အဗ္ဗဒူ ဂါနီ ဘရာဒါ
တာလီဘန်နိုင်ငံရေးခေါင်းဆောင်
မူလာ အဗ္ဗဒူ ဂါနီ ဘရာဒါ (Dari: عبدالغنی برادراخوند ၊ ၁၉၆၈ ဘွား) သည် အာဖဂန်လက်နက်ကိုင်အဖွဲ့ဝင်ဖြစ်ပြီး အာဖဂန်နစ္စတန်ရှိတာလီဘန်ကို စဖွဲ့သည့် ခေါင်းဆောင်သူတို့အနက် တဦးဖြစ်သည်။ [၁][၂] တာလီဘန်အဖွဲ့ခေါင်းဆောင် မိုဟာမက်အိုမာ၏ အောက်တွင် ဒုတိယခေါင်းဆောင်အဖြစ် တာဝန်ယူသည်။ အမည်ရင်းမှာ အဗ္ဗဒူဂါနီဖြစ်သော်လည်း အူမာက ဘရာဒါ (အဓိပ္ပာယ်၊ ညီလေး) ဟု ခေါ်တတ်သဖြင့် လက်အောက်ငယ်သားတို့က မူလာဘရာဒါ (အဓိပ္ပာယ်၊ ခေါင်းဆောင်လေး) ဟူ၍ လိုက်ခေါ်ကြသည်။ [၃] ၂၀၁၀ ပြည့်၊ ဖေဖော်ဝါရီလတွင် ပါကစ္စတန်၌ ရှောင်နေစဉ် ဘရာဒါကို အပြည်ပြည်ဆိုင်ရာထောက်လှမ်းရေးအဖွဲ့နှင့် ဗဟိုထောက်လှမ်းရေးအဖွဲ့တို့က ဖမ်းမိသည်။ [၄] ၂၀၁၈ ခု၊ အောက်တိုဘာလ ၂၄ ရက်တွင် အမေရိကန်တို့၏ မေတ္တာရပ်ခံချက်ကြောင့် ပြန်လွတ်လာသည်။ [၅] လွတ်သည်နှင့် အာဖဂန်တာလီဘန်လှုပ်ရှားမှုများတွင် ဩဇာကြီးသူ ပြန်ဖြစ်လာသည်။ [၆]
ကိုးကား
ပြင်ဆင်ရန်- ↑ "Why Does Pakistan's Release of a Key Taliban Leader Matter?". thediplomat.com. Retrieved 16 August 2021.
- ↑ "Profile: Mullah Abdul Ghani Beradar". BBC News. 17 February 2010. Archived from the original on 18 February 2010. Retrieved 19 August 2021.
- ↑ Green, Matthew (20 February 2010). "Man in the News: Mullah Abdul Ghani Baradar". Financial Times. Retrieved 17 August 2021.
- ↑ "Beradar, Abdul Ghani". Interpol. Archived from the original on 18 April 2012. Retrieved 16 February 2010.
- ↑ Mashal, Mujib; Shah, Taimoor (25 October 2018). "Taliban Deputy Is Released Amid Push for Afghan Peace Talks". The New York Times. Archived from the original on 28 October 2018. Retrieved 28 October 2018.
- ↑ "Who is Abdul Ghani Baradar, the man who led the Taliban takeover of Afghanistan?". The Times of Israel. 16 August 2021. Retrieved 18 August 2021.