အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဆိုင်ရာဝန်ကြီးဌာန၂ခုအနက်မှ တစ်ခုဖြစ်သည်။၂၀၁၇ခုနှစ်အတွင်းက နိုင်ငံခြားရေးဝန်ကြီးဌာနမှ ခွဲထုတ်၍ ဖွဲ့စည်းထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံအစိုးရအဖွဲ့အစည်း | |
---|---|
ပြည်ထောင်စုဝန်ကြီး | |
ဝန်ကြီးဌာန အကျဉ်းချုပ် | |
ဖွဲ့စည်းသည့်အချိန် | နိုဝင်ဘာ ၂၄၊ ၂၀၁၇ |
ယခင်အဖွဲ့အစည်း | အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန |
အဖွဲ့အစည်းအမျိုးအစား | ဝန်ကြီးဌာန |
ဌာနချုပ် | ရုံးအမှတ် ၉၊နိုင်ငံခြားရေးဝန်ကြီးဌာန၊နေပြည်တော် |
ဝန်ကြီးများ | လစ်လပ် |
ရည်ရွယ်ချက်
ပြင်ဆင်ရန်မြန်မာနိုင်ငံသည် နိုင်ငံတကာရေးရာများတွင်တက်ကြွစွာပါဝင်နေသည့်အားလျော်စွာ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်အတူ ဆောင်ရွက်ရန် ဖွဲ့စည်းခြင်းဖြစ်သည်။ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တာဝန်ပါ ယူထားရ၍ ၎င်းကိုယ်စား အချို့သော နိုင်ငံတကာ အစည်းအဝေးများ တက်ရောက်ရန်လည်း ရည်ရွယ်သည်။[၁] ထို့အပြင် နိုင်ငံခြားရေးသာမက စီးပွားရေး အမြင်ဖြင့်ပါ ဆောင်ရွက်ရန် ဖြစ်သည်။[၂]
ဖွဲ့စည်းပုံ
ပြင်ဆင်ရန်ဝန်ကြီးဌာနကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန မှဝန်ထမ်းများဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန ၌ပင် ဖွဲ့စည်းထားသည်။
ဝန်ကြီးများ
ပြင်ဆင်ရန်№ | ပုံ | အမည် (မွေးဖွား-ကွယ်လွန်) |
ရာထူးသက်တမ်း | နိုင်ငံရေးပါတီ | နိုင်ငံတော်သမ္မတ | ဒုတိယဝန်ကြီး | ||
---|---|---|---|---|---|---|---|---|
တာဝန်စတင် | တာဝန်ပြီးဆုံး | ရက်ပေါင်း | ||||||
၁ | ဦးကျော်တင် | ၂၄ နိုဝင်ဘာ ၂၀၁၇ | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၁၁၆၅
|
ဦးဟောက်ဒိုဆွမ်း | |||
ယခင် နိုင်ငံခြားရေးဒုဝန်ကြီး | ||||||||
၂ | ဦးကိုကိုလှိုင် | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၃ ဩဂုတ် ၂၀၂၃ | ၉၁၃
|
ဦးမြင့်ဆွေ (ယာယီ) | — | ||
အာဏာသိမ်းစစ်ကောင်စီမှ ခန့်အပ်သောဝန်ကြီး |
ဒုဝန်ကြီးများ
ပြင်ဆင်ရန်- ဦးဟောက်ဒိုဆွမ်း (၁.၁၂.၂၀၂၀ - ၁.၂.၂၀၂၁)
ကိုးကား
ပြင်ဆင်ရန်- ↑ Daw Aung San Suu Kyi to Skip Washington Summit of SE Asia Foreign Ministers။ 11 July 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 July 2021 တွင် ပြန်စစ်ပြီး။
- ↑ "ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့ကို တိုးချဲ့ဖွဲ့စည်းမည်" (in Burmese)။