အနန္တရပစ္စည်း
[၁] အခြားမရှိသည်၏အဖြစ်ဖြင့် ကျေးဇူးပြု တတ်သောတရား၊ ပဋ္ဌာန်း ၂၄-ပစ္စည်းတွင် တစ်ပါး၊ အနန္တရပစ္စယော။ [၂][၃]
အနန္တရ
ပြင်ဆင်ရန်(န+အန္တရ) န-မရှိ၊ အန္တရ-အကြား
ရှေ့စိတ်နောက်စိတ် အလယ်အကြားရှိ တရား(စိတ်)တခုကို အန္တရဟု ခေါ်သည်။ အကြား၌ စိတ်တခုမှ မရှိခြင်းကို အနန္တရဟု ဆိုသည်။ ရှေးရှေးစိတ်သည် မိမိချုပ်ပျောက်ပြီးနောက် နောက်စိတ်ပေါ်လာစေနိုင်သော သတ္တိအစွမ်းရှိ၏။ ထိုသို့ ဖြစ်စေရာ၌လည်း မည့်သည့်စိတ်မဆို ဖြစ်ရင်ပြီးရောမျိုး မဟုတ်ပဲ စိတ္တနိယာမအတိုင်း စက္ခုဝိညာဏ်က သမ္ပဋိစ္ဆိုန်း, သမ္ပဋိစ္ဆိုန်းပြီးက သန္တီရဏပေါ်လာအောင် ရှေးရှေးစိတ်က နောက်နောက်စိတ်ပေါ်လာအောင် ကျေးဇူးပြုကြသည်။ ထိုသို့ဖြစ်ခြင်းသည် ရှေ့စိတ်အစွမ်းကြောင့်သာ ဖြစ်၍ ရှေ့စိတ်ကိုသာ အနန္တရ သတ္တိဟု ဆို၏။
သမနန္တရ
ပြင်ဆင်ရန်(သံ-အနန္တရ) သံ-အလွန်ကိုယ်မှ၊ အနန္တရ-အကြားမရှိ
ရုပ်တရား၌ ကလာပ်တစ်ခုနှင့် တစ်ခုအကြား အာကာသအကြား ရှိ၏။ နာမ်တရား၌ကား စကားအရ ရှေ့စိတ်နောက်စိတ် နှစ်မျိုးခွဲပြောရသော်လည်း ရှေ့စိတ်၏ဘင်ကာလနှင့် နောက်စိတ်၏ ဥပါဒ်ကာလအကြား အပြတ်အကြားကာလ မရှိသဖြင့် တစိတ်တည်းလိုပင် ထင်ရလေသည်။ ထိုသို့ တစိတ်တည်းဟု ထင်မှတ်ရလောက်အောင် အကြားမရှိပဲ ဖြစ်စေနိုင်စွမ်းသတ္တိကို သမနန္တရဟု ဆိုသည်။
အနန္တရနှင့် သမနန္တရသည် အကြောင်းတရား အကျိုးတရား ကောက်ပုံယူဆပုံ လုံးဝတူသော်လည်း တရားနာသူများ ပိုမိုနားလည်စေရန် ထပ်၍ ဟောပြခြင်း ဖြစ်သည်။ (အဋ္ဌကထာ)
အရှင်ရေဝတဆရာအလိုအားဖြင့် ပရမတ်တစ်ပါး မခြားခြင်းသည် အနန္တရ၊ ကာလမခြားခြင်းသည် သမနန္တရဟု ဆိုသည်။ ဥပမာ-စက္ခုဝိညာဏ်၏ ဘင်နှင့် သမ္ပဋိစ္ဆိုန်း၏ ဥပါဒ်အကြား ပရမတ်မခြားပဲ စက္ခုဝိညာဏ်က သမ္ပဋိစ္ဆိုန်းပေါ်လာအောင် ကျေးဇူးပြုခြင်းသည် အနန္တရသတ္တိ အစွမ်းဖြစ်သည်။
