တောင်ဩစတြေးလျပြည်နယ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး တောင်ဩစ‌တြေးလျပြည်နယ် စာမျက်နှာကို တောင်ဩစတြေးလျပြည်နယ် သို့ Zawthetက ရွှေ့ခဲ့သည်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ထိုပြင် +ထို့ပြင်)
 
စာကြောင်း ၁၃ -
ထိုပြည်နယ်တွင် မီးရထားလမ်း ‌ဖောက်ထား‌သော‌ကြောင့် ကူးသန်းသွားလာ‌ရေး လွယ်ကူသည်။ ပြည်နယ်အတွင်း မီးရထားလမ်း မိုင်‌ပေါင်း ၃,၉၀၀ ခန့်နှင့် ကုန်းလမ်းမိုင်‌ပေါင်း ၅၂,၀၀၀ ခန့်ရှိသည်။ ဩစ‌တြေးလျတိုက်ကို အ‌ရှေ့မှအ‌နောက်သို့ဖြတ်ကာ ‌တောင်ဩစ‌တြေးလျပြည်နယ် စပင်ဆာ‌ကွေ့ရှိ ပို့ဩဂတ်စတာမြို့မှသည် [[အနောက်ဩစတြေးလျပြည်နယ်]]ရှိ ကယ်လဂူလီမြို့အထိ ‌ဖောက်လုပ်ထား‌သော မီးရထားလမ်းသည် သဲကန္တာရကို ဖြတ်သန်းသွား‌လေသည်။
 
ထိုပြင်ထို့ပြင် ပို့ဩဂတ်စတာမှ ‌မြောက်ပိုင်းပြည်နယ်ရှိ အဲလစ်စပရင်း မြို့သို့‌ပေါက်‌သော မီးရထားလမ်းရှည်တသွယ်လည်းရှိသည်။ ရေကြောင်းကူးသန်းသွားလာ‌ရေးတွင် မာ‌ရေးမြစ်သည် အလွန်အသုံးဝင်‌ပေသည်။
 
တောင်ဩစ‌တြေးလျပြည်နယ်၏ ကမ်းရိုးတန်း တစ်‌လျှောက်ကို ၁၈၀၂ ခုနှစ်တွင် မက်သယူး ဖလင်းဒါး အမည်ရှိ ရေကြောင်းခရီးသည်တစ်ဦးက စတင်‌တွေ့ရှိ‌လေသည်။ သို့‌သော် ၁၈၃၆ ခုနှစ်တွင် စတင်၍ အ‌ခြေစိုက်ရာ‌ဒေသအဖြစ် တည်‌ထောင်ခဲ့‌လေသည်။ ၁၈၅၀ ပြည့်နှစ်‌နောက်တွင် လူဦး‌ရေမှာ တဖြည်း ဖြည်း တိုးတက်လာသည်။ ၁၉၀၁ ခုနှစ်တွင် ဩစ‌တြေးလျဓနသဟာယနိုင်ငံစုတွင် ပါဝင်ခဲ့‌လေသည်။ လယ်ယာလုပ်ငန်း ထွန်းကား‌သောပြည်နယ် ဖြစ်ခဲ့‌သော်လည်း [[ဒုတိယကမ္ဘာစစ်]]ကြီးအတွင်း၌ စက်မှုလက်မှု လုပ်ငန်းများသည် နေ့ခြင်း ညခြင်းဆိုသလိုပင် တိုးတက်လာခဲ့‌လေ၏။
 
ထိုပြည်နယ်၏ လူဦး‌ရေမှာ ၁၉၅၅ ခုနှစ် သန်း‌ခေါင် စာရင်းအရ ၈၁၅,၅၄၉ ‌ယောက်ရှိသည်။ ဗြိတိသျှလူမျိုး၏ အဆက်အနွယ်တို့သာ များပြား‌လေသည်။ ဂျာမန်၊ စကန်ဒီ‌နေးဗီးယန်းစသည့် ဥရောပတိုက်သားများ အနည်းငယ်မျှရှိသည်။ မြောက်ဘက်ပိုင်းတွင် ဩစ‌တြေးလျတိုက်၏ တိုင်းဦးသားတို့ နေထိုင်ကြသည်။ တောင်ဩစ‌တြေးလျပြည်နယ်တွင် က‌လေးသူငယ်တိုင်းပင် ၁၄ နှစ်သားအရွယ်အထိ ‌ကျောင်းများသို့ အခမဲ့တက်‌ရောက် စာ‌ပေသင်ကြားရ၏။ အက်ဒီလိတ်မြို့တွင် တက္ကသိုလ်‌ကျောင်း တစ်‌ကျောင်းရှိသည်။ ထိုပြင်ထို့ပြင် အစိုးရ သတ္တုတူး‌ဖော်‌ရေးအတတ်နှင့် စက်မှုလုပ်ငန်းအတတ်သင်‌ကျောင်း တ‌ကျောင်းလည်းရှိ၏။ ထိုပြည်နယ်တွင် အထက်‌အောက် လွှတ်တော်နှစ်ရပ်ပါဝင်‌သော ပါလီမန်လွှတ်‌တော်ရှိ၍ ဗြိတိသျှအစိုးရ ခန့်ထား‌သော ဘုရင်ခံသည် အမှု‌ဆောင်ဝန်ကြီးအဖွဲ့၏ အကူအညီဖြင့် ပြည်နယ်ကို အုပ်ချုပ်‌လေသည်။
 
== ကိုးကား ==