မြစ်ကြီးနားခရိုင်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-မြောက်ဖက် +မြောက်ဘက်)
စာကြောင်း ၄၀ -
|footnotes =
}}
နာမည်ကျော် [[ကျောက်စိမ်း]]နှင့် [[ပယင်း]]ရတနာများ ထွက်ရာ ဒေသဖြစ်သော '''မြစ်ကြီးနားခရိုင်'''သည် မြန်မာနိုင်ငံ၏ မြောက်ဖက်မြောက်ဘက် အစွန်ဆုံးခရိုင်ဖြစ်၍ [[ကချင်ပြည်နယ်]]တွင်ပါဝင်လျက် အကျယ်အဝန်းမှာ ၁၉,၇၆၂ စတုရန်းမိုင် ဖြစ်သည်။ ခရိုင်၏နယ်နိမိတ်မှာ မြောက်ဘက်နှင့် အရှေ့ဘက်တို့တွင် [[တရုတ်နိုင်ငံ]]၊ အနောက်ဘက်တွင် [[အိန္ဒိယနိုင်ငံ]]နှင့် နာဂတောင်တန်းခရိုင်နှင့် တောင်ဘက်တွင် [[ဗန်းမော်ခရိုင်]]တို့ ဝန်းရံ တည်ရှိသည်။ ခရိုင်၏ မြောက်ဘက်အစွန် ဒေသမှာ [[ဧရာဝတီမြစ်]]နှင့် [[ချင်းတွင်းမြစ်]]တို့ မြစ်ဖျားခံရာဒေသ ဖြစ်သည်။ အရှေ့ဘက်ပိုင်းတွင် ဧရာဝတီမြစ် ဖြစ်ပေါ်စေသည့် [[မေခမြစ်]]နှင့် [[မလိခမြစ်]]တို့သည်လည်းကောင်း၊ အနောက်ဘက်တွင် ချင်းတွင်းမြစ်နှင့် ယင်း၏ လက်တက်ဖြစ်သော ဥရုချောင်းတို့သည်လည်းကောင်း၊ မြောက်ဘက်မှ တောင်ဘက်သို့ စီးဆင်းလာကြသည်။ နမ့်တပက် ချောင်းသည် အရှေ့ဘက်တွင် မြစ်ဖျားခံ၍ လည်းကောင်း၊ မိုးကောင်းချောင်းနှင့် ကောက်ကွေ့ချောင်းတို့သည် အနောက်ဘက်တွင် မြစ်ဖျားခံ၍လည်းကောင်း၊ ဧရာဝတီမြစ်အတွင်း စီးဝင်ကြသည်။ ထိုသို့ မြစ်ချောင်းများ ဖြတ်သန်းစီးဆင်းရာ တလျှောက်တို့မှလွဲ၍ မြစ်ကြီးနား ခရိုင်သည် တောင်ထွတ်တောင်ကမ်းပါးကြီးများ၊ လျှိုကြီး မြောင်ကြီးများဖြင့် ပြည့်နှက်နေသည်။
မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်သော အင်းတော်ကြီးအိုင်သည် မြစ်ကြီးနားခရိုင်၏ အနောက် တောင်ထောင့် အနီးတွင်တည်ရှိ၍၊ မြန်မာနိုင်ငံတွင် အမြင့်ဆုံးဟု ဆိုသောပေပေါင်း ၁၉,၃၁၅ ခန့် မြင့်သည့် [[ခါကာဘိုရာဇီ]] တောင်ထိပ်သည်လည်း မြစ်ကြီးနားခရိုင်အတွင်း တည်ရှိသည်။