စက္ခုဝိညာဏ်၏ ဘင်ခဏပြီးလျှင် ကာလမခြားပဲ သမ္ပဋိစ္ဆိုန်းပေါ်လာအောင် ကျေးဇူးပြုခြင်းသည် သမနန္တရသတ္တိ အစွမ်းဖြစ်သည်။
ဥပမာများ
ပြင်ဆင်ရန်အနန္တရသည် စကြာမင်းနတ်ရွာစံခြင်းနှင့်တူ၏။ သမနန္တရသည် စကြာမင်းတောထွက်ခြင်းနှင့်တူ၏။ စကြာမင်းမရှိခြင်းသည် သားကြီးမင်းဖြစ်ဖို့ အကြောင်းဖြစ်သည်။ ထို့အတူ ရှေ့စိတ် မရှိတော့ခြင်းသည် နောက်စိတ် ပေါ်လာခြင်း၏ အကြောင်းဖြစ်သည်။ စကြာမင်းသည် တောထွက်၍ မရှိခြင်းလည်း ဖြစ်နိုင်သည်။
နတ်ရွာစံ၍ မရှိခြင်းလည်းဖြစ်နိုင်သည်။ ဘာကြောင့်ပဲ စကြာမင်းမရှိရှိ, သားကြီးသည် မင်းဖြစ်ရတော့သည်။ သို့သော် နတ်ရွာစံခြင်းကြောင့် သားကြီးမင်းဖြစ်ရခြင်းက ပို၍ လေးနက်၍ ရှေးဆရာတို့က အနန္တရသည် စကြာမင်း တောထွက်ခြင်းနှင့်တူ၍၊ သမနန္တရသည် စကြာမင်းနတ်ရွာစံခြင်းနှင့်တူ၏ဟု ရှေးဆရာတို့ ဥပမာ ပြောင်းပြန် ဆိုကြ၏။
ပစ္စည်း | ပစ္စယုပ္ပန် | ပစ္စနိက် |
ရဟန္တာတို့၏ စုတိကြဉ်သော
ရှေးရှေးစိတ် ၈၉၊စေ ၅၂ |
ရဟန္တာတို့၏ စုတိနှင့်တကွ
နောက်နောက်စိတ် ၈၉၊စေ ၅၂ |
ရုပ်တရားအားလုံး |
ပစ္စည်း ပစ္စယုပ္ပန် ဖြစ်ပုံ
ပြင်ဆင်ရန်ဝီထိဖြစ်စဉ် ကြည့်ပြီး ရှေ့စိတ်သည် ပစ္စည်း၊ နောက်စိတ်သည် ပစ္စယုပ္ပန် စသည်ဖြင့် ခွဲပါ။ ပဉ္စဒွါရာဝဇ္ဇန်းနှင့် ယှဉ်ဘက်စေတသိက်သည် ပစ္စည်း, စက္ခုဝိညာဏ်နှင့် ယှဉ်ဘက်စေတသိက်သည် ပစ္စယုပ္ပန်။ ပထမတဒါရုံသည် ပစ္စည်း, ဒုတိယတဒါရုံသည် ပစ္စယုပ္ပန်၊ ဒုတိယတဒါရုံသည် ပစ္စည်း, ပထမဘဝင် သည် ပစ္စယုပ္ပန်။ ပထမဘဝင်သည် ပစ္စည်း, ဒုတိယဘဝင်သည် ပစ္စယုပ္ပန်။ နိရောဓသမာပတ်အခါ သမာပတ်မဝင်စားမှီ နေဝသညာနာသညာယတန ကုသိုလ်/ကြိယာဇောသည် ပစ္စည်း, သမာပတ်မှ ထသော အခါ အနာဂါမိဖိုလ်ဇော / အရဟတ္ထဖိုလ်ဇောသည် ပစ္စယုပ္ပန်၊ ရှေ့ဘဝ စုတိစိတ္တုပ္ပါဒ်သည် ပစ္စည်း, ဤဘဝ ပဋိသန္ဓေစိတ်သည် ပစ္စယုပ္ပန်၊ အသညသတ်ဘုံသို့ မရောက်မှီ ကာမဘုံ၌ စုတိသည် ပစ္စည်း, အသညသတ်ဘုံမှ စုတေ၍ တဖန် ကာမဘုံ၌ ဖြစ်ပေါ်သော ပဋိသန္ဓေစိတ်သည် ပစ္စယုပ္ပန် ဟု သိပါ။
ပစ္စည်းတရား၌ ရဟန္တာတို့ စုတိစိတ် မပါဝင်ရခြင်းအကြောင်း
ပြင်ဆင်ရန်ဘဝကိုဖြစ်သော တဏှာမရှိတော့၍ စုတိပြီးနောက် ပဋိသန္ဓေစိတ် ဖြစ်ပေါ်စေနိုင်သော အနန္တရသတ္တိ မရှိသဖြင့် မပါဝင်တော့ပေ။
အနန္တရ / သမနန္တရ ပစ္စည်းတွင် သုံးသော ဝုဋ္ဌောအဓိပ္ပါယ်
ပြင်ဆင်ရန်သင်္ဂြိုဟ်ဝီထိပိုင်းတွင် မနောဒွါရာဝဇ္ဇန်းကို ဝုဋ္ဌောဟုခေါ်သည်။ ဤနေရာတွင် တဒါရုံ, ဘဝင်, ပဉ္စဝိညာဏ်, စုတိ ၄-မျိုးကို ဝုဋ္ဌောဟု ခေါ်သည်။
ကာမစုတိနှစ်ခုအကြား ကမ္ဘာငါးရာ ခြားသော်လည်း အနန္တရပင်
ပြင်ဆင်ရန်ဇဇဇဇဇ စုတိ၊ (အသညသတ်သက်တမ်း ကမ္ဘာငါးရာ)၊ ပဋိသန္ဓေစိတ် ဘဝင် ဘဝင်
ဝဝဝ အကြောင်းဝိပါက် ဝဝဝ အကျိုးဝိပါက်
ကာမစုတိ၏ အသညသတ်ဘဝခြားပြီးမှ ကာမပဋိသန္ဓေအား ကျေးဇူးပြုပုံမှာ ပါဠိတော် သီးခြားမရှိ၊ “ပုရိမာပုရိမာ ဝိပါကာဗျာကတာ ကြိယာဗျာကတာခန္ဓာ ပစ္ဆိမာနံ ပစ္ဆိမာနံ ခန္ဓာနံ ဝိပါကာဗျာကာနံ ကြိယာဗျာကတာနံ ခန္ဓာနံ အနန္တရပစ္စယေန ပစ္စယော”ဟူသော ပါဠိတော်၌ပင် ပါဝင်ပါသည်။
နိယာမ
ပြင်ဆင်ရန်ပြုလုပ်ဖန်ဆင်းမှုတို့နှင့် မဆက်စပ်ပဲ ဓာတ်သဘာဝအလျောက် အမှန်အမြဲ မလွှဲမပြောင်း သူ့အကြောင်းသူ့အကျိုး သူ့အနွယ်နှင့် သူ့အမျိုး အရိုးမပျက် အစဉ်မပျက် အဆက်ဆက် ဖြစ်ပွားနေမှုကို နိယာမတရားဟု ဆိုသည်။ [၄]
နိယာမ ၅-မျိုး
ပြင်ဆင်ရန်၁။ ဗီဇနိယာမ-မျိုးစေ့အစွမ်းဖြင့် မဖောက်ပြန်ပဲ အစဉ်အမြဲဖြစ်ခြင်း
