အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ (စက်တင်ဘာ ၂၀၂၁) |
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (အတိုကောက် ရပခ)သည် တောင်ကြီးမြို့အခြေစိုက် တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သည်။ အဓိက တာဝန်မှာ ရှမ်းပြည်နယ်တောင်ပိုင်းနယ်မြေနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ် မျိုးမင်းထွန်း ဖြစ်သည်။
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် | |
---|---|
ရပခ | |
![]() အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တံဆိပ် | |
နိုင်ငံ | ![]() |
တပ်မတော် အမျိုးအစား | ![]() |
တပ် အမျိုးအစား | တိုင်းစစ်ဌာနချုပ် |
အခန်းကဏ္ဍ | နယ်မြေဒေသ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာကိစ္စရပ်များ စီမံပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း |
အမည်ပြောင် | နှစ်ဆယ့်လေးပစ္စည်း |
အုပ်ချုပ်သူများ | |
တိုင်းမှူး | ဗိုလ်ချုပ် |
အဆောင်အယောင်များ | |
အလံတော် | ![]() |
သမိုင်းပြင်ဆင်
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် အား ၁၉၆၁ ခုနှစ်၊ နှစ်ကုန်ပိုင်း၌ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ အမှတ် (၄) ခြေလျင်တပ်မဟာဌာနချုပ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အမှတ် (၉) ခြေလျင်တပ်မဟာဌာနချုပ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ အမှတ် (၆) ခြေလျင်တပ်မဟာဌာနချုပ်တို့ကို စုစည်းကာ တောင်ကြီးမြို့တွင် ဖွဲ့စည်းခဲ့သည်။
၁၉၇၀ ပြည့်လွန်နှစ်များတွင် အရှေ့မြောက်ပိုင်းဒေသ၌ ဗမာပြည်ကွန်မြူနစ်ပါတီမှ အပြင်းအထန်လှုပ်ရှားလာသဖြင့် ၁၉၇၀ ပြည့်နှစ်၊ ဇွန်လတွင် မဟာဗျူဟာကွပ်ကဲမှုဌာနချုပ်ကို လားရှိုးမြို့တွင် ဖွင့်လှစ်ခဲ့သည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ တပ်များ၊ တပ်မတော်စစ်ဆင်ရေးများကို မဟာဗျူဟာကွပ်ကဲမှုဌာနချုပ်မှ တိုက်ရိုက်ကွပ်ကဲခဲ့သည်။ အင်အားကြီးထွားလာသော ဗမာပြည်ကွန်မြူနစ်ပါတီ၏ လှုပ်ရှားမှုများကို ပိုမိုထိရောက်စွာရင်ဆိုင်နိုင်ရန်အလို့ငှာ ၁၉၇၂၊ ဇူလိုင်လတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) အား ရပခကွပ်ကဲမှုအောက်မှ ခွဲထုတ်၍ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို လားရှိုးမြို့တွင် အခြေပြုကာ ထပ်မံဖွဲ့စည်းခဲ့သည်။ တဖန် ၁၉၉၆ ခုနှစ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ်တွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလည်းကောင်း ရပခ ကွပ်ကဲမှုနယ်မြေအတွင်းမှ ခွဲထုတ်၍ သီးခြားစစ်တိုင်းများအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) ၏ ပထမဆုံးတိုင်းမှူးအဖြစ် ကြည်း-၃၅၆၉၊ ဗိုလ်မှူးချုပ်စန်းယုမှ ၁၉၆၁ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့မှ နိုဝင်ဘာလ ၁၃ ရက်နေ့ အထိ တာဝန်ယူခဲ့သည်။ ၁၉၆၁ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဗိုလ်မှူးချုပ်စန်းယုသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ပြောင်းရွှေ့သွားသဖြင့် ကြည်း ၃၅၈၅၊ ဗိုလ်မှူးကြီး မောင်ရွှေသည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ဒုတိယမြောက် တိုင်းမှူး ဖြစ်လာခဲ့သည်။
ဖွဲ့စည်းပုံပြင်ဆင်
လက်ရှိ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ကွပ်ကဲမှုအောက်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)၊ အခြေချစစ်ဗျူဟာများ၊ လှုပ်ရှားစစ်ဗျူဟာများနှင့် ခြေလျင်/ခြေမြန်တပ်ရင်း (၁၄) ရင်းရှိသည်။
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)ပြင်ဆင်
စစ်ဗျူဟာအဖွဲ့များပြင်ဆင်
ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
အခြေချစစ်ဗျူဟာများ၊ လှုပ်ရှားစစ်ဗျူဟာများနှင့် ၎င်းတို့ကွပ်ကဲမှုအောက် ခြေလျင်/ခြေမြန်တပ်ရင်း (၁၄) ရင်းရှိသည်။