ဦးကိုကိုလှိုင် [၁][၂]သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။[၃] ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး အဖြစ်လည်းကောင်း[၄] အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းသည် ထိုတာဝန်များမထမ်းဆောင်ခင် တပ်မတော်မှ သုတေသနပညာရှင်နှင့် စာရေးဆရာဖြစ်သည်။ဦးသိန်းစိန်အစိုးရ၏ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်လည်းဖြစ်သည်။[၅]

ကိုကိုလှိုင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၈ ဇန်နဝါရီ ၂၀၂၄
ယခင်လူရာထူးစတင်
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး
တာဝန်သက်တမ်း
၃ ဩဂုတ် ၂၀၂၃ – ၈ ဇန်နဝါရီ ၂၀၂၄
ယခင်လူဦးချစ်နိုင်
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး
တာဝန်သက်တမ်း
၂ ဖေဖော်ဝါရီ ၂၀၂၁ – ၃ ဩဂုတ် ၂၀၂၃
ယခင်လူဦးကျော်တင်
နိုင်ငံတော်သမ္မတရုံး နိုင်ငံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်
တာဝန်သက်တမ်း
၁၉ ဧပြီ ၂၀၁၁ – ၃၁ မတ် ၂၀၁၆
ယခင်လူရာထူးစတင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၅၆&#၁၆၀;(၁၉၅၆) (အသက် ၆၈)
မြင်းမူမြို့စစ်ကိုင်းတိုင်းဒေသကြီး
လူမျိုးမြန်မာ
မိခင်ကျောင်းစစ်တက္ကသိုလ်
အလုပ်အကိုင်သုတေသနပညာရှင်နှင့် စာရေးဆရာ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
ရာထူးဗိုလ်မှူးကြီး

ငယ်ဘဝ ပြင်ဆင်ရန်

၁၉၇၆ခုနှစ်တွင် စစ်တက္ကသိုလ်မှ ကျောင်းဆင်းခဲ့ပြီး တပ်မတော်သို့ ပြန်တမ်းဝင်အရာရှိအဖြစ် ဝင်ရောက်ခဲ့သည်။[၂][၂][၆]၁၉၉၁ခုနှစ်မှ ၂၀၀၄ခုနစ်အထိ စစ်ရုံး၏ ပထမအဆင့် သုတေသနပညာရှင်အဖြစ် ဆောင်ရွက်ခဲ့သည်။[၂]၂၀၀၄ခုနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာန၏ စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနတွင် ရာထူးတိုးမြှင့်ခံခဲ့ရသည်။[၂]သူသည် မြန်မာစာပေနှင့် စာနယ်ဇင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်ခဲ့သည်။

ဝန်ကြီးဖြစ်လာပုံ ပြင်ဆင်ရန်

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ကစပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၎င်းကို အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခဲ့သည်။ ဝန်ကြီး ဖြစ်လာသည့် [၇] ဦးကိုကိုလှိုင်သည် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားရင်ဆိုင်မှုကို ဦးဆောင်မည့် တရားရင်ဆိုင်ခြင်းဆိုင်ရာ ဦးဆောင်ကော်မတီ ၏ ဒုတိယဥက္ကဋ္ဌ တာဝန်ပါ [၈] ပေးအပ်ခံရသည်။

ယင်းနောက် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများကျူးလွန်ခဲ့သည်ဆိုသော စွဲချက်နှင့်  ပတ်သက်ပြီး နယ်သာလန်နိုင်ငံသည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၏ ၂၀၂၂ခုနှစ်ဖေဖော်ဝါရီ ၂၁ရက်ကြားနာပွဲတွင်  မြန်မာဘက်မှနေ၍ လျှောက်လဲတင်ပြခဲ့သည့် မြန်မာကိုယ်စားလှယ်အသစ်ဖြစ်လာခဲ့သည်။[၉]

ထို့အပြင် ၂၀၂၂ခုနှစ် မေလ ၆ရက်က ကမ္ဘာဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌  ကျင်းပခဲ့သော မြန်မာနိုင်ငံသို့ အာဆီယံ၏ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေးဆိုင်ရာ အစည်းအဝေး (Consultative Meeting on ASEAN Humanitarian Assistance to Myanmar) သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကိုယ်စားပြုသည့် ပြည်ထောင်စုအဆင့်ဝန်ကြီးတစ်ဦးအနေဖြင့် တက်ရောက်ခဲ့သည်။ [၁၀]

၎င်းသည်  မြန်မာပြည်တွင်းရှိ ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာအန်ဂျီအိုများအား ကြီးကြပ်ရသည့် အလုပ်ကော်မတီတွင် ဥက္ကဋ္ဌတာဝန်ကိုပါ ယူထားရကာ လူသားချင်းစာနာမှု နိုင်ငံတကာအကူအညီများအား ကိုင်တွယ်ရသူ ဖြစ်သည်။ [၁၁] သူသည် ၂၀၂၃ ဩဂုတ် ၃ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဖြစ်လာခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. "သမ္မတ အကြံပေးအဖွဲ့ ပညာရှင်နှင့် လူပုဂ္ဂိုလ် ကိုးဦးဖြင့် ဖွဲ့စည်း" (in Burmese)၊ The Voice Weekly၊ 26 April 2011။ [လင့်ခ်သေ]
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ "ကိုကိုလှိုင် ကိုယ်ရေးအကျဉ်း" (in Burmese)၊ Free Burma။ Archived from the original on 18 February 2013။ 
  3. ORDER NO. 3 /2024: APPOINTMENT OF UNION MINISTERSmitv (8 January 2024)။ 8 January 2024 တွင် ပြန်စစ်ပြီး။
  4. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၆၁ / ၂၀၂၃ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၂ ရက် (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်) ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်းMOI Myanmar (၃ ဩဂုတ်၂၀၂၃)။ ၃ ဩဂုတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. Advisory BoardAlternative Asean Network on Burma (27 August 2012)။ 5 December 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  6. Allchin၊ Joseph။ "Presidential ‘advisors’ raise eyebrows"၊ Democratic Voice of Burma၊ 28 April 2011။ Archived from the original on 7 November 2012။ 
  7. ပြည်ထောင်စု ဝန်ကြီး ၁၁ ဦး အသစ်ခန့်အပ်ဧရာဝတီ (၁ ဖေဖော်ဝါရီ ၂၀၂၁)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. စစ်ကောင်စီက ICJ ၌ တရားရင်ဆိုင်မည့် ဦးဆောင်ကော်မတီ ဖွဲ့စည်းဧရာဝတီ (၂၄ ဇွန် ၂၀၂၁)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. “ICJ အမှု ဥပဒေကြောင်းအပြင် နိုင်ငံရေးစွပ်စွဲချက်များ ထည့်သွင်း” - ဦးကိုကိုလှိုင်VOA (၂၆ ဖေဖော်ဝါရီ ၂၀၂၂)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  10. မြန်မာလူသားချင်းစာနာမှုအကူအညီ အာဆီယံညှိနှိုင်းဆွေးနွေးပွဲ မြန်မာစစ်ကောင်စီ တက်ရောက်မည်VOA (၅ မေ၂၀၂၂)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  11. ဦးကိုကိုလှိုင် ဘယ်သူလဲဧရာဝတီ (၃၀ ဧပြီ ၂၀၂၂)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။