ပုံစံ-ကုလားပဲပင်သည် မြောက်ဘက်သို့ အဖျားလှည့်ခြင်း၊ နေကြာပန်းသည် နေရှိရာမျက်နှာမူခြင်း၊ နွယ်ပင်သည် သစ်ပင်ရှိရာဘက်သို့ ရှေးရှုခြင်း၊ အုန်းသီးထိပ်၌ အပေါက်ပါခြင်း၊
၂။ ဥတုနိယာမ-ဥတုအစွမ်းဖြင့် မဖောက်ပြန်ပဲ အစဉ်အမြဲဖြစ်ခြင်း
ပုံစံ-သူ့အခါကာလနှင့် သူ့သစ်ပင်မျိုးတို့မှ သီးမှုပွင့်မှု
၃။ ကမ္မနိယာမ-ကံအစွမ်းဖြင့် မဖောက်ပြန်ပဲ အစဉ်အမြဲဖြစ်ခြင်း
ပုံစံ-ရွာမီးလောင်စဉ် မီးစွဲနေသော မြက်ကရွတ်ခွေသည် ပျံတက်လာပြီး ကောင်းကင်တွင်ပျံလာသော ကျီးကန်းလည်ပင်းကို စွပ်မိကာ ကျီးကန်း မြေသို့ကျ၍ သေရလေသည်။ ကျီးသည် ရှေးရှေးဘဝ လယ်သမားဖြစ်စဉ် နွားကြမ်းကို မဆုံးမနိုင်၍ လည်မှာ ကောက်ရိုးပတ်ကာ မီးရှို့လွှတ်လိုက်၍ နွားသေအောင် ပြုမိတဲ့ကံကြောင့် ဖြစ်ရသည်။
၄။ ဓမ္မနိယာမ-သဘာဝအစွမ်းဖြင့် မဖောက်ပြန်ပဲ အစဉ်အမြဲဖြစ်ခြင်း ပုံစံ-ဘုရားလောင်း သန္ဓေယူသောအခါ, ဘုရားဖြစ်တော်မူသောအခါ, ဓမ္မစကြာဟောတော်မူသောအခါ, စသည်တို့၌ လောကဓာတ်တစ်သောင်းတို့ တပြိုင်နက် တုန်လှုပ်ခြင်း
၅။ စိတ္တနိယာမ-စိတ်အစွမ်းဖြင့် မဖောက်ပြန်ပဲ အစဉ်အမြဲဖြစ်ခြင်း
ပုံစံ-အဆင်း, အသံစသည့် အာရုံတို့သည် မျက်စိ, နား စသည့် ပသာဒတို့၌ တိုက်သော် စီမံဖန် တီးသူမရှိပဲ ပဉ္စဒွါရာဝဇ္ဇန်း စက္ခုဝိညာဏ် သမ္ပဋိစ္ဆိုန်းစသည်ဖြင့် စိတ်အစဉ်ဖြစ်ခြင်း [၅][၆]
ကိုးကား
ပြင်ဆင်ရန်- ↑ အနန္တရပစ္စယ (ပု) [အနန္တရ + ပစ္စယ] အနန္တရပစ္စည်း၊
- ↑ ပဋ္ဌာန၊၁၊၁။ အနန္တရဘာဝေန ဥပကာရကော ဓမ္မော အနန္တရပစ္စယော။ အဘိ၊ဋ္ဌ၊၃၊၃၄၆။
- ↑ တိပိဋကအဘိဓာန် အတွဲ-၁
- ↑ (လယ်တီ နိယာမဒီပနီ/ ဒီပနီပေါင်းချုပ် ပတွဲ နှာ ၄၉၈)
- ↑ (အဋ္ဌသာလိနီ၊ လယ်တီဒီပနီပေါင်းချုပ် ပတွဲနှာ ၅၀၃-၅၀၆)
- ↑ ဆရာတော် ဦးဂရုဓမ္မ။ ကုသလကာရီ ပဋ္ဌာန်းပဉှာဝါရ ပို့ချချက်။