလည်း ခေါ်ဆိုကြသည်။ သမိုင်း၊ ယဉ်ကျေးမှုအရ အရေးအပါဆုံးနေရာတစ်ခုဖြစ်နိုင်ကာ ၁၈၀၀ ပြည့်နှစ်မှစ၍ ကွန်ဂရက် (လွှတ်တော်) တည်ရှိခဲ့သည်မှာ ယနေ့အထိဖြစ်သည်။ ၁၈၀၁ တွင် [[သောမတ်စ် ဂျက်ဖာဆင်|တောမတ်စ် ဂျက်ဖာဆန်]] ယင်းအဆောက်အအုံ၌ ပထမဆုံး ကျမ်းသစ္စာကျိမ်ဆိုသော ပထမဆုံး သမ္မတဖြစ်လာခဲ့သည်။
 
ကာပီတယ်အဆောက်အအုံသည် ကာပီတယ်လ်ကုန်း (Capitol Hill ) ၊ အမျိုးသားမောလ် (National Mall) ပန်းခြံ၏ အရှေ့ဖက်ဆုံးတွင်တွင်တည်ရှိသည်။ အနီးနားတွင် လင်ကွန်းအမှတ်တရအဆောက်အဦ၊ တရားရုံးချုပ်၊ လွှတ်တော်စာကြည့်တိုက်များတည်ရှိသည်။<ref>[https://www.britannica.com/topic/United-States-Capitol B. Philip Bigler, United States Capitol building, Washington, District of Columbia, United States, Britannica Encyclopaedia]</ref>