မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Melodic death metal (melodeath (သို့) MDM) သည် heavy metal ဂီတ၏ မျိုးခွဲတစ်မျိုးဖြစ်ပြီး New Wave of British Heavy Metal ၏ အစိတ်အပိုင်းများနှင့် death metal ကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ဤပုံသည် ဆွီဒင်မှ စတင်ကာ ဖွံ့ဖြိုးပြီး (တီထွင်ခဲ့သူများမှာ At the Gates, Dark Tranquillity နှင့် In Flames) ယူနိုက်တက်ကင်းဒမ်းတွင် (တီထွင်သူ Carcass) ၁၉၉၀ အစောပိုင်းနှင့် အလယ်တွင် ဖွံ့ဖြိုးခဲ့သည်။ ဆွီဒင် death metal သည် သိပ်ပြီး မကျော်ကြားခဲ့ပေ။

ဂီတဆိုင်ရာ ဝိသေသလက္ခဏာများ ပြင်ဆင်ရန်

melodic death metal သည် New Wave of British Heavy Metal ပေါင်းစပ်ပါဝင်သည်။ အထူးသဖြင့် မြန်သော riffing နှင့် harmonic guitar line များ ပါဝင်သည်။ သို့သော် death metal ၏ ဝိသေသလက္ခဏာများလည်း ပါဝင်သည်။ ကြီးမားလေးလံသော distorted guitar များနှင့် မြန်သော double-bass patternများနှင့် တစ်ခါတစ်ရံ blast beat များ ပါဝင်သည်။ အခြားအမျိုးအစားများဖြစ်သော black metal နှင့် thrash metal မှ အစိတ်အပိုင်းများကိုလည်း အသုံးပြုထားသည်။ အဆိုပုံစံမှာ ခက်ခဲကြမ်းတမ်းသော စူးရှသံများဖြင့် သီဆိုပြီး death growls ကိုလည်း အသုံးပြုထားသည်။

မူလအစ ပြင်ဆင်ရန်

Melodic death metal ၏ မူလအစနှင့် ကျော်ကြားမူမှာ At the Gates, In the Flames နှင့် Dark Tranquillity တို့နှင့် ဆက်စပ်နေသည်။ သူတို့သည် ၁၉၉၀ အစောပိုင်းတွင် ဂီတများဖြန့်ချိခြင်း အမျိုးအစားကို အဓိပ္ပာယ်သတ်မှတ်သည်။ Gothenburg metal အဖြစ်အပျက်အတွက် အုတ်မြစ်ချခဲ့သည်။ စာရေးဆရာ Gary Sharp-Young သည် Gothenburg ဖြစ်ရပ်သည် death metal ကိုစီးပွားရေးအရ ပြန်လည်ဆယ်ယူခြင်းဟု ယူဆခဲ့သည်။ အခြားတီထွင်သူမှာ ဗြိတိန်တီးဝိုင်း Carcass ဖြစ်ပြီး grindcore ပုံစံဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။ Necroticism- Descanting the Insalubrious (၁၉၉၁) နှင့် Heartwork (၁၉၉၃)တွင် melodic ပုံကို တိုးမြှင့်ခဲ့သည်။

၁၉၉၀နောက်ပိုင်းနှင့် အခြားအမျိုးအစားများလွှမ်းမိုးခြင်း ပြင်ဆင်ရန်

၁၉၉၀နောက်ပိုင်းကတည်းက melodic death metalတီးဝိုင်းများသည် melodic choruses နှင့် riff များကို ပေါင်းထည့်ခဲ့သည်။ keyboard များကို အခြား death metal တီးဝိုင်းများထက် သိသာစွာအသုံးပြုခဲ့သည်။ death metal နှင့်မတူဘဲ သေခြင်းတရား၊ အကြမ်းဖက်မှု၊ သွေးထွက်သံယိုဖြစ်ခြင်း၊ ထိတ်လန့်ချောက်ချားခြင်းများကို အာရုံမစိုက်ထားပေ။ modern metalcore သည် သုံးလေးမျိုး ခွဲထွက်လာခဲ့သည်။ melodic metalcore သည် ၂၀၀၀ ခုနှစ်တွင် အရေးပါလာခဲ့သည်။ အထူးသဖြင့် အမေရိကန်တွင် ဖြစ်သည်။ Allmusic မှ Stewart Mason သည် ဆွီဒင် death metal သည် post-hardcore aggression နှင့် ကျွမ်းကျင်သော guitar line များနှင့် melodicနှင့်အတူ black metal၏ လည်ချောင်းသံများကို ပေါင်းစပ်ခဲ့သည်။ Stewart Mason အခိုင်အမာဆိုခဲ့သည်မှာ ဤပုံစံသည် အမေရိကန်တွင် အလွန်ကျော်ကြားခဲ့သည်။ Nordic တီးဝိုင်းများသည် Scandinavion – style metal ကို ဖော်ပြရန် Swedecore ဟုသော ဝေါဟာရကို အသုံးပြုခဲ့သည်။