မကွေးခရိုင်: တည်းဖြတ်မှု မူကွဲများ

add data & update
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ခ +။ ခ, -။ရ +။ ရ, -။တ +။ တ, -။အ +။ အ, -။ထ +။ ထ, -။မ +။ မ, -။န +။ န, -။ပ +။ ပ, -။ဗ +။ ဗ)
စာကြောင်း ၄၀ -
|footnotes =
}}
'''မကွေးခရိုင်''' ({{lang-en|Magway District}}) သည် [[မကွေးတိုင်းဒေသကြီး]]တွင် ပါဝင်သော ခရိုင်ဖြစ်သည်။ခရိုင်ရုံးစိုက်ရာမြို့မှာခရိုင်ဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ [[မကွေးမြို့]]ဖြစ်သည်။
==ပါဝင်သောမြို့နယ်များ==
[[File:Magway district.svg|thumb|​မ​ကွေးခရိုင်မြို့နယ်များ]]<br>{{legend|#E31A1C|မ​ကွေးမြို့နယ်}}
စာကြောင်း ၆၅ -
 
== သမိုင်း​ကြောင်း ==
၁၉၃၈ခုနှစ်တွင် [[မင်းဘူးခရိုင်]]တွင်ပါဝင်သော တောင်တွင်းကြီးစီရင်စုနှင့် ရေနံချောင်းစီရင်စုများကို မကွေးခရိုင်အဖြစ် စတင်ဖွဲ့စည်းခဲ့သည်။နောက်တွင်စတင်ဖွဲ့စည်းခဲ့သည်။ နောက်တွင် မကွေးခရိုင်ပါဝင်သော မင်းဘူးပြည်နယ်(မင်းဘူးတိုင်း)ကို မကွေးတိုင်းဟု အမည်ပြောင်းခဲ့သည်။တိုင်းနှင့်အမည်ပြောင်းခဲ့သည်။ တိုင်းနှင့် ခရိုင်ရုံးများသည် ​ရေနံ​ချောင်းမြို့တွင် ရုံးစိုက်ကြသည်။၁၉၅၅ခုနှစ်တွင် မိတ္ထီလာတိုင်း (ယခု[[မန္တလေးတိုင်းဒေသကြီး|မန္တလေးတိုင်း]]) [[မြင်းခြံခရိုင်]]မှ ချောက်မြို့နယ်ကို မကွေးခရိုင်အတွင်း ထည့်သွင်းခဲ့ရာ မကွေးခရိုင်တွင် မြို့နယ်(၆)မြို့နယ် ဖြစ်လာခဲ့သည်။ရေနံချောင်းနယ်တွင်ဖြစ်လာခဲ့သည်။ ရေနံချောင်းနယ်တွင် မကွေး၊ ချောက်၊ ရေနံချောင်းတို့ပါဝင်ကာ တောင်တွင်းကြီးနယ်တွင် နတ်မောက်၊ မြို့သစ် တောင်တွင်းကြီးတို့ ပါဝင်သည်။၁၉၇၄ခုနှစ်မှစ၍ မကွေးတိုင်း၏ ဖွဲ့စည်းပုံကို အသစ်ပြင်ဆင်ကာ [[မကွေးမြို့]]သို့ တိုင်းနှင့်ခရိုင်ရုံးများ ပြောင်း၍ရုံးစိုက်ခဲ့သည်။ခရိုင်၏ပြောင်း၍ရုံးစိုက်ခဲ့သည်။ ခရိုင်၏ အကျယ်အဝန်းမှာ ၃၇၂၄ စတုရန်းမိုင်၊ ကျေးရွာပေါင်း ၄၂၄ရွာ ဖြစ်သည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)</ref>
[[File:Mandalay region 1931.png|thumb|​ချောက်မြို့နယ်မပါ​သေး​သော မ​ကွေးခရိုင်​မြေပုံ]]
 
