မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
{{Also|စာပေဗိမာန်}}
{{Infobox organization
| name = မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း
| image = Sarpay Beikman 01 .jpg
| caption = ဆိုရန်တိုဗီလာ အဆောက်အဦ
| successor = [[စာပေဗိမာန်]]
| founder = {{Bulleted list
|[[ဗိုလ်ချုပ် အောင်ဆန်း]]
|[[ဦးနု]]
|[[ဆရာကြီး ဦးစံထွား]]
|[[ဗိုလ်ဗကို]]
|[[ဒဂုန်ရွှေမျှား]]
}}
| location = [[ဦးဥတ္တမ]]လမ်းနှင့် ပြည်လမ်းဆုံ ဟံသာဝတီအဝိုင်းထောင့်၊ [[ရန်ကုန်မြို့]]
| services = စာပေရေးသားထုတ်ဝေရေး
}}
 
'''မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း''' ဆိုသည်မှာ [[ဒုတိယ ကမ္ဘာစစ်|ဒုတိယကမ္ဘာစစ်]]ပြီးကာလတွင် စစ်ဘေးစစ်ဒဏ်သင့်ခဲ့သည့် နိုင်ငံတော်အား ပြန်လည်ထူထောင်ရန် [[ဗိုလ်ချုပ် အောင်ဆန်း]] ဦးစီး၍ ရေးဆွဲခဲ့သော 'ဆိုရန်တိုဗီလာ စီမံကိန်း' အရ ပညာရေးအခန်းကဏ္ဍအား ပြန်လည်ထူထောင်ရန် ပေါ်ပေါက်လာခဲ့သော စာပေနှင့် ဗဟုသုတ စာအုပ်စာစောင်များ ရေးသားပြုစုရေးဆိုင်ရာ အသင်းဖြစ်သည်။ ၁၉၄၇ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် အသင်းအား စတင်တည်ထောင်ခဲ့သည်။ ၁၉၄၈ ခုနှစ်အစောပိုင်းတွင် [[ဂျပ်ဆင်ကောလိပ်]]ဝင်း အတွင်းရှိ အိမ်တစ်ဆောင်ကို အသင်းတိုက်အဖြစ် ယာယီ ဖွင့်လှစ်ခဲ့ပြီး ဒုတိယ-စာတည်းမှူးချုပ် (၁)ဦး၊ စာတည်းမှူး (၂)ဦး၊ လက်ထောက် စာတည်းမှူး (၆)ဦး၊ ရေးသားပြုစုသူ (၂၄) ဦးတို့ဖြင့် ရေးသားပြုစုရေးနှင့် တည်းဖြတ်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၎င်း ၁၉၄၈ ခုနှစ် မေလတွင် [[ရန်ကုန်မြို့]] ၊ [[ပြည်လမ်း]]ပေါ်ရှိ (လက်ရှိ ဦးဥတ္တမလမ်းနှင့် ပြည်လမ်းဆုံ ဟံသာဝတီအဝိုင်းထောင့်) ''ဆိုရန်တိုဗီလာ'' အဆောက်အအုံသို့ အသင်းတိုက်ကို ရွှေ့ပြောင်းခဲ့ပြီး ''"မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (စာပေဗိမာန်)"'' ဟူ၍ အမည်ပြောင်းလဲခဲ့သည်။ ''"အမှောင်ခွင်း၍ အလင်းဆောင်အံ့"'' ဟူသော အသင်း၏ ဆောင်ပုဒ်ကိုလည်း သတ်မှတ်ခဲ့ကြလေသည်။ ၁၉၅၅ ခုနှစ် မေလတွင် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (လက်ရှိ စာပေဗိမာန် နေရာ) သို့ ထပ်မံပြောင်းရွှေ့ခဲ့သည်။ ထို့နောက် [[တော်လှန်ရေးကောင်စီ]] အစိုးရလက်ထက် ၁၉၆၃ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့တွင် ''မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (စာပေဗိမာန်)'' အား ဖျက်သိမ်းကာ ''စာပေဗိမာန် အုပ်ချုပ်ရေးအဖွဲ့'' ဟူသော အမည်ဖြင့် ပြန်ကြားရေးဌာနအောက်သို့ ထည့်သွင်းခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် စာပေဗိမာန် အုပ်ချုပ်ရေးအဖွဲ့ ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ၁၉၇၂ ခုနှစ် မတ်လတွင် စနစ်သစ် အုပ်ချုပ်ရေးအရ ဗဟိုပုံနှိပ်တိုက်နှင့် စာပေဗိမာန် တို့ကို စုပေါင်းပြီး ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန လက်အောက်ခံ ဌာနခွဲတစ်ခု ဖြစ်လာခဲ့သည်။