ဂရိဘာသာနှင့်စာပေ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး fixing spacial problems or the like (idk its term)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ခ +။ ခ, -။ထ +။ ထ)
စာကြောင်း ၂၀ -
 
==ဂရိစာပေ==
ဥရောပတိုက်တွင် ဂရိယဉ်ကျေးမှု မပေါ်ပေါက်မီက ကျကျနန ရေးသားထားသည့် စာပေဟူ၍ မရှိခဲ့သေးချေ။ ဂရိလူမျိုးတို့သည် လွတ်လပ်သော လူမျိုးအဖြစ်ဖြင့် အေးချမ်းသာယာသောဒေသတွင် နေထိုင်ခဲ့ကြ၍ ထက်မြက်သော ဉာဏ်ပညာနှင့်ပြည့်စုံသူများဖြစ်သည်။ စိတ်ကူးကောင်းမွန်ကြသည်။ထို့ကြောင့်စိတ်ကူးကောင်းမွန်ကြသည်။ ထို့ကြောင့် သူတို့၏ စိတ်အာရုံထဲတွင် ပေါ်ပေါက်ခဲ့သမျှကို ကဗျာလင်္ကာအဖြစ် နှုတ်တိုက် ဖွဲ့နွဲ့သီကုံးနိုင်ကြသည်။ ထိုသည်မှတစ်ဆင့် တဖြည်းဖြည်း ကဗျာကို စာပေအနေနှင့် ရေးသားစီကုံးသည့်အခြေအနေသို့ ရောက်ခဲ့ကြသည်။ ဂရိတို့ ရေးသားပြုစုခဲ့သည့် ပုံပြင်များ၊ ကဗျာလင်္ကာများ၊ ပြဇာတ်များနှင့် အခြားစာပေများထက် အဆင့်အတန်း သာလွန်သော စာပေမျိုး ကမ္ဘာတွင် ရှာမှရှားလှ၏။ စာပေအမျိုးအစားမှာလည်း အမျိုးစုံဖြစ်၏။ ဖွဲ့နွဲ့သီကုံးပုံမှာလည်း လှပယဉ်ကျေးလှ၏။ သူတို့၏ အရေးအသား ဟန်နေဟန်ထားတို့ကို နှောင်းလူများက စံထားနည်းယူကြရပေသည်။ ထို့ပြင် ရှေးဂရိစာပေများ၏ နှစ်လိုဖွယ်အချက်မှာ အကြောင်းအရာ ဖွဲ့နွဲ့ပုံကောင်းခြင်း၊ ရိုးရိုးရှင်းရှင်း ရေးသားထားခြင်းနှင့် ဆန်းသစ်ခြင်းတို့ ဖြစ်ပေသည်။
 
ရှေးဂရိစာပေကို ခေတ် ၅ ခေတ် ပိုင်းခြားထားသည်။ ထိုခေတ်များမှာ အက်ပစ် ကဗျာခေတ်၊ လစ်ရစ်ကဗျာခေတ်၊ အက်တစ်ခေတ်၊ အယ်လက်ဇန္ဒြီးယန်းခေတ်နှင့် ဂရိကိုရိုမန်ခေတ်တို့ ဖြစ်ကြ၏။ အက်ပစ်ကဗျာခေတ်မှာ ဘီစီ ၇ ရာစုမှ ၆ ရာစုနှစ်အထိ ထွန်းကားခဲ့သည်။ ထိုခေတ်တွင် ထင်ရှားခဲ့သော ကဗျာစာဆိုရှင်ကြီး ၂ ဦးမှာ ဟိုးမားနှင့် ဟီးဆိယော့တို့ ဖြစ်ကြ၏။ ဂရိစာပေသည် နှုတ်ဖြင့် သီဆိုရသော လင်္ကာများမှ စတင်ခဲ့၏။ ထိုလင်္ကာများမှာ အာဇာနည်သူရဲကောင်းများနှင့် စွန့်စားသူတို့၏ အကြောင်းကို စပ်ဆိုထားသော လင်္ကာများဖြစ်၍ စားပွဲသောက်ပွဲ၊ ပျော်ပွဲရွှင်ပွဲကြီးများတွင် ရွတ်ဆိုကြရ၏။ ယင်းကဗျာလင်္ကာကြီးများစွာမှာ ပျောက်ဆုံးသွားခဲ့ရာ 'အော့ဒိဆီ'နှင့် 'အစ်လယက်'အမည်ရှိ လင်္ကာကြီး နှစ်ပုဒ်သာကျန်ရှိခဲ့သည်။ထိုလင်္ကာကြီးနှစ်ပုဒ်ကိုနှစ်ပုဒ်သာကျန်ရှိခဲ့သည်။ ထိုလင်္ကာကြီးနှစ်ပုဒ်ကို ဖွဲ့ဆိုသူမှာ ဂရိစာဆိုကျော်ကြီး ဟိုးမား ဖြစ်၏။
 
'အစ်လယက်' ကဗျာကြီးမှာ ထရွိုင်းမြို့တော်ကြီးကို ဝန်းရံတိုက်ခဲ့စဉ်က ပါဝင်ခဲ့သော ဂရိအာဇာနည်သူရဲကောင်း အကီးလီး၏ အကြောင်းနှင့် ဂရိနှင့် ထရိုဂျန်လူမျိုးများ တိုက်ခိုက်ကြပုံကို ဖွဲ့ဆိုသီကုံးထားခြင်း ဖြစ်၏။ 'အော့ဒိဆီ' ကဗျာကြီးမှာမူ ထရွိုင်းမြို့တော်ကြီးမှ အက်တစ်ကာမြို့တော်ကြီးသို့ သွားရောက်ရာ ခရီးလမ်းတစ်လျှောက်တွင် ယူလီဆီခေါ် အိုဒိဆယု စွန့်စားတိုက်ခိုက်ခဲ့ရပုံများကို သီကုံးဖွဲ့နွဲ့ထားခြင်း ဖြစ်လေသည်။ ဟီးဆီယော့ စာဆိုပညာရှိမှာ ဘီစီ ၇ ရာစု၊ သို့မဟုတ် ၈ ရာစုနှစ်လောက်တွင်ပေါ်ထွန်းခဲ့၏။ ထိုပုဂ္ဂိုလ်ကြီး၏ ထင်ရှားသော ကဗျာတို့မှာ လယ်ယာထွန်ယက်ခြင်းနှင့် သက်ဆိုင်သော 'အလုပ်နှင့် နေ့ရက်များ' ကဗျာနှင့် ကမ္ဘာကြီးစတင်ဖြစ်ပေါ်လာသည့်ပုံကို မှန်းဆဖွဲ့ဆိုထားသော 'သီယိုဂိုနီ'ခေါ် ကဗျာတို့ ဖြစ်
စာကြောင်း ၆၂ -
ဘီစီ ၃ ရာစုမှ ၁၄၆ ခုနှစ်အထိဖြစ်သော အယ်လက်ဇန္ဒြီးယန်း ခေတ်တွင် စာပေပညာရှင်များနှင့် စာပေအကဲဖြတ်သမားတို့ ပေါ်ထွန်းခဲ့၏။ သို့သော် ဂရိမြို့တော်အေသင်မှာ စာပေနှင့် သုခုမပညာရပ်များဘက်တွင် ဦးဆောင်နိုင်သောဒေသမဟုတ် တော့ချေ။ အယ်လက်ဇန္ဒာ-သ-ဂရိတ်ဘုရင်မင်းမြတ်၏စွမ်းရည်ကြောင့် ဂရိလက်နက်နိုင်ငံတော်ကြီးမှာ ကျယ်ပြန့်ခဲ့ရာ ဂရိယဉ်ကျေးမှုမှာမြေထဲပင်လယ်ဒေသတဝိုက်တိုင်အောင် ပျံ့နှံ့ခဲ့လေ၏။ ထိုခေတ်၌ ခေတ်တခေတ်ဟု တွင်လောက်အောင် လျှမ်းလျှမ်းတောက် ကောင်းမွန်လှသော စာပေမျိုးကား မပေါ်ပေါက်ခဲ့ပေ။ သို့သော် ကဗျာစာဆိုများ၊ နိုင်ငံသမိုင်းပြုပုဂ္ဂိုလ်များနှင့် ယထာဘူတပညာရှင်များကား ပညာများ ပြုစုရေးသားလျက်ပင်ရှိခဲ့ကြ၍ သူတို့၏ စာပေအဆင့်အတန်းမှာ အတော်အသင့်ကောင်းမွန်ခဲ့သည်။ သီအော့ကရစ်တပ် အမည်ရှိ ကဗျာရှင်တစ်ဦး တောဘွဲ့ကဗျာ တစ်မျိုးကို တီထွင်ခဲ့၏။ ထိုကဗျာမှာအမေးအဖြေ ပြုလုပ်ဟန်ဖြင့် ရေးသားထားပြီး၊ အပျင်းပြေဖြေဖျော်ရန်အတွက်သာ ရေးစပ်ထားခြင်းဖြစ်၍ နက်နဲသောစာပေမျိုး မဟုတ်ချေ။ မီနန်ဒါအမည်ရှိ ပြဇာတ်ရေး ဆရာတစ်ဦးကမူ လူတို့၏ မိုက်မဲတွေဝေမှုကို သရုပ်ဖော်ပြသော အသောပြဇာတ်များကို ရေးသားပြုစုခဲ့လေသည်။ ဂရိနိုင်ငံကို ရောမလူမျိုးတို့ သိမ်းပိုက်ပြီးသည်မှာ အေဒီ ၅၂၆ ခုနှစ်အထိဖြစ်သော ဂရိကိုရိုမန်ခေတ်တွင် နိုင်ငံရေး၌ ရောမတို့ကစိုးမိုးနေသည် မှန်သော်လည်း ယဉ်ကျေးမှုကို ဂရိတို့ကသာခေါင်းဆောင်ခြယ်လှယ်ခဲ့ကြ၏။ အယ်လက်ဇန္ဒြီးယားမြို့တော်မှာ ဂရိယဉ်ကျေးမှုဗဟိုဌာန ဖြစ်ခဲ့လေသည်။ ဘီစီ ၂ ရာစုနှစ် လောက်တွင် ရောမမြို့တော်မှာ ဂရိယဉ်ကျေးမှု ဗဟိုဌာန ဖြစ်လာပြန်သည်။ အကောင်းဆုံးသော နိုင်ငံသမိုင်းတစ်စောင်ဖြစ်သည့် ကားသေ့စစ်ပွဲများအကြောင်း ပြုစုရေးသားခဲ့သူ ပေါ်လစ်ဗိုင်းယပ်မှာ ရောမမြို့တော်၌သာ အနေများခဲ့သော ဂရိပညာရှင်တစ်ဦး ဖြစ်ခဲ့၏။ ထင်ရှားသော နိုင်ငံသမိုင်းပြု ပုဂ္ဂိုလ်ကြီးများထဲတွင် နောက်ဆုံးပေါ်ထွန်းခဲ့သူမှာ ပလူးတပ် ဖြစ်၍ အေဒီ ၁ ရာစုနှင့် ၂ ရာစုအတွင်း၌ ပေါ်ပေါက်ခဲ့သည်။ ထိုပုဂ္ဂိုလ်ကြီးကား ထင်ရှားသော ဂရိနှင့် ရောမပုဂ္ဂိုလ်ကျော် များ၏ အတ္ထုပ္ပတ္တိများကို မှတ်တမ်းတင်ခဲ့သူ ဖြစ်သည်။ ပလူးတပ်သည် အတ္ထုပ္ပတ္တိရှင် ပုဂ္ဂိုလ်ကြီးများကို ကွက်ကွက် ကွင်းကွင်း ထင်မြင်လာအောင် စာပန်းချီခြယ်နိုင်စွမ်းရှိခဲ့၏။
 
၁ ရာစုအတွင်း၌ ပေါ်ထွန်းခဲ့သော လူရှန်အမည်ရှိပညာရှိကြီးတစ်ဦးကမူ စာပြောင်စာရွဲ့နှင့် စိတ်ကူးယဉ်စာပေများကို ပြုစုရေးသားခဲ့သည်။ထိုခေတ်အတွင်းပြုစုရေးသားခဲ့သည်။ ထိုခေတ်အတွင်း ပေါ်ပေါက်ခဲ့သည့် အခြားစာပေတစ်မျိုးမှာ နှစ်လိုဖွယ်ကောင်းသော ကဗျာတိုကလေးများ ဖြစ်ပေသည်။ ဂရိကိုရိုမန်ခေတ် ကုန်ဆုံးချိန်တွင် ဗိုင်ဇင်းရှမ် (ကွန်စတန်တီနိုပယ်) မြို့တော်ကြီးမှာ အရှေ့ဘက်တွင် ဂရိယဉ်ကျေးမှုထွန်းကားရာ မြို့တော်ကြီးဖြစ်ခဲ့သည်။ ထိုခေတ်က စာပေဘက်တွင် ကျမ်းပေါင်းမြောက်မြားစွာ ထွက်ခဲ့သော်လည်း ဘာသာရေး၊ နိုင်ငံသမိုင်ဆိုင်ရာ စာပေများသာဖြစ်၍ ပင်ကိုယ်ဉာဏ်ဖြင့် ပြုစုသည့် စာပေမျိုး မပေါ်ထွက်ခဲ့ပေ။
 
