လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ

နိုင်ငံရေပါတီ

လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (အင်္ဂလိပ်: Lisu National Development Party; အတိုကောက် LNDP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။ ၂၀၁၃ ဩဂုတ်တွင် ပါတီတည်ထောင်ခွင့် မှတ်ပုံတင်ခဲ့ပြီး ဒီဇင်ဘာ၌ ပါတီတည်ထောင်ခွင့်ပြုခဲ့သည်။ ပါတီဝင်အရေအတွက် ၅၀,၀၀၀ ခန့် ရှိပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်ရှမ်းပြည်နယ်မန္တလေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့ရှိ မဲဆန္ဒနယ်များမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ပါတီ၏မူဝါဒမှာ တိုင်းရင်းသားများ အပါအဝင် နိုင်ငံသားများ၏ ရပိုင်ခွင့်များ၊ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အခြားနိုင်ငံရေးပါတီတို့ နှင့် ပူးပေါင်း ဆောင်ရွက်သွားရန် ဖြစ်သည်။[၁]

လီဆူအမျိုးသားဖွံ့ဖြိုးရေးပါတီ
အင်္ဂလိပ် အမည်Lisu National Development Party
နာယကဦးအားခီဒါဝူ
တည်ထောင်ခြင်း၁၇ ဒီဇင်ဘာ ၂၀၁၃ (၂၀၁၃-၁၂-၁၇)
ဌာနချုပ်မြစ်ကြီးနားမြို့ကချင်ပြည်နယ်
အဖွဲ့ဝင်၅၀,၀၀၀[၁]
နိုင်ငံရေး သဘောတရားလီဆူးလူမျိုး အခွင့်အရေး
အရောင်အနီ
အမျိုးသားလွှတ်တော် အမတ်နေရာ
၀ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၂ / ၄၄၀
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ
၂ / ၈၆၀
တိုင်းရေးသားရေးရာဝန်ကြီး
၁ / ၂၉
ပါတီအလံ
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)။ 22 October 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၇ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။