ဆစ်ဂမန် ဖရွိုက်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အိမ်မက် +အိပ်မက်) |
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ထိုပြင် +ထို့ပြင်) |
||
စာကြောင်း ၆ -
ထိုနောက် ဗီယင်းနားမြို့တော်သို့ ပြန်လာပြီးလျှင်၊ နာဗ်ကြောရောဂါဆိုင်ရာ ပါမောက္ခအဖြစ် ဆောင်ရွက်ယင်း၊ စိတ္တဇရောဂါကုသနည်းကို သင်ကြားပို့ချ၍၊ စိတ်ပညာကို သုတေသနပြုလုပ်ကာ လေ့လာ ဆည်းပူးခဲ့သည်။ ဂျာမန်တို့ ဩစတြီးယားနိုင်ငံကို ချဉ်းနင်းဝင်ရောက်လာသော ၁၉၃၉-ခုနှစ်၌ ဖရွိုက်သည် လန်ဒန်မြို့၌ နေစဉ်၊ တော်ဝင်အသင်းကြီးမှ သူ့အား အသင်းဝင် လူကြီးအဖြစ် အသိအမှတ်ပြုလေသည်။ ၁၉၃၉-ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့၌ ဖရွိုက် အနိစ္စရောက်လေသည်။
ဖရွိုက်သည် စိတ်ဓာတ်ခွဲနည်းဖြင့် စိတ္တဇရောဂါကုထုံးနည်းကို ကြံဆခဲ့သည်။ ထိုနည်းကို အသုံးပြုရာ၌ ဝေဒနာရှင်ကို စိတ်ရောကိုယ်ပါ လွတ်လွတ်လပ်လပ်နေစေသည်။ သို့မှသာ ဝေဒနာရှင်သည် သူမမှတ်မိသော နောက်ကြောင်းတို့ကို ပြန်လည်သတိရ၍၊ ကုသသူဆရာဝန်အား ရောဂါလက္ခဏာကို ဆန်းစစ်ရာ၌ အကူအညီပေးနိုင်လိမ့်မည်ဖြစ်၏။
|