စာကြောင်း ၈၀ -
 
==လူဦးရေ==
၁၉၅၆ခုနှစ်တွင် မကွေးခရိုင်၏ လူဦးရေမှာ ၆၅၃,၂၇၄ဦးဖြစ်သည်။၂၀၁၄ သန်းခေါင်စာရင်းအရ မကွေးခရိုင်၏ လူဦးရေမှာ ၁,၂၃၅,၀၃၀ဦးဖြစ်ကာ အမျိုးသား ၅၆၇,၂၃၅ဦး၊ အမျိုးသမီး ၆၆၇,၇၉၅ဦးဖြစ်သည်။မကွေးတိုင်းအတွင်းရှိ၇၉၅ဦးဖြစ်သည်။ မကွေးတိုင်းအတွင်းရှိ ခရိုင်(၅)ခုတွင် လူဦးရေအများဆုံး ခရိုင်ဖြစ်သည်။မြို့ပြတွင်နေထိုင်သူခရိုင်ဖြစ်သည်။ မြို့ပြတွင်နေထိုင်သူ ၂၅၃,၀၇၄ဦးရှိကာ မြို့ပြနေရာခိုင်နှုန်းမှာ ၂၀.၅ရာခိုင်နှုန်းဖြစ်သည်။ဗမာလူမျိုးများ၅ရာခိုင်နှုန်းဖြစ်သည်။ ဗမာလူမျိုးများ အများဆုံးနေထိုင်ကြပြီး ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကြသည်။
== စီးပွားရေး ==
မ​ကွေးခရိုင်သည် မ​ကွေးတိုင်းအတွင်း စီးပွား​ရေး ဖွံ့ဖြိုးတိုးတက်မှုရှိ​သော ​​ဒေသဖြစ်သည်။ မကွေးခရိုင်အတွင်း၌ စိုက်ပျိုးရေး ဖြစ်ထွန်းသည်။ ဆန်စပါးကို အဓိက စိုက်ပျိုးသည်။ အထူးသဖြင့် ပင်းချောင်းနှင့် ယင်းချောင်းတစ်လျှောက်၊ တောင်တွင်းကြီးနယ် တစ်ဝိုက်တွင် အများဆုံး စိုက်ပျိုးသည်။ ဆန်စပါး အပြင်ကြက်သွန်ခင်းများကိုလည်း စိုက်ပျိုးသည်။ မြေအနိမ့်အမြင့် မညီသောကြောင့် ဆန်စပါး မစိုက်ပျိုးနိုင်သော အရပ်များ၌ နှမ်းနှင့်ပြောင်းတို့ကို စိုက်ပျိုးသည်။ မကွေးနှမ်းသည် ကောင်းမွန်သဖြင့်နာမည်ကျော်ပေသည်။ ရေနံ ချောင်း၊ နတ်မောက်နှင့် မကွေးမြို့နယ်များတွင် ပြောင်း၊ နှမ်း၊ မြေပဲနှင့် အာလူးတို့မှာ အဓိက ထွက်ကုန်ဖြစ်သည်။ ထို့ပြင် ဧရာဝတီမြစ်ကမ်း တစ်လျှောက်နှင့် မြစ်အတွင်း ပေါ်ထွန်းသော ကျွန်းငယ်များပေါ်တွင် ငရုတ်၊ ပြောင်းဖူး၊ ဆေးရွက်ကြီးနှင့် ပဲအမျိုးမျိုးကို စိုက်ပျိုးသည်။
 
မကွေးခရိုင်သည် မြန်မာနိုင်ငံတွင် ရေနံအများဆုံး ထွက်သော ခရိုင်ဖြစ်သည်။ ရေနံချောင်းနှင့် ချောက်မြို့အနီးတွင် ရေနံတွင်းကြီး အမြောက်အမြားရှိသည်။ ခရိုင်တွင်းရှိ ပင်းချောင်းကမ်းပေါ်တွင် ဆားတွင်းအနည်းငယ် ရှိ၍၊ ယင်းချောင်းကမ်းတွင် ထုံးကျောက် အနည်းငယ်ရှိသည်။ ဤသည်တို့အပြင် မကွေးခရိုင် အရှေ့ဘက်တွင် ကြိုးဝိုင်းသစ်တောများရှိ၍ ကျွန်းပင် အများအပြား ပေါက်ရောက်သည်။ နာမည်ကျော် စလေဆီးသီးထွက်သော စလေမြို့သည် မကွေးခရိုင်တွင်း၌ ပါရှိသည်။ မကွေးဖန်ခါးသည်လည်း ထင်ရှားပေသည်။ မကွေးမှ ကွမ်းညှပ်၊ ဓားများလည်း ထွက်သည်။ထို့ကြောင့်ထွက်သည်။ ထို့ကြောင့် မကွေးခရိုင်မှ ထွက်သော ပစ္စည်းတို့မှာ ရေနံ၊ နှမ်းဆီ၊ ပဲဆီ၊ ဆန်စပါး၊ နှမ်း၊ ထန်းလျက်၊ မြေပဲ စသည်တို့ဖြစ်သည်။
 
== ပို့ဆောင်ဆက်သွယ်ရေး ==
မကွေးခရိုင်သည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော ခရိုင်ဖြစ်သည်။ပြည်နယ်နှင့်ခရိုင်ဖြစ်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများနှင့် ဆက်သွယ်သော လမ်းမကြီးများစွာ ခရိုင်အတွင်း ဖြတ်သန်းသွားသည်။ခရိုင်အတွင်းရှိမြို့များနှင့်ဖြတ်သန်းသွားသည်။ ခရိုင်အတွင်းရှိမြို့များနှင့် အခြားတိုင်းနှင့်ပြည်နယ်များကို ဆက်သွယ်သည့်လမ်းများသည် ကွန်ယက်သဖွယ်ရှိနေသည်။ဧရာဝတီမြစ်သည် အနောက်ဘက် တစ်လျှောက်မှ စီးဆင်းသည်နှင့် အညီ သင်္ဘောကြီးငယ်တို့သည် မကွေး၊ ရေနံချောင်း၊ [[မြင်ကွန်းမြို့ဟောင်း|မြင်ကွန်း]]၊ မိကျောင်းရဲ၊ မင်းရွာ စသည်တွင် ဆိုက်ကပ်ရပ်နားသည်။ချောက်မြို့တွင်ဆိုက်ကပ်ရပ်နားသည်။ ချောက်မြို့တွင် [[အနော်ရထာတံတား]]နှင့် မကွေးမြို့တွင် [[ဧရာဝတီတံတား (မကွေး)]]တို့ တည်ရှိကာ မကွေးတိုင်း၏ အနောက်ဘက်ခြမ်းရှိ ဒေသများသို့ ဆက်သွယ်ပေးသည်။
 
