ခုဒ္ဒကနိကာယ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (- ၊ +၊)
စာကြောင်း ၁ -
{{ပိဋကတ်သုံးပုံ}}
'''ခုဒ္ဒကနိကာယ်''' ({{lang-pi|ခုဒ္ဒကနိကာယ}} Khuddaka Nikāya) သည် ထေရဝါဒဗုဒ္ဓဘာသာ၏ သုတ္တန်ပိဋကတ်မှ နောက်ဆုံးနိကာယ်တစ်ခုဖြစ်၍ အတိုင်းအရှည်ပမာဏအားဖြင့် တိုသောသုတ်များကို စုပေါင်းထားခြင်းဖြစ်သည်။ ခုဒ္ဒကနိကာယ်ကို ထေရဝါဒကိုးကွယ်သည့် ထိုင်းနိုင်ငံတွင် (၁၅) အုပ်၊ သီရိလင်္ကာတွင် (၁၅) အုပ်ရှိသော်လည်း မြန်မာနိုင်ငံ၌ ဆဋ္ဌမူအရ စုစုပေါင်း (၂၈) အုပ်ရှိသည်။ သုတ္တန်ပိဋကတ်ကိုသာ ရေတွက်ပါက ကျမ်းအရ (၁၈) ကျမ်း၊ စာအုပ်ထုတ်ဝေမူအရ (၁၁) အုပ်ဖြစ်သည်။ အခြားနိုင်ငံများကဲ့သို့မဟုတ်ဘဲ မြန်မာရိုးရာအစဉ်အဆက်အရ ဝိနည်းပိဋကတ်၊ အဘိဓမ္မာပိဋကတ်များကိုပါ ဤခုဒ္ဒကနိကာယ်ထဲသို့ ထည့်သွင်းခဲ့ကြသည့်အတွက် ဝိနည်း (၅) ကျမ်း (စာအုပ် ၅ အုပ်) ၊ အဘိဓမ္မာကျမ်း ၇ ကျမ်း (စာအုပ် ၁၂ အုပ်) ရှိသဖြင့် စုစုပေါင်း ကျမ်း ၃၀ (စာအုပ် ၂၈) ရှိသည်။ တိုသော၊ သေးငယ်သောသုတ်များ စုပေါင်းထားသည်ဟုဆိုသော်လည်း တရားအရေအတွက်၊ တရားသဘော အစုံလင်ဆုံးပါရှိသည့် နိကာယ်ဖြစ်သည်။<ref>{{cite book |editor-last=ဆဋ္ဌသံဂါယနာတင် ဝန်ဆောင်သံဃအဖွဲ့ |title=ပါဠိတော်မြန်မာကျမ်းများ၏ ကျမ်းဦးမှတ်ဖွယ်များ |date=၁၉၆၅ |publisher=မြန်မာနိုင်ငံ ဗုဒ္ဓသာသနာ့အဖွဲ့ |location=ရန်ကုန်မြို့}}</ref>
 
တရုတ်နှင့် တိဘက်ကျမ်းစာများ၌လည်း ခုဒ္ဒက အာဂမ (Kṣudraka Āgama) ရှိသည်။ သို့သော် မူကွဲများလည်းရှိသေး၏ ။