နရသူ အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် နရသူ (သံတူကြောင်းကွဲ) ကို ကြည့်ပါ။

နရသူ (မောပါမင်း)သည် ငါးစီးရှင်ကျော်စွာ၏ သားတော်ငယ် ဖြစ်သည်။ သီဟသူရမင်း ဟုလည်း အချို့ကျမ်းများတွင် တွေ့ရတတ်သည်။ နရသူသည် (ခရစ်နှစ်-၁၃၆၄)(ကောဇာ-၇၂၆)တွင် နန်းတက်သည်။ ၎င်းလက်ထက်တွင် စစ်ကိုင်းတွင်စိုးစံနေသော မင်းပြောက်အား မင်းမျိုးမင်းရိုးမမှန်သူဟု စွပ်စွဲကာ မသင့်မမြတ်ဖြစ်ကြသည်။ ထို့ကြောင့် နရသူက မောရှမ်းအကြီးအကဲ သိုချည်ဘွားအား စစ်ကိုင်းကို လာရောက်တိုက်ခိုက်ရန် ဖိတ်ခေါ်သည်။ သိုချည်ဘွားလည်း နရသူဖိတ်ခေါ်သည့် အတိုင်း စစ်ကိုင်းကို စစ်ချီ၍ တိုက်လျှင် မင်းပြောက်နှင့် တကွတစ်မြို့လုံး ကြခတ်ဝရာ ဘက်သို့ ထွက်ပြေးကြသည်။ တစ်ဖန် သိုချည်ဘွားသည် စစ်တိုက်ရာ မကူကောင်း လောဟု အမျက်ထွက်၍ ပင်းယကိုကူး၍ တိုက်ကာ နရသူကိုပါ ဖမ်းယူသွားလေသည်။ ထို့ကြောင့် မောပါ နရသူဟု တွင်သည်။[၁]

မောပါ နရသူ
ပင်းယဘုရင်
နန်းသက်၁၉ မတ် ၁၃၅၉ – မေ ၁၃၆၄
နန်းတက်ချိန်၇ ဇူလိုင် ၁၃၆၀
ရှေ့မင်းဆက်ကျော်စွာ
ဆက်ခံသူဥဇနာပြောင်
မွေးဖွားc. ဖေဖော်ဝါရီ ၁၃၃၃
မြန်မာသက္ကရာဇ် ၆၉၄၊ တပို့တွဲလ၊ တနင်္လာ
ပင်လယ်မြို့
ကွယ်လွန်၁၃၆၄?
Mong Mao?
ကြင်ရာတော်စောဥမ္မာ
ရှင်စောကြီး
နန်းမမယ်
စောလတ်
စံအိမ်မြင်စိုင်း
ခမည်းတော်ကျော်စွာ
မယ်တော်အတုလ စန္ဒာဒေဝီ
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

ကိုးကား ပြင်ဆင်ရန်

  1. ဦးဖေမောင်တင်မြန်မာစာပေသမိုင်း
နရသူ (မောပါမင်း)
မွေးဖွား c. ၁၃၃၃ ကွယ်လွန် ၁၃၆၄?
Regnal titles
ယခင်က
လေးစီးရှင် ကျော်စွာ
ပင်းယဘုရင်
၁၉ မတ် ၁၃၅၉ – မေ ၁၃၆၄
ဆက်ခံသူ
ဥဇနာပြောင်