မြန်မာသီချင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အဖက်ဖက် +အဘက်ဘက်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ုိ +ို)
စာကြောင်း ၁၇ -
 
ထိုခေတ်ကို အင်းဝခေတ်ဦးပိုင်းဟုခေါ်ဆို၍၊ ယင်းသည်မှ စပြီးလျှင် နှစ်ပေါင်း ၅ဝဝ ခန့် အဓွန့်ရှည်သော အင်းဝခေတ် ကို တစ်လျှောက်လုံး၌ အနုပညာ အရပ်ရပ်တို့သည် တိုးတက် ခဲ့ရာ တေးဂီတ ကဗျာလင်္ကာ အရေးအသားတို့သည်လည်း ဖွံ့ဖြိုးတိုးတက်ခဲ့လေသည်။ အင်းဝခေတ် နောက်ပိုင်းတွင် အချီကြီးသံ၊ အချီငယ်သံ၊ ဆရာတောင်းသံ၊ ဆရာပန်သံ၊ ဆရာညွှန့်သံ၊ အတွင်းတီးပြေသံ၊ အပြင်တီးပြေသံ၊ ဆင်ဖြူရေချသံ၊ ရွှေပလ္လ်တည်သံ၊ ဗောဓိ ညောင်ရွက်သံ၊ ဇမ္ဗူ့သပြေသီး ကြွေသံ၊ ငါးကြင်းမြီးခတ်သံ၊ ခရုသင်းသံ၊ ခွက်ခွင်းသံ၊ ဘီလူးမဝမ်းစည်သံ၊ မြစ်တွေးလန့် တွန်သံ၊ သိကြား အုပ်ဆောင်းသံ၊ သိကြားခလုတ်သံ၊ သိကြား ရေကန်တင်သံ၊ သိကြားလောပစ်သံ၊ ကင်းပတ်ငယ်သံ၊ ထုံးကိုး တံသံ၊ မျောက်မင်းအူသံ၊ မိတ္ထီလာကန်ပေါက်သံ၊ သပြေလားသံ၊ ပြုံးကာရယ်ရွှင်သံ၊ ကသာဝန်း လည်သံ၊ ပွင့်လှရွှေဝါသံ၊ နောက်မြင်းလှသံ၊ လင်္ကကုတ္ထိသံ၊ မြင်းလှစာတောင်းသံ။ မြင်း လှခွာသံ၊ တံငါမ အဲချင်းသံ၊ သိကြားမင်း ဘိသိက်မြေှာက်သံ အစရှိသည့် ကြိုးသီချင်းများ၊ တျာချင်းများနှင့် သီချင်းခံများ ခေတ်စားခဲ့သည်။ အိုင်ချင်းများလည်း ထိုခေတ်၌ပင် ပေါ်ပေါက်ကြောင်း သိရ
သည်။ ထုိခေတ်၏ထိုခေတ်၏ ထင်ရှားသော ဂီတစာဆိုကြီးမှာ ဝန်ကြီး ပဒေသရာဇာဖြစ်သည်။
 
ဝန်ကြီး ပဒေသရာဇာသည် ကြိုးသီချင်း၊ သီချင်းခံ၊ တျာချင်း ဇာတ် ချင်းတို့ကို စပ်ဆိုခဲ့သည်။ ပုဂံ ပြည်သို့ ဗုဒ္ဓသာသနာ မရောက်မီက နတ်ကိုးကွယ်မှုတို့ ရှိခဲ့သည် ဖြစ်ရာ နတ်ပွဲကျင်းပ၍ သီဆိုကခုန်မှုတို့ကို ပြုခဲ့ကြသည်။ ထို့ကြောင့် အင်းဝခေတ်တိုင်အောင် ကျေးလက်များ၌ နတ်ပွဲကျင်းပမှုများ ရှိနေသေး၍ ဝန်ကြီးပဒေသရာဇာသည် ၃၇ မင်းနတ်သံ (အဲချင်း)များ၊ နတ်ယိုင်သံများကိုလည်း ရေးစပ်ခဲ့သည်။ အတီးအမှုတ် တူရိယာဖက်တွင် ပတ်ဆိုင်းများသည် ထိုခေတ်မှစ၍ ပေါ်ပေါက်ခဲ့လေသည်။