ပြည်​​ထောင်စုနယ်​မြေ [[ပျဉ်းမနားမြို့]]မှသည် မန္တ​လေးတိုင်းအတွင်းရှိ [[ကျောက်ပန်းတောင်းမြို့]]သို့ခွဲထွက်လာသော မီးရထားလမ်းသည် မကွေးခရိုင်အရှေ့ဘက်ရှိ မြို့များဖြစ်သော တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်မြို့များကို ဖြတ်သွားပေသည်။ ယင်းမြို့များမှာ ကုန်စည် ဖြန့်ဖြူးရာ ဌာနများဖြစ်သည်။ရန်ကုန်ဌာနများဖြစ်သည်။ ရန်ကုန် - ပြည်ကားလမ်းမှ ဆက်၍ မြင်းခြံသို့ပေါက်သော ကားလမ်းသည် မကွေး၊ ရေနံချောင်း မြို့များကို ဖြတ်သွားသည်။ မြင်းခြံရောက်လျှင် မြင်းခြံ-မန္တလေးလမ်းနှင့် ဆက်မိသဖြင့် ရန်ကုန်-မန္တလေးသို့တိုက်ရိုက်ကားလမ်းပေါက်သည်။ မကွေးမြို့တွင် [[မကွေးလေဆိပ်|လေယာဉ်ကွင်း]]လည်း ရှိသည်။မ​ကွေး​လေဆိပ်သည်ရှိသည်။ မ​ကွေး​လေဆိပ်သည် စစ်ဖက်နှင့် အရပ်ဖက် နှစ်မျိုးစလုံး သုံးစွဲ​​သော​​လေယာဉ်ကွင်းဖြစ်သည်။<ref>{{cite web |title=Orbats |url=https://www.scramble.nl/planning/orbats/myanmar/myanmar-defence-force |website=www.scramble.nl}}</ref>၂၀၀၈ခုနှစ်တွင် ရပ်နားခဲ့သော အများပြည်သူများအတွက် လေယာဉ်ခရီးစဉ်များသည် ၂၀၁၉ခုနှစ်မှစ၍ ပြန်လည်ပြေးဆွဲခဲ့သည်။<ref>{{cite web|url=https://www.myanmarinternationaltv.com/news/convenient-traveling-yangon-magwe-flight-resumed-operation|title=CONVENIENT TRAVELING: YANGON-MAGWE FLIGHT RESUMED OPERATION}}</ref>
==ပညာရေး==
၂၀၁၄သန်းခေါင်စာရင်းအရ အသက်(၁၅)နှစ်နှင့်အထက် စာတတ်မြောက်နှုန်းမှာ ၉၁.၂ရာခိုင်နှုန်းဖြစ်သည်။အဆင့်မြင့်ပညာကဏ္ဍတွင်၂ရာခိုင်နှုန်းဖြစ်သည်။ အဆင့်မြင့်ပညာကဏ္ဍတွင် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များ၊ [[နည်းပညာတက္ကသိုလ်(မကွေး)|နည်းပညာတက္ကသိုလ်]]၊ [[ကွန်ပျူတာတက္ကသိုလ်(မကွေး)|ကွန်ပျူတာတက္ကသိုလ်]]များအပြင် [[ဆေးတက္ကသိုလ်(မကွေး)|ဆေးတက္ကသိုလ်]]နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်များပါရှိသည်။
==ကျန်းမာရေး==
မကွေးမြို့နယ်တွင် ကုတင်(၂၀၀)ဆံ့ တိုင်းဒေသကြီးဆေးရုံ၊ ကုတင်(၂၀၀)ဆံ့ သင်ကြားရေးဆေးရုံ၊ ကုတင်(၁၀၀)ဆေးရုံ၊ ချောက်မြို့နယ်တွင် ကုတင်(၁၅၀)ဆံ့ ရေနံဆေးရုံ၊ ကုတင်(၅၀)ဆံ့ မြို့နယ်ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၃)ရုံ၊ ရေနံချောင်းမြို့နယ်တွင် ကုတင်(၅၀)ဆံ့ မြို့နယ်ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၂)ရုံ၊ (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံ (၁)ရုံ၊ နတ်မောက်မြို့နယ်တွင် ကုတင်(၅၀)ဆံ့ မြို့နယ်ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၃)ရုံ၊ မြို့သစ်မြို့နယ်တွင် (၂၅)ကုတင်ဆံ့ မြို့နယ်ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၃)ရုံ၊ တောင်တွင်းကြီးမြို့နယ်တွင် ကုတင်(၅၀)ဆံ့ မြို့နယ်ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၂)ရုံ တို့တည်ရှိသည်။