ကွန်စတန်တီနိုပယ်မြို့တော်ကြီး ကျဆုံးသည့် ၁၄၅၃ ခုနှစ်နှင့် ဂရိလူမျိုးတို့ ပြန်လည် ခေါင်းထောင်နိုင်ခဲ့သော ၁၈၂၁ ခုနှစ်အကြားတွင် ဂရိစာပေ ၂ မျိုး ၂ စား ပေါ်ပေါက်ခဲ့၏။ ပထမတစ်မျိုးမှာ ရှေးမူဟောင်းအတိုင်းလိုက်ကာ ယဉ်ခန့်သန့်သော စာပေမျိုးဖြစ်၏။ ဒုတိယအမျိုးမှာ တိုးတက်လာသည့်ခေတ်နှင့် လိုက်လျောညီစွာ သုံးနှုန်းနိုင်စေရန် ပြုပြင်ထားသော အများသုံး ရိုမေအစ်ခေါ် ဒီမိုတစ်စာပေမျိုး ဖြစ်လေသည်။ခေတ်သစ်ဂရိနိုင်ငံတွင်ဖြစ်လေသည်။ ခေတ်သစ်ဂရိနိုင်ငံတွင် ထိုစာပေ ၂ မျိုး ၂ စားအနက်တစ်မျိုးမျိုးကို နိုင်ငံသုံးဘာသာဖြစ်အောင် အကြိတ်အနယ် ကြိုးစားခဲ့ရာ ရုန်းရင်းဆန်ခတ်မှုများပင် ဖြစ်ပွားခဲ့ရ၏။ ထိုခေတ်ဟောင်းနှင့် ခေတ်သစ် စာပေအုံကြွလှုပ်ရှားမှုများအနက် ဆီချာရီလှုပ်ရှားမှုမှာ ထင်ရှားခဲ့သည်။ ဂျအင်းဆီချာရီ (ခရစ် ၁၈၅၄-၁၉၂၉)သည် စာပေတော်လှန်ရေးသမားတစ်ဦး ဖြစ်ခဲ့သည်။ ၁၈၈၈ ခုနှစ်တွင် 'ကျွန်ုပ်၏ခရီးစဉ်'ဟူသော ဝတ္ထုတစ်ပုဒ်ကို ဒီမိုတစ်စာပေဖြင့် ရေးသားကာ ဂရိစာပေသမိုင်းတွင် တစ်လှမ်းတိုးစေခဲ့သည်။ သူနှင့် ရှေးဟောင်းစာပေ အရေးအသား တော်လှန်ဖက်များမှာ ဓမ္မသစ်ကျမ်းနှင့် အိလယက်တို့ကို ဒီမိုတစ်ဂရိဘာသာသို့ ပြန်ဆိုခဲ့သူ အယ်လက်ဇန္ဒာပါလီ၊ ကဗျာဆရာ ဗလက်စတော့၊ ဖော့တီးယေးဒီးနှင့် ဝတ္ထုရေးဆရာ အယ်ဖတာလီယိုးတစ်တို့ ဖြစ်၏။ သူတို့၏ တော်လှန်မှုကိုအတိုက်အခံပြုကြသည့် အင်အားမှာလည်း မသေးလှချေ။
 
သို့သော် စာပေသစ်မှာ တဖြည်းဖြည်း တွင်ကျယ်လာ၍ လက်ခံသူများပြားလာ၏။ ၁၉ ရာစု နောက်ပိုင်းတွင် စာပေသစ်ကို ကဗျာများ၌သာ တွေ့ကြရသော်လည်း နောင် အနှစ် ၅ဝ ခန့် ကြာလာသောအခါ ဝတ္ထု၊ ခရီးသွားမှတ်တမ်း၊ အတ္ထုပ္ပတ္တိ စာပေတို့တွင်လည်း တွေ့ရသည်။ သို့သော် အချို့စာပေမြောက်မြားစွာတို့ကို ခေတ်ဟောင်း စာပေလည်းမကျ ခေတ်သစ်စာပေလည်း မကျစေဘဲ ကြားစာပေမျိုးဖြင့် ရေးသားခဲ့ကြလေသည်။